ပရိသတ်​​တွေကို ချစ်သူများနေ့မှာ သီချင်းဆိုပြခဲ့တဲ့ ခေတ်တုတ်လေး

ပရိသတ်​​တွေကို ချစ်သူများနေ့မှာ သီချင်းဆိုပြခဲ့တဲ့ ခေတ်တုတ်လေး

အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ​မေ​မေချစ်​သု​ဝေက ဒီ​နေ့​ Valentine’s ​Day ​လေးမှာ ချစ်​စရာ​ကောင်းတဲ့ သမီး​လေး​ခေတ်​နဲ့အတူ Live လွှင့်​ခဲ့တာ ​တွေ့ရပါတယ်​။ မီး​တွေပျက်​​နေတဲ့ ချစ်​သူများ​နေ့​လေးမှာ​တော့ သမီး​လေး​ခေတ်​နဲ့ ​ပျော်​​နေတဲ့ ​မေ​မေချစ်​သု​ဝေရဲ့ live ဗီဒီယို​လေးက အရမ်းကို ချစ်​ဖို့​ကောင်း​နေတာပဲ ဖြစ်​ပါတယ်​။

ချစ်ပရိသတ်တွေအတွက် သမီး​လေး​ခေတ်​ကိုထိန်းရင်း အလုပ်​ရှုပ်​​နေတဲ့ ​မေ​မေချစ်​သု​ဝေရဲ့​Live ​ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေမေချစ်သုဝေကတော့ ပရိသတ်​ကိုသီချင်းဆိုပြဖို့ live လွှင့်​ခဲ့​ပေမယ့်​ သမီး​လေး​ခေတ်​ကိုထိန်း​နေရတာ​ကြောင့်​ မဆိုပြဖြစ်​​တော့ပဲ ​ခေတ်​​လေးကသာ ​မေ​မေရဲ့သီချင်း​တွေကို အားရပါးရသီဆိုပြခဲ့တာပါ။

ချစ်​စရာ​ကောင်းလွန်းတဲ့ ​မေ​မေချစ်​သု​ဝေနဲ့ ​ခေတ်​တုတ်​​လေးရဲ့ ဗီဒီယို

အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ ချစ်ပရိသတ်တွေလည်း စကား​ကောင်း​ကောင်း​ပြောပြီး ​မေ​မေချစ်​သု​ဝေရဲ့ သီချင်း​တွေပါ စည်းချက်​ညီညီဆိုပြခဲ့တဲ့ ​ခေတ်​​လေးကိုချစ်​ရင်​ share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.