ကစ်နဲ့သဘောတူနေကြတဲ့အပေါ် ဒေါင်းရဲ့တုံ့ပြန်မှု

ကစ်နဲ့သဘောတူနေကြတဲ့အပေါ် ဒေါင်းရဲ့တုံ့ပြန်မှု

ဒေါင်းနဲ့ကစ်နဲ့ကိုပရိသတ်တွေသဘောတူနေကြတာကတော့ လိပ်ပြာစံအိမ်ရုပ်ရှင်ကား ရုံမတင်ခင်ကတည်းကလို့ဆိုရမှာပါ။ ကစ်နဲ့ဒေါင်းနဲ့က ရုပ်ရှင်ရုံမတင်ခင်မှာအင်တာဗျူးတစ်ခုကိုအတူတူဖြေခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက်သဘောကျတဲ့အချက်လေးတွေတစ်ယောက်ပေါ်တစ်ယောက်အမြင်လေးတွေဖြေပေးခဲ့ကြပြီး ကစ်ရဲ့အမူအရာလေးတွေကိုဒေါင်းက မျက်ချည်အပြတ်မခံပဲ မျက်တောင်မခတ်စတမ်း အရိပ်တကြည့်ကြည့်လုပ်နေခဲ့တာကို ပရိသတ်တွေက သတိထားမိပြီးအဲဒီအချိန်ကတည်းက ကစ်နဲ့ဒေါင်းကိုသဘောတူနေခဲ့ကြတာပါ။ ကစ် ကတော့ ချစ်နေကြပြီဆိုတဲ့ ကောလဟလတွေအပေါ် ဘာမှမတုံ့ပြန်သေးပေမယ့် ဒေါင်းကတော့ မကြာသေးမီက မန္တလေးမှာပြုလုပ်ခဲ့တဲ့ လိပ်ပြာစံအိမ် Promo ပွဲမှာ ပရိသတ်တွေရဲ့မေးခွန်းတွေကိုတုံ့ပြန်လာခဲ့ပါတယ်။

ပရိသတ်တွေကို အင်တာဗျူးတဲ့အခါမှာ ပရိသတ်တော်တော်များများက “ဝတ်မှုန်ရွှေရည်ကိုချစ်လားလို့.. အခုပေါ့နော် ကောလဟလတွေထွက်နေကြတာ ဝတ်မှုန်ရွှေရည်နဲ့လေ အဲဒါသိချင်ပါတယ်လို့။ ဝတ်မှုန်ရွှေရည်နဲ့သဘောတူပါတယ်လို့”မေးထားခဲ့ကြပြီး ဒေါင်းက အဲဒီမေးခွန်းကို “အရာအားလုံးက သူတို့သဘောအတိုင်းပါပဲ။ ကျွန်တော်ဘာမှမပြောလိုပါဘူး။ သူတို့ရဲ့စိတ်ခံစားချက်အတိုင်းပဲ”လို့ စိတ်လှုပ်ရှားနေဟန်နဲ့ရယ်မောရင်းဖြေထားခဲ့ပါတယ်။

ဒါ့အပြင် ပရိသတ်တွေက ဒေါင်းက ချစ်သူကိုဘယ်လိုပုံစံမျိုးလိုချင်တာလဲဆိုတာနဲ့ ဒေါင်းက ချစ်သူရွေးရင်ဘာတွေထည့်သွင်းစဉ်းစားမှာလဲလို့မေးထားကြပြီး ဒေါင်းကတော့ အဲဒီမေးခွန်းကို “ကျွန်တော်က ကျွန်တော့်ပရိသတ်ကျွန်တော်ချစ်တဲ့သူတွှေအားလုံးကိုအရင်တွေးမှာပါ။ အရင်တွေးပြီးမှပဲအရာအားလုံးကိုကျွန်တော်ဆုံးဖြတ်မှာပါ”လို့ လူကြီးဆန်စွာချစ်ဖို့ကောင်းစွာဖြေထားတာတွေ့ရပါတယ်။

ဒေါင်းက အေးချမ်းတည်ငြိမ်တိတ်ဆိတ်စွာနေတတ်တဲ့ Type ပေမယ့်လည်း ပရိသတ်တွေကို ဂရုတစိုက်ရှိကြောင်းကို “ကျွန်တော် သူတို့ရဲ့ status တွေ သူတို့ရဲ့ စာသားတွေအားလုံးကိုကျွန်တော်ဖတ်ပါတယ်။ သူတို့ရဲ့စိတ်ခံစားချက်တွေကိုကျွန်တော်သိပါတယ်။ဒီနေ့မန္တလေးမှာလာတွေ့တာက ကျွန်တော့်ဘဝအတွက် ပထမဦးဆုံးအမှတ်တရပါပဲ”လို့ ပရိသတ်တွေကြည်နူးရအောင် ဖြေကြားပေးထားပါတယ်။

ဒေါင်းနဲ့ပရိသတ်တွေသဘောတူနေကြတဲ့ ကစ်ကတော့ သူမျှော်လင့်တဲ့ချစ်သူပုံစံကို “မိန်းကလေးတိုင်းကတော့ ရိုတာကြိုက်တာပဲလေ။ ကိုယ်လည်းအဲ့ထဲမှာပါတာပေါ့။ အဓိကကတော့ သစ္စာရှိပြီးတော့ ယောက်ျားပီသဖို့လိုတာပေါ့။ ဘယ်လိုမျိုးရုပ်ရှိမှ အဲ့လိုစံနှုန်းစံထားတော့မရှိပါဘူး”လို့ ပြောပြထားပါတယ်။ ကစ်က မကြာသေးမီကသူမရဲ့ Instagram မှာ ဒေါင်းနဲ့စုံတွဲပုံတွေတင်ထားတာမို့ ပရိသတ်တွေက ပိုလို့တောင် အသည်းယားပြီးချစ်နေကြပြီးလို့သံသယတွေဝင်နေရတာလည်းဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.