Deadpool ဝတ်စုံဝတ်ပစ်လိုက်တဲ့ စည်သူပလတ်ကျွတ်

Deadpool ဝတ်စုံဝတ်ပစ်လိုက်တဲ့ စည်သူပလတ်ကျွတ်

အခုလက်ရှိအချိန်မှာ အဝတ်အစား ဝတ်စားဆင်ယင်မှုကြောင့် ဝေဖန်မှုတွေကို အများဆုံးကို ခံနေရတဲ့ ဟာသသရုပ်ဆောင် စည်သူပလပ်ကျွတ်ကတော့ Hero ပေါင်းစုံရဲ့ အဝတ်အစားတွေကို ဝတ်ဆင်လျက်ရှိနေပြီး အခုအခါမှာလည်း Marvel Fan တွေကြိုက်ကြတဲ့ Deadpool ဝတ်စုံကို “Hero”ဆိုတဲ့ ရုပ်ရှင်ကား Red Carpet Show မှာ ဝတ်ဆင်လာခဲ့ပါတယ်။ ဒီလိုဝတ်ဆင်ရတဲ့ အကြောင်းကို အင်တာဗျူးတစ်ခုမှာ အခုလို ပြောသွားခဲ့ပါတယ်။

စည်သူပလပ်ကျွတ်က “ညနေဝတ်မယ့် စူပါဟီးရိုး ဟီးရိုးကြီးကားမှာ ဟီးရိုးကြီးဝတ်မယ့်ဟာကိုပြမယ်။ deadpool ပါ။ သူကတော့ marvel ပေါ့။ စူပါဟီးရိုး deadpool နှစ်ကားပဲထွက်သေးတယ်။ ဘယ်တော့မှမသေတဲ့ မင်းသား စောက်ခွက်အရမ်းပြောင်တယ်။ စွမ်းအားလဲရှိတယ်။ သူ့အသုံးအဆောင်တွေကို ပရိသတ်တွေကို live ဝတ်ပြပါမယ်။ marvel က deadpool fan တွေများတယ်ဗျ။ ကျွန်တော့်ကိုခွင့်လွတ်နားလည်ပေးပါလို့။ အနုပညာမျက်စိလေးနဲ့ကြည့်ပေးပါလို့။ ကျွန်တော်က ကြိုးစားနေတဲ့ လူငယ်အနုပညာသမားလေးတစ်ယောက်ပါ။

ကြိုးစားနေတဲ့ အနုပညာသမားအနေနဲ့ကတော့ အမျိုးစုံဝတ်ရတာပေါ့နော်။ ရဲဘော်ဆိုလဲလုပ်ရတယ် စစ်သားကြီးဆိုလဲလုပ်ရတယ်။ တပ်ကြပ်ကြီးဆိုလဲလုပ်ရတယ် ဆရာဝန်ဆိုလဲလုပ်ရတယ်။ သူတောင်းစားဆိုလဲလုပ်ရတယ်။ ထိုနည်းတူစွာပဲ အဝတ်အစားဆိုလဲမျိုးစုံဝတ်ရတယ်ပေါ့နော်။ အဲ့တော့ကျွန်တော်က ကျွန်တော့်လိုင်းနဲ့ကျွန်တော် သွားတာပါလို့။ စိတ်မဆိုးကြပါနဲ့လို့။ တကယ်လို့ မှားယွင်းမှုတွေရှိရင်လဲ အကြံဥာဏ်ပေးပါလို့။ ကျွန်တော့်ကို facebook ကသော်လည်းကောင်း media ကသော်လည်ကောင်း ကျွန်တော့်ကိုအကြံဥာဏ်ပေးပါနော်။ ဆဲလဲရပါတယ်။ အပြုံးလေးနဲ့ပဲပြန်ဆက်ဆံပါ့မယ်။

သူများလိုမျိုးစိတ်မဆိုးတတ်ပါဘူး။ ဆဲလဲကျေးဇူးတင်ပါတယ်။ ချစ်ပါတယ်လို့။ အဓိကကတော့ super hero fan တွေ marvel fan တွေ dc fan တွေ အားလုံး ကို ကျွန်တော်ဒီကနေတောင်းပန်ပါတယ်။ ကျွန်တော်ရူးသွပ်မှုနဲ့ဝတ်ပြတာပါ။ ကျန်တဲ့ရည်ရွယ်ချက်ဘာမှမရှိပါဘူး။သူများကိုထိခိုက်လိုတဲ့စိတ် သူတစ်ပါးကို ဒုက္ခရောက်စေလိုတဲ့စိတ် လုံးဝမရှိပါဘူး။ သူတစ်ပါးကိုစိတ်ဆင်းရဲမယ့်အလုပ်တွေကျွန်တော်မလုပ်ပါဘူး။ ဒါသက်သက်ကျွန်တော့်ဘာသာကျွန်တော် ရူးသွပ်မှူနဲ့လုပ်တာပါ။ ကိုယ့်ရဲ့စိတ်ကူးလေးနဲ့ ကိုယ့်ရဲ့ သန်ရာသန်ရာလေးပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.