ဒီနှစ်များအကယ်ဒမီထပ်ရမလားလို့ရင်ခုန်တယ်ဆိုတဲ့ ယွန်းယွန်း

ဒီနှစ်များအကယ်ဒမီထပ်ရမလားလို့ရင်ခုန်တယ်ဆိုတဲ့ ယွန်းယွန်း

ပရိသတ်တွေ မျက်စိရှေ့တင်ကြီးပြင်းလာခဲ့တဲ့ ယွန်းယွန်းလေးဟာဆိုရင် တကယ့်အပျိုကြီးဖားဖားဖြစ်နေပြီဖြစ်သလို ခေါင်ဆောင်မင်းသမီးနေရာကနေ ရုပ်ရှင်တွေလက်ခံရိုက်ကူးနေပြီလည်းဖြစ်ပါတယ်။ ယွန်းယွန်းက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ အကယ်ဒမီရင်ခုန်သံတွေပြောပြသွားပါတယ်။

ယွန်းယွန်းက လက်ရှိမှာ ဆယ်ကျော်သက်ကာရိုက်တာလေးတွေပဲသရုပ်ဆောင်ဖြစ်မယ့်အကြောင်းကို “ညီမက ပုံစံအရမ်းကြီးမပြောင်းသေးတဲ့အခါကျတော့ လူကြီးကာရိုက်တာတွေလည်းအတင်းကြီးသရုပ်မဆောင်ချင်ဘူး။ အဲ့လိုသရုပ်ဆောင်ရင်ကြည့်ရတဲ့ပရိသတ်လည်းအဆင်မပြေဖြစ်မှာစိုးရိမ်တယ်။ အဲဒါကြောင့်ညီမဆယ့်ကိုးနှစ်ဆယ် ဆယ်ကျော်သက်ကာရိုက်တာမျိုးပဲ ရိုက်မယ်။ ခက်တာက ဒီမှာရိုက်တဲ့ကာရိုက်တာတော်တော်များများကလည်း ဆယ့်ကိုးနှစ်ဆယ် ကာရိုက်တာရှားတယ်”လို့ပြောပြာထားပါတယ်။

အကယ်ဒမီရင်ခုန်သံနဲ့ဇာတ်လမ်းတွေပြန်ရိုက်ဖို့ရှိမရှိကိုလည်း “ညီမကလေးသရုပ်ဆောင်ဆုရပြီးကတည်းကထပ်မရသေးဘူးဆိုတော့လေဒီနှစ်များရမလားပေါ့အဲ့လိုမျိုးတော့ရင်ခုန်ပါတယ်။ကျောင်းစာလည်းတစ်ဖက် အနုပညာလည်းတွဲလုပ်လို့ရတဲ့ဟာလေးတွေလည်းအကုန်လုပ်တယ်။ အခုညီမဇာတ်လမ်းလေးတွေပြန်ဖတ်နေတယ်။ နှစ်ခုကွဲနေတယ်လေ တချို့ကြတော့ ပြန်မရိုက်သေးဘူးလား လူကြီးကာရိုက်တာနဲ့မြင်ချင်နေပြီဆိုပြီးပြောကြတယ်။

တချို့ကကြတော့ငယ်သေးတယ်စာပဲလုပ်ဦးဆိုပြီးတော့ပြောကြတယ်။ဒါပေမယ့်ညီမစိတ်ကကျပြန်ရိုက်ဖို့များနေတယ်ဆိုတော့လေ ညီမကိုကမ်းလှမ်းထားတဲ့ဇာတ်လေးတွေဖတ်နေတယ်ပေါ့နော် ညီမနဲ့လိုက်ဖက်တာရှိရင်ရိုက်ဖြစ်မှာပါ”လို့ပြောသွားပါတယ်။့ ပရိသတ်ကြီးရော ယွန်းယွန်း ကိုစာပဲလုပ်စေချင်လား ဇာတ်လမ်းတွေပြန်ရိုက်စေချင်လားပြောခဲ့ပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.