ဂုဏ်ပြုခံရလို့ မျက်ရည်ပါကျခဲ့ရတဲ့ ဖွေးဖွေး

ဂုဏ်ပြုခံရလို့ မျက်ရည်ပါကျခဲ့ရတဲ့ ဖွေးဖွေး

နိုင်ငံကျော်မင်းသမီးလေး ဖွေးဖွေးကတော့ အမြဲတမ်းဆန်းသစ်တဲ့ ကာရိုက်တာတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတဲ့ မင်းသမီးတယောက်ပါ။ လက်ရှိမှာလည်း တကယ်ကောင်းတဲ့ ဇာတ်လမ်းတွေကိုရိုက်ထားပြီး မကြာခင်ကမှ ရုံတင်သွားခဲ့တဲ့ သမ္မတကြီးထံပေးစာ ရုပ်ရှင်မှာလည်း ချီးကျူးဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ ဒါကြောင့်ဖွေးဖွေးကတော့ ဒီဇာတ်လမ်းနဲ့ ပတ်သက်တဲ့သူ့ရဲ့ ခံစားချက်တွေကို ပြောကြားသွားခဲ့ပါတယ်။ ဖွေးဖွေးကတော့ သူ့အနေနဲ့ အမှန်တရားကို ရိုက်ပြရဲတဲ့အတွက် ဒီလိုမျိုး ဂုဏ်ပြုခံခဲ့ရတာကြောင့် စိတ်လှုပ်ရှားပြီး မျက်ရည်တောင်ကျတဲ့အထိ ဖြစ်ခဲ့တာကြောင့် ရှက်တောင်ရှက်မိတယ်ဟု ပြောကြားခဲ့ပါတယ်။

ဖွေးဖွေးကတော့ Sunday နဲ့ အင်တာဗျူးတွင် “ဒီပွဲကတော့ ဖွေးတို့ သမ္မတကြီးထံပေးစာဆိုတဲ့ တဖွဲ့သားလုံးကို အမှန်တရားကို ရိုက်ပြရဲတယ်ဆိုပြီးတော့ ဂုဏ်ပြုတဲ့ပွဲပေါ့နော်။ အဲ့ဒါကြီးကတော့ တကယ်ကိုမရည်ရွယ်ခဲ့ပါဘူး။ ကိုယ်ရိုက်လာတဲ့ ဇာတ်လမ်းတွေကလည်း အမှုမဲ့အမှတ်မဲ့ရိုက်လာတာ ဒီလိုမျိုးကြီး ဂုဏ်ပြုခံရတာတွေ မရှိခဲ့ပါဘူး။ ဒီလိုမျိုး ကိုယ်လေးစားတဲ့လူတွေကို ကိုယ့်ကို အသိမှတ်ပြုပြီး ဂုဏ်ပြုပွဲလုပ်ပေးတာ တခါမှ မခံရဖူးဘူးလေ။ ကိုယ်ပင်ပန်းတာတွေ တဖွဲ့သားလုံးကြိုးစားထားတာတွေကို အသိအမှတ်ပြုပေးတဲ့အတွက် ဝမ်းသာဝမ်းနည်းဖြစ်သွားခဲ့တာပါ”

“ကောင်းတဲ့ သတင်းထောက်တွေလည်းရှိတယ်။ တာဝန်မကျေတဲ့ သတင်းထောက်တွေလည်း ရှိတယ်။ ဖွေးကတော့ တာဝန်ကျေတဲ့ သတင်းထောက်တွေအနေနဲ့ ပိုပြီးတော့ သတ္တိရှိလာအောင် ပံ့ပိုးပေးတဲ့ ဇာတ်လမ်းလေးလို့ ထင်ပါတယ်၊ ပြီးတော့ လူငယ်တွေလည်း အမှန်တရားကို ပြောရဲတဲ့ သတ္တိတွေ အများကြီး ရှိလာမယ်လို့လည်း မျှော်လင့်မယ်လို့ ထင်ပါတယ်”

“ဒီဇာတ်လမ်းမှာတော့ ဖွေးက ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ဖြစ်အောင် သရုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုမျိုးကနေ နိုင်ငံရေးဖက်ကို ပြောင်းဖို့တော့ မရှိသေးပါဘူး။ ဖွေးရဲ့ ပရိသတ်တွေရော ဒီဇာတ်လမ်းမှာပါတဲ့ သူတွေရဲ့ ပရိသတ်တွေ အကုန်လုံးရော ဖွေးတို့ကို ပိုပြီးတော့ အားပေးပါ။ ဒီထက်ပိုပြီးတော့ ကြိုးစားသွားပါဦးမယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.