ဖိတ်စာအစောင်ရေ ၇၀၀ နဲ့သူထူးစံရဲ့ မင်္ဂလာပွဲ

ဖိတ်စာအစောင်ရေ ၇၀၀ နဲ့သူထူးစံရဲ့ မင်္ဂလာပွဲ

အကြမ်းအရမ်းအလွမ်း စရိုက်ဆုံအောင်သရုပ်နိုင်ပြီး မြန်မာဗီဒီယိုခေတ်မှာ ပရိသတ်တွေနဲ့အဆက်မပြတ်ခဲ့ပေမယ့်၊ ဒီဘက်ပိုင်းသီချင်းခွေတစ်ခွေထွက်ထားပြီး အနုပညာအလုပ်ကိုအေးအေးဆေးဆေး လုပ်နေတဲ့သရုပ်ဆောင်တစ်ယောက်ရှိပါတယ်။သူထူးစံက သူရဲ့မင်္ဂလာဆောင်နဲ့ပတ်သက်ပြီး Myanmar Celebrity နဲ့အင်တာဗျူးမှာပြောပြထားပါတယ်။ သူပြောပြသွားတဲ့ အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ရပါတယ်နော်။

“ဖိတ်စာက အားလုံးပေါင်း၇၀၀ ပါ။ ရုပ်ရှင် ၃၀၀ ပေါ့နော် ၊ ရုပ်ရှင် ၊ဂီတ၊ သဘင် ၊ ယဉ်ကျေးမှု၊ စာပေ အဲ့တာတွေကို ၃၀၀ ပါ ၊ဘောလုံးအဖွဲ့ကတော့ ၅၀ပေါ့နော်ရုပ်ရှင်နဲ့ပတ်သတ်ပြီးတော့ ဉက္ကဌ ဦးဇင်ဝိုင်းကနေပြီး အကုန်ဖိတ်ထားတာပါ ။ကျနော်အိမ်မှာ လူတွေအကုန်လုံးကို စာရင်းစီပြီး ကွန်ပြူတာစာစီ ၊ ပရင့်ထုတ်ပြီး အကုန်လုံးကိုမန်နေဂျာတွေကတစ်နေပြီးတော့ဖိတ်ခိုင်းလိုက်ပါတယ်။ပြီးတော့မီဒီယာတွေကိုလည်း ဖိတ်စာပို့ထားပါတယ်။”ပါတယ်ဆိုပြီး ပြောပြသွားပါတယ်။

ဇနီးလောင်းကိုဘယ်လိုကြောင့်ရွေးချယ်ဖြစ်သွားလဲ ဆိုတဲ့မေးခွန်းနဲ့မင်္ဂလာဆောင်နဲ့ပတ်သတ်တဲ့မေးခွန်းတွေကိုတော့ “ပါးစပ်ပြောတာထက် စောင့်ကြည့်တာပိုကောင်းပါတယ်။ မင်္ဂလာပွဲကတော့ ၁ပွဲပါပဲတပ်ကုန်းမှာ ဆွမ်းကျွေး ကျနော့်အနေကတော့ စိတ်လှုပ်ရှားတာနဲ့ပတ်သက်ရင်စိတ်လှုပ်ရှားတာပေါ့ တစ်သက်မှ တစ်ခါပဲဆောင်ရတာလေ။ ကျနော်မင်္ဂလာပွဲကိုဘယ်လိုလုပ်ထားလဲဆိုတာကိုပဲ စိတ်လှုပ်ရှားတာပါ။ မြန်မာ့ရိုးရာပုံစံမင်္ဂလာဆောင်မှာပါ ဘယ်လိုခေါ်မလဲ (စဉ်းစားလျက်) မင်းညီမင်းသားတွေ ဘုရင်တွေမဟုတ်ဘဲနဲ့ သာမာန်ကလူတွေဆောင်သလိုကျနော်ဆောင်မှာ ။ကျနော်တို့ဝတ်တဲ့အဝတ်စားတွေ အခမ်းနားအပြင်ဆင်တွေကအစ အဲ့ဒီပုံစံအတိုင်းသွားမှာပါ။ ဆိုပြီးပြောခဲ့ပါတယ်။

ချစ်သူသက်တန်းဘယ်လောက်ကြာမှာလက်ထပ်ဖြစ်တာလဲ ဆိုတဲ့မေးခွန်းနဲ့ မင်္ဂလာဆောင်မှာထည့်တချို့အစီစဉ်တွေအကြောင်းကိုတော့ “အဲ့တာတွေအားလုံးကိုကျနော် LEDမှာပြမှာပါ။ Surprise အစီစဉ်တော့မပါပါဘူး။ပန်းကျဲတာက ညီမလေးယွန်းယွန်းပေါ့ မင်္ဂလာဗန်းကိုင်က မေမြင့်မိုရ်နဲ့ဝင့်ယမုံလှိုင်ပါ။အရံတွေတော့မထည့်တော့ပါဘူး။ဘာလို့လဲဆိုတော့ကျနော်ညီတွေကို ကျနော့်နောက်ကလျှောက်တာမျိုးမလိုချင်ဘူး။အခမ်းနားမှုးအဖြစ် ညီလေးဟိန်းဝေယံကလုပ်ပေးမယ်။ ရိုက်ကူးရေးကို ညီလေးနေမင်းနဲ့ဘောလုံးအဖွဲ့ချုပ်ကတာဝန်ယူထားပေးမှာပါ။အကျွေးအမွေးနဲ့တခြားအစီစဉ် တွေကတော့ ကျနော်ညီတွေပါ ၊ အားလုံးလဲဝိုင်းဝန်းကူညီပေးကြပါဦး။”ဆိုပြီးပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.