ချစ်သူများနေ့မှာ စေ့စပ်လိုက်တဲ့ သူရိယနဲ့ဆုအိမ့်စံ

ချစ်သူများနေ့မှာ စေ့စပ်လိုက်တဲ့ သူရိယနဲ့ဆုအိမ့်စံ

သရုပ်ဆောင် သူရိယနဲ့ဆုအိမ့်စံတို့စုံတွဲလေးဟာ သိပ်ကိုလိုက်ဖက်ပြီး ရန်ဖြစ်တယ်ရယ်လို့မကြားရပဲတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်နားလည်မှုတွေနဲ့ပျော်ရွှင်စရာအချစ်ရေးလေးကိုဖန်တီးထားကြတာကြောင့် ပရိသတ်တွေက အရမ်းကိုသဘောတူပြီးချစ်ခင်အားပေးနေကြတဲ့ဆယ်လီစုံတွဲလေးတွေထဲမှာတစ်တွဲအပါအဝင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Valentine’s Day မှာတော့ သူရိယနဲ့ဆုအိမ့်စံက ပရိသတ်တွေကိုပြန်ပြီး surprise လုပ်လိုက်ပါပြီ။

အဲဒါကတော့ သူတို့နှစ်ယောက်ရဲ့ထင်မှတ်မထားတဲ့စေ့စပ်ပွဲပါပဲ။ သူရိယနဲ့ဆုအိမ့်စံဟာ ချစ်သူသက်တမ်းတစ်နှစ်ကျော်သာရှိသေးပေမယ့် တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်မြတ်နိုးကြပြီး မခွဲနိုင်တော့လို့ဘဝကိုအတူဖြတ်သန်းဖို့ခြေလှမ်းတစ်လှမ်းတိုးလိုက်ပါပြီ။ အခုခေတ်ကြီးမှာနှစ်ပေါင်းများစွာတွဲလာတဲ့ချစ်သူစုံတွဲတွေတောင် လက်ထပ်ဖို့အစီအစဉ်မရှိသေးတဲ့အချိန်မှာ တစ်နှစ်ကျော်ချစ်သူသက်တမ်းနဲ့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတဲ့ သူရိယတို့စုံတွဲရဲ့ အပြန်အလှန်ချစ်ခြင်းမေတ္တာတွေကလည်း ပရိသတ်တွေကိုအချစ်တွေပိုတိုးစေခဲ့တာပါ။

သူရိယက သူ့ရဲ့လူမှုကွန်ယက်မှာ စေ့စပ်တဲ့ဓာတ်ပုံလေးတွေနဲ့အတူ “Happy Our Valentine’s Day မင်းမဟုတ်တဲ့အခြားအရာတွေနဲ့တော့ ဘဝကိုအိုမင်းမသွားချင်ဘူး.. ဒီနေ့ ကျွန်တော်တို့နှစ်ယောက် စေ့စပ်လိုက်ပါပြီ”လို့ ဂုဏ်ယူစွာရေးသားထားတာကို ကြည်နူးဖွယ်မြင်တွေ့ရပါတယ်။ နတ်သမီးလေးလိုလှတဲ့ ဆုအိမ့်စံက အဖြူရောင်ဇာဂါဝန်အရှည်ကြီးနဲ့ ပျော်ရွှင်မြူးထူးနေခဲ့ပြီး သတို့သားဖြစ်သူ သူရိယကလည်း ချစ်သူလေးကိုအနမ်းတွေခြွေလို့ ရင်ခုန်ပျော်ရွှင်နေပုံကိုမြင်ရပါတယ်။

ပရိသတ်ကြီးရော သူရိယနဲ့ဆုအိမ့်စံကိုချစ်ကြလား။ သူရိယနဲ့ဆုအိမ့်စံတို့ရဲ့မကြာခင်ပြုလုပ်တော့မယ့်လက်ထပ်ပွဲအတွက်စိတ်လှုပ်ရှားနေကြပြီလား။ သူတို့နှစ်ယောက်ရဲ့အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.