ပရိသတ်တွေကို အသည်းယားအောင် ခါးလေးလှုပ်ပြီး ကပြခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဗီဒီယို

ပရိသတ်တွေကို အသည်းယားအောင် ခါးလေးလှုပ်ပြီး ကပြခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဗီဒီယို

နိုင်ငံကျော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က အနုပညာလောကမှာ ဆယ်စုနှစ် နှစ်စုစာလောက် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပြီး ဒီနေ့ဒီအချိန်ထိ အောင်မြင်မှုတွေ များစွာ လက်ဝယ်ပိုင်ဆိုင်ထားသူ တစ်ဦးပါ။ စိုင်းစိုင်းခမ်းလှိုင်ကို အားပေးကြတဲ့ ပရိသတ်တွေကလဲ အသက်အရွယ်မရွေးရှိပြီး အနယ်နယ်အရပ်ရပ်မှာ အခိုင်အမာရှိနေတာပဲ ဖြစ်ပါတယ်။

မနေ့က ဖေဖော်ဝါရီ (၁၄)ရက်နေ့ ချစ်သူများနေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်က မန္တလေးရွှေမြို့တော်ကြီးမှာ သူ့ရဲ့ချစ်ပရိသတ်တွေနဲ့ SAI Valentine’s Gathering ပွဲကြီးကို ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။

ထိုပွဲလေးကို စိုင်းစိုင်းရဲ့ ချစ်ပရိသတ်တွေ အများကြီး တက်ရောက်ခဲ့ကြပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းတွေဆို ဂိမ်းတွေဆော့ခဲ့ကြပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ပရိသတ်တွေကို ကပြခဲ့တဲ့ ဗီဒီယိုလေးကလဲ ပရိသတ်တွေကြားထဲ တော်တော်လေး ပျံ့နှံ့သွားပြီး သဘောကျနှစ်ခြိုက်ခြင်းခံခဲ့ရပါတယ်။

ဘယ်လိုတွေတောင် ကနေတာလဲ စိုင်းစိုင်းရယ်

စိုင်းစိုင်းကတော့ ပရိသတ်တွေကို အသည်းယားအောင် လုပ်နေတာပဲနော်။ ပရိသတ်တွေကို ချစ်ပြီး အလိုလိုက်တတ်လွန်းတဲ့ စိုင်းစိုင်းနဲ့ သူ့ရဲ့ ချစ်ပရိသတ်တွေရဲ့ ပုံရိပ်တွေကို ကြည့်ရတာ တကယ်ကို ပျော်စရာကြီးပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source: Yoon Ei Maungs fb

Comments are closed.