ပြည်သူေ​တွအတွက်ြ​မ​န်​မာနိုင်ပြီသီချင်းကို ပြန်​လည်​နားဆင်​ခွင့်​​ပေးလိုက်​တဲ့မြန်​မာအမျိုးသမီး​ဘောလုံးအသင်း

ပြည်သူေ​တွအတွက်ြ​မ​န်​မာနိုင်ပြီသီချင်းကို ပြန်​လည်​နားဆင်​ခွင့်​​ပေးလိုက်​တဲ့မြန်​မာအမျိုးသမီး​ဘောလုံးအသင်း

ယ​နေ့ ည​နေပိုင်းမှာ​တော့ အိန္ဒိယနိုင်​ငံက အိမ်​ရှင်​အဖြစ်​ လက်​ခံကျင်းပခဲ့တဲ့ Hero gold cup ​လေးနိုင်​ငံ အမျိုးသမီး ဖိတ်​​ခေါ်ဖလားပြိုင်​ပွဲ ဗိုလ်​လုပွဲစဉ်​အဖြစ်​ မြန်​မာအသင်းနဲ့ နီ​ပေါအသင်းတို့ ယှဉ်​ပြိုင်​ကစားကြရာမှာ​ မြန်​မာအသင်းက ၃-၁ ဂိုးဆိုတဲ့ရလဒ်​နဲ့ အနိုင်​ယူဗိုလ်စွဲကာ မြန်​မာနိုင်​ငံအတွက်​ဂုဏ်​​ဆောင်​နိုင်​ခဲ့ပါတယ်​။ ဒါဟာ ၂၀၁၉ခုနှစ်အတွင်း မြန်မာအသင်းရဲ့ ပထမဆုံးအောင်မြင်မှုလည်း ဖြစ်လာခဲ့ပါတယ်။

Hero gold cup ပြိုင်ပွဲဟာ အိန္ဒိယနိုင်ငံမှာ ကျင်းပပြီး အီရန်၊နီပေါ၊မြန်မာ တို့ ပါဝင်ပြီး လေးသင်းပတ်လည် အုပ်စုဖွဲ့ပြီး ယှဉ်ပြိုင်စေတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့စနစ်ဟာ အုပ်စုပတ်လည် ကစားအပြီး အုပ်စုပထမအသင်းနဲ့ ဒုတိယအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရတဲ့ စနစ်ပါ။ မြန်မာအသင်းဟာ အုပ်စုတွင်းမှာ ပွဲတိုင်းအနိုင်ရရှိခဲ့ပြီး အုပ်စုပထမနဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် နီပေါအသင်းနဲ့ပဲ တွေ့ဆုံထားခဲ့တာ ဖြစ်ပြီး သုံးဂိုးပြတ်နဲ့ အဖွင့်လှခဲ့ပါတယ်။

ဒုတိယမြောက်ပွဲစဉ်အဖြစ် နာမည်ကြီး အီရန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရာမှာတော့ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ခင်မိုးဝေရဲ့ ပွဲပြီးခါနီး သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ကာ နှစ်ပွဲကစားပြီးချိန်မှာပဲ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင်အိန္ဒိယအသင်းနဲ့ ကစားရာမှာလည်း ထပ်မံအနိုင်ရရှိခဲ့ပြန်ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုတွင်းမှာ ပေးဂိုးမရှိခဲ့ပဲ ပွဲတိုင်းအနိုင်ရရှိကာ ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗိုလ်လုပွဲစဉ်မှာတော့ မြန်မာအသင်းဟာ နီပေါအသင်းနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရပြီး ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ကာ Hero gold cup ဆုဖလားကြီးကို မြန်မာပြည်သူတွေအတွက် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ တိုက်စစ်က ပုံစံကောင်းတွေပြသပြီး ပွဲတိုင်းသုံးဂိုးနီးပါး သွင်းယူနိုင်ခဲ့သလို ခံစစ်ပိုင်းကလည်း ပြိုင်ပွဲတစ်လျှောက် တစ်ဂိုးသာ ခွင့်ပြုခဲ့ရတာကြောင့် ဒေသတွင်းပြိုင်ဘက်တွေရဲ့ ချီးကျူးမှုကို ခံခဲ့ရပြီး အိမ်အပြန် မျက်နှာပန်းလှခဲ့ပြီ ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.