ရင်ဖိုစရာကောက်ကြောင်းအလှကို ရိုးရှင်းစွာ လှစ်ဟပြလိုက်တဲ့ Hyomin

ရင်ဖိုစရာကောက်ကြောင်းအလှကို ရိုးရှင်းစွာ လှစ်ဟပြလိုက်တဲ့ Hyomin

T-ara ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Hyomin ဟာဆိုရင် သီချင်းဆိုကောင်းပြီး ရုပ်ရည်ချောမောယုံသာမက အပြစ်ပြောစရာမရှိတဲ့ ကိုယ်ခန္ဓာကောက်ကြောင်းအလှကိုလည်း ပိုင်ဆိုင်ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ရင်သပ်ရှုမောစရာကောင်းတဲ့ သူမရဲ့ ကိုယ်ခန္ဓာအလှကိုဆိုရင် သူမရဲ့ တစ်ကိုယ်တော်တေးသီချင်း Music Video ဖြစ်တဲ့ “Sketch” မှာ တွေ့မြင်ခဲ့ကြဖူးမှာပါ။

ထိုသီချင်း MV မှာ သူမရဲ့ အလှကို လှစ်ဟပြသခဲ့တုန်းကဆိုရင် ပရိသတ်တွေမှာ သူမရဲ့ ၀ံ့ကြွားလှတဲ့ အလှတရားတွေကြောင့် အံ့အားသင့်ခဲ့ရဖူးပါတယ်။ အခုတစ်ခေါက်မှာတော့ သူမရဲ့ ကိုယ်ခန္ဓာအလှတရားတွေကို သူမရဲ့ အင်စတာဂရမ်ကနေတဆင့် ပရိသတ်တွေကို ဖော်ပြလိုက်ပြန်ပါပြီ။

ပင်လယ်မှာ အနားယူအပန်းဖြေနေတဲ့ သူမရဲ့ ပုံရိပ်တွေဟာ ကြည့်ရှုသူပရိသတ်တွေအဖို့တော့ ရင်ဖိုချင်စရာကောင်းနေတာအမှန်ပါပဲ။ ရေစိုနေတဲ့ ကိုယ်ခန္ဓာကောက်ကြောင်းဟာ အပြစ်ပြောစရာတစ်ချက်ကလေးမှမရှိတာကို ပုံပါအတိုင်းတွေ့မြင်ရမှာပါ။

ရေကူးဝတ်စုံအမျိုးမျိုးနဲ့ ရိုးရှင်းစွာ ဆွဲဆောင်နေတဲ့ Hyomin

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ Hyomin ဟာ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ သူမရဲ့ တစ်ကိုယ်တော် Comeback နဲ့အတူ ပရိသတ်တွေထံပြန်လည်လာရောက်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Ref : Koreaboo

Comments are closed.