လက်ရှိမြန်မာ့အရေးနဲ့ ပက်သတ်ပြီး ကမ္ဘာကြီးက စောင့်ကြည့်ပြီး နားစွင့် ပေးကြပါလို့မေတ္တာရပ်ခံခဲ့တဲ့နေခြည်ဦး

လက်ရှိမြန်မာ့အရေးနဲ့ ပက်သတ်ပြီး ကမ္ဘာကြီးက စောင့်ကြည့်ပြီး နားစွင့် ပေးကြပါလို့မေတ္တာရပ်ခံခဲ့တဲ့နေခြည်ဦး

သရုပ်ဆောင်၊ Blogger နေခြည်ဦးကတော့ စစ်တပ်မိသားစုအသိုင်းအဝိုင်းမှာ မွေးဖွားခဲ့သူတစ် ယောက်ဖြစ်ပေမယ့် လက်ရှိပြည်တွင်းရေးမှာတော့ စစ်အာဏာရှင်စနစ်ကို ရှုံ့ချကြောင်း ရဲရဲဝံ့ဝံ့ ထုတ်ဖော်ခဲ့သူတစ်ယောက်ပါ။ နေခြည်ဦးက သူမဖခင်ရဲ့ ရာထူးအခြေအနေတွေကို မေ့ထားပြီး ပြည်သူလူထုနဲ့ ရပ်တည်ကာ မြန်မာ့ပြည်တွင်းရေးမှာ ထိခိုက်သေဆုံးခဲ့ရတဲ့ ပြည်သူတွေကို ကြ ည့် ပြီး စိတ်ထိခိုက်ကြေကွဲရကြောင်း အင်စတာဂရမ်စာမျက်နှာမှာရေးသားလာတာကို တွေ့ရပါ တယ်။

နေခြည်ဦးက “ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဖြစ်ပျက်ခဲ့သမျှတွေကိုကြည့်ရပြီး နေခြည်အရ မ်း ကို စိတ်ထိခိုက်ဝမ်းနည်းရပါတယ်။ မနေ့ကဆိုရင် စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ပြည် သူတွေကို လက်နက်နဲ့ ပစ်ခတ်တာမျိုးတွေ ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ (၂) ယောက်သေ ဆုံးကာ အယောက်(၄၀) ကျော် ထိခိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။ စစ်တပ်က ပရဟိတကားတွေကို သာမကပဲ ထိခိုက်ဒဏ်ရာရရှိတဲ့ ဆန္ဒပြပြည်သူတွေကို ကူညီနေတဲ့ ပရဟိတလုပ်သားတွေကိုပါ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ”

“နေခြည်က ဒီလို လက်နက်တွေပစ်ခတ်ကိုင်ခြောက်ပြီးနဲ့ လက်နက်မဲ့ပြည်သူအပေါ် မတရား ဖိ နှိပ် တာမျိုးကို ရှုံ့ချပါတယ်။ ကျေးဇူးပြုပြီး ကျွန်မတို့ မြန်မာပြည်ကြီးမှာ ဘာတွေဖြစ်ပျက်နေ တ ယ် ဆိုတာကို ကမ္ဘာက နားစွင့်ပေးကြပါရှင်

နေခြည်လည်းဆန္ဒပြပွဲမှာ ထိခိုက်သွားရတဲ့ ပြည်သူတွေနဲ့တကွသူတို့ရဲ့ဆုံးရှုံးသွားရတဲ့ ဘဝ တွေ အတွက် စိတ်ထိခိုက်ဝမ်းနည်းရင်း အားလုံးအ တွက် ဆုတောင်းပေးနေပါတယ်။ “ဆိုပြီး သူမ ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ ပြောလာပါတယ်။

နေခြည်ဦးကတော့ သူမတတ်နိုင်တဲ့ အင်အားနဲ့ ပြည်သူတွေအတွက် ရပ်တည်ပေးခဲ့ပြီပဲ ဖြစ်ပါ တ ယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့ လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Nay Chi Oo’s ig
Bilie – Cele Connections

Comments are closed.