အားလုံးကို မျက်ရည်စို့စေခဲ့တဲ့ လူမင်း ရဲ့ အမျိုးသမီးအတွက် ပိုင်ဖြိုးသုရဲ့ အားပေးစကားလေး

အားလုံးကို မျက်ရည်စို့စေခဲ့တဲ့ လူမင်း ရဲ့ အမျိုးသမီးအတွက် ပိုင်ဖြိုးသုရဲ့ အားပေးစကားလေး

လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာ့ပြည်တွင်းအရေးနဲ့ ပက်သတ်ပြီးရုပ်ရှင်၊ ဂီတ၊ သဘင် စတဲ့ နယ်ပယ် အသီးသီးကအနုပညာရှင်တွေလည်းတက်ကြွစွာ ပါဝင်လှုပ် ရှားနေကြတာပဲ ဖြစ် ပါတယ်။

နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ လင်းလင်း၊ ဒါရိုက်တာဏကြီး၊လူမင်း၊ ပြေတီဦး၊ ကိုပေါက်၊ အ နဂ္ဂ၊ မောင်မောင်အေး စတဲ့ အနုပညာရှင်တွေကလည်းပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရ တာ ဖြစ်ပြီး ဖမ်းဝရမ်းပါအထုတ်ခံထားရတာ ဖြစ်ပါတယ်။

မနေ့ကဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာတော့ အကယ်ဒမီ မင်း သားကြီး လူမင်းကညဘက်လူခြေ တိတ် ချိန်မှာ ဖမ်းဆီးခံလိုက်ရပြီဖြစ်ပြီး အနုပညာရှင်အသီးသီးကလူမင်းအတွက်စိတ်မကောင်း ဝမ်းနည်းဖြစ်နေကြတာပဲဖြစ်ပါတယ်

ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသုကလည်း“မိသားစုပေါင်းများစွာ ကျနေရတဲ့မျက်ရည်တွေ ….အမ ရေ…အား တင်းထားပါ….လက်နက်အားကိုးနဲ့မတရားအနိုင်ကျင့်တဲ့သူတွေ ဝဋ်လည် ကြပါစေ !!! ” ဆိုပြီးလူမင်းရဲ့ဇနီး မခင်စံပယ်ဦးအတွက် အားပေးစကားပြောလာတာကို တွေ့ရပါတယ်။

ပိုင်ဖြိုးသုကတော့ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရတဲ့ ခင်ပွန်းရဲ့ အမျိုးသမီးပီပီဖမ်းဆီးခံလိုက် ရတဲ့ လူမင်းရဲ့အမျိုးသမီး မခင်စံပယ်ဦးအတွက် အားပေးစကားပြောလာတာပဲ ဖြစ်ပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Comments are closed.