မြန်မာပြည်ကအဖြစ်အပျက်အမှန်တွေ ကို သတင်းမီဒီယာတွေရှေ့မှာ ရဲရဲဝင့်ဝင့် ရပ်တည်ပေးခဲ့တဲ့ Miss Myanmar မလေး နှင်းသွေးယု အော င် (ဗီဒီယိုဖိုင်)

မြန်မာပြည်ကအဖြစ်အပျက်အမှန်တွေ ကို သတင်းမီဒီယာတွေရှေ့မှာ ရဲရဲဝင့်ဝင့် ရပ်တည်ပေးခဲ့တဲ့ Miss Myanmar မလေး နှင်းသွေးယု အော င် (ဗီဒီယိုဖိုင်)

မြန်မာပြည်က အဖြစ်အပျက်အမှန်တွေကို သတင်းမီဒီယာတွေရှေ့မှာ ရဲရဲဝင့်ဝင့် ရပ်တည်ပေးခဲ့ တဲ့ Miss Myanmar မလေး နှင်းသွေးယုအောင် (ဗီဒီယိုဖိုင်)

တစ်ချို့တွေ နေနိုင်လွန်းချိန် ဒီ miss လေးကိုတော့ တစ်ကယ် လေးစားတယ် ….နှင်းသွေးယု အော င် နိုင်ငံတစ်ကာ Media ရှေ့မှာထွက်ပီး speak.outလုပ်ရဲတယ်…Thai-BPSInterview မေးဖြေ အကျဉ်းချုပ်

မေး-ဒီအချိန်မှာ ဘာကို အစိုးရိမ်ဆုံးလဲ

ဖြေ-ဒီချိန်မှာ ကျွန်မ အစိုးရိမ်ဆုံးအရာကတော့ဒီတိုက်ပွဲကိုရှုံးမှာ အစိုးရိမ်ဆုံးပါဘာလို့လဲဆိုတော့ ကျွန်မတို့ဒါကို ရှုံးလို့ကိုမဖြစ်လို့ပါဒီနေ့ Feb 22ရက်နေ့မှာ ပြည်လုံးကျွတ်သပိတ်အ တွက် လ ည်း အရမ်းဝမ်းသာရပါတယ် ကျွန်မတို့ဒါကြီးကို လွန်ခဲ့တဲ့ နှစ်၅၀ ကျော်ကတည်းက ခံစားခဲ့ရ လို့ ဒါ ကို ထပ်ပြီးလက်မခံနိုင်တော့လို့ဒီလိုတွေ အားကြိုးမာန်တက်လုပ်နေကြရတာပါ

မေး- သင်သာခုချိန်မြန်မာနိုင်ငံမှာ ဆိုရင် ဒီသပိတ်မှာပါဝင်နေမှာပေါ့

ဖြေ- အသေအချာပါပဲ

မေး – ဒီတိုက်ပွဲကိုနိုင်ဖို့ အဓိကသော့ချက်ကဘာဖြစ်မလဲ

Video File ကြည့်ရန်

ဖြေ- ကျွန်မတို့ လိုချင်တာ မရမချင်း သည်းခံရမယ်စောင့်ရမယ် ပြီးတော့ ဒီပွဲကို အကြမ်းမဖက်ပဲ ငြိမ်း ချမ်းစွာအောင်နိုင်ဖို့ အထိရောက်ဆုံးလုပ်နိုင်တာကတော့ CDM ပါပဲ

မေး- စစ်တပ်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောကြားချက်တွေကို ယုံကြည်ပါသလား

ဖြေ- မယုံပါဘူးရှင့် ဘာလို့လဲဆိုတော့ ကျွန်မတို့ ဘာကို vote ခဲ့တယ်ဆိုတာ ကျွန်မတို့သိလို့ပါ

မေး-Miss Universe Myanmarတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံအကြောင်းဘာ ပြောချင် လဲ

ဖြေ- ကျွန်မတို့နိုင်ငံကြီးက ခုဆိုရင် အန္တရာယ် ကျရောက်နေတာပါ ကျွန်မတို့ပြည်သူတွေ အပြစ် မဲ့စွာ သေနတ်နဲ့အပစ်ခံနေရပါတယ်တစ်ချို့ဆိုပုန်းနေရင်း အပစ်ခံရတယ် , တစ်ချို့ဆို ဆန္ဒထုတ် ပွဲချိန်အပစ်ခံရတဲ့သူကို ကယ်ရင်းအပစ်ခံရတယ်, တစ်ချို့ဆို ညဖက်ကင်းစောင့်ရင်းအပစ်ခံ ရတ ယ် စတာတွေက ကျွန်မတို့ ဘယ်လိုမှ လက်သင့်မခံနိုင်တဲ့အကြောင်းအရာတွေပါ

မေး- သင့်အနေနဲ့ ဒီအကြောင်းအရာတွေကို တစ်ကမ္ဘာလုံးကိုသိစေနိုင်မယ်လို့ထင်ပါသလား

ဖြေ- ကျွန်မအနေနဲ့ တစ်ကမ္ဘာလုံးစီရောက်ဖို့လွှမ်းမိုးမှုမရှိပေမယ့် ကျွန်မတတ်နိုင်သလောက်လုပ် နေတာပါ ဒါကြောင့်လည်း မီဒီယာတွေ တီဗီ channel တွေနဲ့ဆက်သွယ်ခဲ့တာပါ

မေး- အနုပညာလောကထဲကသူတွေဘာကြောင့် ဒီလိုမျိုး မိမိအသံကိုအသုံးပြုပြီး အားကြိုးမာန် တက် ဆန္ဒထုတ်ဖော်နေကြတယ်လို့ သင့်အနေနဲ့မြင်ပါသလဲ

ဖြေ – ကျွန်မရဲ့တစ်ဦးတစ်ယောက်တည်းအမြင်နဲ့ပြောရမယ် ဆိုရင် ကျွန်မတို့ပြည်သူတွေအား လုံး ကဒ ါကို လက်ကိုမခံနိုင်တာပါ ပြည်သူတွေက human right နဲ့ democracy ကိုသာပြန် လိုချင်တာပါဒါကြောင့်လည်း ဒီလိုအားကြိုးမာန်တက် တိုက်ပွဲဝင်နေကြတာပါ

မေး- ထိုင်းလူမျိုးတွေရဲ့မြန်မာလူမျိုးတွေအပေါ် အားပေးထောက်ခံမှုကိုရောဘာပြောချင်သေး လဲ

ဖြေ- ကျွန်မတို့ပြည်သူတွေအတွက် ထိုင်းအပါအဝင် နိုင်ငံတကာက မိတ်ဆွေတွေရဲ့

အမြင်လေးတစ်ခု ,post လေးတစ်ခု ကတောင် ခွန်အားဖြစ်စေပါတယ်

မေး- ထိုင်းလိုလေးပြောပေးနိုင်မလား

ဖြေ – ဟုတ်ကဲ့ မြန်မာပြညါသူတွေကိုအားပေးထောက်ခံပေးကြတဲ့ထိုင်းသူငယ်ချင်းတွေအား လုံး ကိုကျေး ဇူးတင်ပါတယ်ရှင်

celeupdatenews(crd)

Comments are closed.