သွက်သွက်လက်လက်ဖြစ်လာတဲ့ Song အမြွာ(၃)ယောက်ရဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ဗီဒီယို

သွက်သွက်လက်လက်ဖြစ်လာတဲ့ Song အမြွာ(၃)ယောက်ရဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ဗီဒီယို

ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ မင်းသားတစ်ဖြစ်လဲ Songအမြွာ(၃)ယောက်ရဲ့ဖခင်ဖြစ်သူ Song Il-Guk ဟာ သား (၃)ယောက်ရဲ့ ဗီဒီယိုကို သူ့ရဲ့အင်စတာဂရမ်စာမျက်နှာထက်မှာ တင်ထားခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဟာ Daehan Minguk Manse တို့ ၃ယောက်စလုံးပါဝင်ကပြမယ့် ပြဇာတ်အတွက် ကလေးတွေရဲ့ ကြော်ငြာ intro လေးပဲဖြစ်ပါတယ်။ ဘယ်လောက်တောင်ချစ်ဖို့ကောင်းနေသလဲဆိုတာကိုတော့ မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

Song အမြွှာ ၃ယောက်ဟာ God of Carnage ဆိုတဲ့ပြဇာတ်မှာပါဝင်ကပြသွားမှာဖြစ်ပါတယ်။ အဆိုပါပြဇာတ်ဟာ ကလေးမိဘတွေရဲ့အကြောင်းကို ရေးသားထားတာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဒီိလိုစပါတယ်။ တစ်ရက်မှာ ကလေးငယ်တစ်ဦးက အများပြည်သူပန်းခြံတစ်ခုမှာ ထိခိုက်လာတာကြောင့် ထိခိုက်ခံရတဲ့ ကလေးမိဘဖြစ်သူနဲ့ နစ်နာအောင်လုပ်တဲ့ကလေးဖြစ်သူတို့ရဲ့ မိဘတို့ဟာ နိုင်ငံကြီးသားပီသစွာဖြေရှင်းမယ်ဆိုပြီး တစ်ရက် ချိန်းဆိုလိုက်ပါတော့တယ်။ ဒါပေမယ့်လည်း တကယ်တမ်းတော့ မိဘတွေဟာ ကလေးဆန်ဆန်ရန်ဖြစ်ခဲ့ကြပြီး ရုန်းရင်ဆန်ခတ်တွေအပြိုင်ဖြစ်ပွားခဲ့ပါတော့တယ်။

အဆိုပါ ပြဇာတ်ကို Daehan Minguk Manse တို့ ညီအစ်ကို ၃ယောက်လည်း ပါဝင်ကပြခဲ့ပါတယ်။ ပြဇာတ်မစမှီအချိန်မှာ ဖခင်ဖြစ်သူက အဆိုပါပြဇာတ်နဲ့ပတ်သတ်လို့ ကလေးတွေရဲ့ ချစ်စဖွယ်ကောင်းလှတဲ့ ဗီဒီယိုလေးတွေကို တင်ပေးခဲ့တာပဲဖြစ်ပါတယ်။

ဗီဒီယိုထဲက ကလေးတွေရဲ့ စကားပြော ဘာသာပြန် (အမြွာ၃ယောက်ဟာ စကားလုံး အစဖော်တမ်းကစားတဲ့ပုံစံနဲ့ပြောသွားတာဖြစ်ပါတယ်။)

  • အားလုံး : (Dae) ဒါကတော့ တကယ့် အကြီးစားဖြစ်လာမယ့် (daebak)!
  • MS: (Hak) ကျွန်တော်တို့ အရမ်းစောင့်စားခဲ့ရတဲ့ (haksugodae)!
  • MG: (Sal) ကျွန်တော်တို့ ဘ၀မှာ ပျော်ဖို့အကောင်းဆုံး နဲ့ အရီရဆုံးပြဇာတ်ဖြစ်ပါတယ်။ (salmyeonseo)!
  • DH: (Ui) မယုံမရှိနဲ့ (uisim)
  • 3: (Shin) မင်းတို့အားလုံး စိတ်ဝင်စားစေရမယ်။ (shinmyung)!

အကဲလေးတွေကနေ အသွက်ကလေးတွေဖြစ်လာတဲ့ ချစ်ဖို့ကောင်းတဲ့အမြွာ ၃ယောက်

ကိုရီးယားမှာသာရှိရင်တော့ ဒီအသွက်ကလေး (၃)ယောက်ကို ပြေးကြည့်လိုက်ချင်ပါတယ်နော်။ ဘယ်သူတွေ သူတို့ကို သတိရနေကြလဲ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source : @songilkook

Comments are closed.