ကလေးမယူသေးဘူး နှစ်ယောက်ထဲနေဦးမယ်ဆိုတဲ့ ရွှေထူး

ကလေးမယူသေးဘူး နှစ်ယောက်ထဲနေဦးမယ်ဆိုတဲ့ ရွှေထူး

ပရိသတ်အားပေးလက်ခံမှုကို အများအပြားရရှိထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ လင်မယားနှစ်ဦးဟာ မြန်မာနိုင်ငံမှာ လူအများ အားကျရတဲ့ စုံတွဲတစ်တွဲဖြစ်ပြီး သူတို့ရဲ့ ဘဝတွေကို အေးချမ်းစွာဖြတ်သန်းနေပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ဖန်တီးနေကြပါတယ်။ ရွှေထူးကတော့ အင်တာ ဗျူးတစ်ခုမှာ သူတို့နှစ်ယောက်အနေနဲ့ အခုအချိန်မှာ ကလေးယူဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြောသွားခဲ့ပါတယ်။

ရွှေထူးက “စကားများတယ်ဆိုတာ အကြီးကြီးများတာမဟုတ်ဘူး။ နဂါးနှစ်ကောင်ကို သူကလည်း စနေသမီး ကျွန်တော်ကလည်း စနေသားဆိုတော့ နဂါးနှစ်ကောင်က ပါးပျဉ်းထောင်ကြတာ။ ရန်ဖြစ်ပြီဆိုရင်လည်း ကျွန်တော်ပဲ ချော့ရတာပေါ့နော် ကျွန်တော်က ၇နှစ်လောက်ကြီးတာလေ ကျွန်တော်က အိုပြီ။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို အလျှော့ပေးတယ်ဆိုတာ ဘယ်ယောက်ျားမဆိုပါ။

မိန်းမနဲ့ယောက်ျားဗျာ ယောက်ျားကတော့ အားသာတာပေါ့။ ဒါပေမဲ့ အလျှော့ပေးတာ ချစ်လို့။ ဆိုး ချစ်လို့ အလျှော့ပေးတဲ့ ယောက်ျားကြီးပဲ ကြောက်လို့ပေါ့ မိန်းမကို ကြောက်တဲ့ ယောက်ျားမရှိဘူးပေါ့နော်။ ချစ်လို့ အလျှော့ပေးကြတာ ကိုယ့်မိန်းမက ဒါလေးလုပ်လိုက်ရင် စိတ်ဆိုးသွားမလားဆိုတဲ့ စိတ်နဲ့ ယောက်ျားတွေအကုန်လုံး ဒီလိုမျိုး နေကြတယ်လို့ထင်ပါတယ်။ ကျွန်တော့်ထက်အိမ်ထောင် သက်တမ်းရင့်တဲ့ အစ်ကိုတွေ အစ်မတွေကပဲ ကျွန်တော့်ကို ဆုံးမတယ် ကျွန်တော်က ယောက်ျားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုနေဘယ်လိုထိုင်ဆိုတာ သူတို့ပြောပြတာလေးကို ကျွန်တော်အမြဲတမ်းနားထောင်တယ်။”လို့ ပြောသွားခဲ့ပါတယ်။

ရွှေမှုံရတီက ချွေတာပြီး သုံးတာနဲ့ ပတ်သက်ပြီး “အခုတောင် မှတ်မှတ်ရရပဲ သီချင်းသွားဆိုမလို့ ပိုက်ဆံလေး ၅သောင်းလောက် ပေးလိုက်ပါဆိုတာကို ၄သောင်းပဲ ယူသွားတဲ့ အေး၎သောင်းယူသွားမယ် အဲ့၎သောင်းကိုမှ တစ်သောင်းတန်ကို လိုက်စစ်တယ် ကပ်ပြီးတော့ ယူသွားမှာဆိုးလို့တဲ့။ တစ်ချို့ကျွန်တော့် ဘော်ဒါတွေတောင်ကျွန်တော့်ကို ဖုန်းဆက်ပြီးတော့ ဟရောင့်တဲ့ မင်းမိန်းမလုပ်တာ မင်းတို့ အင်တာဗျူးဖြေတာ ငါ့မိန်းမတွေကပါ ငါတို့ကို မုန့်ဖိုးမပေးကြတော့ဘူးတဲ့ မင်းတို့လုပ်တာဆိုပြီး ကျွန်တော့်ကိုတောင် ဝိုင်းဆဲနေကြသေးတယ်။”လို့ ပြောသွားခဲ့ပါတယ်။

မိန်းမဆီကနေ လက်ဆောင်တွေ အမြဲရဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ “ကျွန်တော်က သူ့ကို ပြောပါတယ် ဈေးအရမ်းကြီးတာတွေ မပေးပါနဲ့ ဘာမှမဖြစ်ဘူး။ သူကလည်းကိုယ့်ကို ဝတ်စေချင်တယ် ကိုယ်ကလည်း ဒီအဆိုတော်ဘက်က Rap ဘက်ကဆိုတော့ သူက ကျွန်တော့်ကို Rapper တွေဝတ်တဲ့ဟာမျိုးလေးကို ဝတ်စေချင်တယ်။ သူ့စေတနာလေးတွေပေါ့နော် ကျေးဇူးလည်း တင်တယ်။ အထူးသဖြင့် ကျွန်တော့်ရဲ့ အမျိုးသမီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘာပဲ လုပ်လုပ် အားပေးတယ် Support ပေးတယ်။ သူက လူကြီးဆန်တယ် ကျွန်တော့်ထက် လူကြီးဆန်တယ် စိတ်ဓာတ်ကျတယ်ဆိုတာ သူ့မှာ မရှိဘူး။ စိတ်ဓာတ်ကျတာ ဝမ်းနည်းတာ လုံးဝ မရှိဘူး။ ကျွန်တော်သူ့ကို အမြဲတမ်း လေ့လာကြည့်တယ်။ ကိုယ်တောင်မှ တစ်ခါတစ်လေ ဖြစ်တယ်။ သူက ဘာဖြစ်လို့လဲ ယောက်ျား ဘာမှမဖြစ်ဘူးလေ ဒါက ကိုယ့်အလုပ် ကိုယ်လုပ်တယ် ကိုယ့်မိဘကိုယ်ရှာကျွေးတယ် ဘာများ ဖြစ်လို့လဲတဲ့ ဒါက လူတိုင်းမှာ သူ့လွတ်လပ်ခွင့်နဲ့ သူပဲလေတဲ့ ဒါက စိတ်ဆင်းရဲနေရမယ့် ကိစ္စမဟုတ်ဘူးတဲ့ ကိုယ်က ပိုကောင်းအောင် ကြိုးစားဖို့ပဲ လိုတယ်ဆိုတာမျိုး သူက အမြဲတမ်း ကျွန်တော့်ကို ပြောပြတယ်။

ကျွန်တော်တို့က အခုအချိန်မှ စပြီးတော့ တည်ဆောက်နေရတာပေါ့နော် အိမ်ထောင်ဆိုတာက တည်ဆောက်ရတာဆိုတော့ အရင်တုန်းက ကျွန်တော်တို့က ခက်ခဲကြတယ် အားလုံးလည်း သိမှာပါ ကျွန်တော်တို့မှာလည်း တိုက်ခိုက်တယ်လို့ ကျွန်တော်မယူဆဘူး ကြိုက်တဲ့သူရှိတယ် မကြိုက်တဲ့သူရှိတယ်။ ဒီလိုပဲ နှစ်ယောက်လက်ကို တစ်ယောက်လက် တစ်ယောက်ဆွဲပြီးတော့ နားလည်မှုလေးတွေထားရတာပေါ့။ အခုကျွန်တော်တို့ တွေးတယ်ကလေးယူမလားဆိုရင် ကလေး မယူချင်သေးဘူး။ ကျွန်တော်တို့ လင်မယားနှစ်ယောက်ထဲ အတူတူ ခဏနေအုန်းမယ်။ “လို့ ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.