အန္တရာယ်ကြား ဆန္ဒထုတ်ဖော်နေတဲ့ သူရဲကောင်းလေး တွေကို ကြည့် ပြီး မျက်ရည်ဝဲကြည်သီးထသည်ထိဖြစ်ခဲ့ရကြောင်းတွေကို ရေးသားပြောကြား လာတဲ့ ကိုပေါက်

အန္တရာယ်ကြား ဆန္ဒထုတ်ဖော်နေတဲ့ သူရဲကောင်းလေး တွေကို ကြည့် ပြီး မျက်ရည်ဝဲကြည်သီးထသည်ထိဖြစ်ခဲ့ရကြောင်းတွေကို ရေးသားပြောကြား လာတဲ့ ကိုပေါက်

ကိုပေါက်ကတော့လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှာ တိုင်းပြည်အတွက် တစထော င့်တစ်နေရာကနေ တာဝန်ကျေတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ တက်တက်ကြွကြွ ပြည် သူပြည် သားတွေနဲ့အတူ ပါဝင်လုပ်ဆောင်ပေးခဲ့တာကို တွေ့မြင်ရပါတယ်။

ခုချိန်မှာတော့ ကိုပေါက်က တိုင်းပြည်အတွက် ဘက်ပေါင်းစုံက နိုင်ငံဝန်ထမ်းများကို လူထုလှုပ် ရှား မှု မှာ ပါဝင်ရန် တိုက်တွန်းပေးခဲ့မှု ကြောင့် မိသား စုနဲ့ ခွဲခွာပြီး အဝေးမှာခေတ္တရှောင်ရှား နေ ရတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အန္တရာယ်ကြားကနေ ဆန္ဒထုတ်ဖော် နေတဲ့ သူရဲကောင်းလေး တွေကို ကြည့်ပြီး မျက် ရည်ဝဲ ကြည်သီးထသည်ထဖြစ်ခဲ့ကြောင်းသူရဲ့ခံစားချက်လေးတွေနဲ့အတူ ဆန္ဒပြရာတွင် လိုက်နာရန်လိုအပ်တဲ့အကြောင်းအရာတွေကိုခုလိုသတိပေးပြောကြားလာတာဖြစ်ပါတယ်။”တော် လှန်ရေးညီနောင်များသို့…ပေးစာ မြန်မာပြည်သူ ပြည်သားများအားလုံး ကျန်းမာ ကြံ့ခိုင် ပါစေလို့ မေတ္တာပို့ပါတယ်။ညီနောင်အပေါင်းရဲ့ ရဲရဲတောက် ကြိုးပမ်းလှုပ်ရှားမှုတွေတွေ့ရတာ မျ က်ရည်များပင်လည်၍ကြက်သီးထလောက်အောင် အလွန်အားတက်မိပါတယ်။

တော်လှန်ရေးအတွက်အသက်ပေး သွားကြတဲ့ ညီမလေး မြသွဲ့သွဲ့ခိုင် ကစလို့ ဆရာဝန်၊ ဆရာမ အလယ် ညီညီ အဆုံး အားလုံးအတွက်မိသားစုများနဲ့အတူ ဝမ်းနည်းခံစားရပါကြောင်းနဲ့ ရောက် ရာအရပ်ကနေ ဦးညွတ်လိုက်ပါတယ်။ညီနောင်များကိုတစ်ခုလောက် မေတ္တာရပ်ခံချင် ပါတယ်။ ပြည်သူတွေနောက်ထပ်ပြီး သွေးမြေမကျရဘဲ အာဏာကို ဆန့်ကျင်လို့ရတဲ့တခြား နည်းတွေနဲ့ လှုပ် ရှားစေချင်ပါတယ်။ တရားမဝင်စစ်အာဏာသိမ်းတွေက ပစ်ခတ် ဖြိုခွင်းလို့ ကျွန်တော်တို့ လမ်း ပေါ်က ပျောက်သွားလို့မရပါဘူး။ဒါဆိုရင် သူတို့ရဲ့ဇာတ်ညွှန်းအဟောင်းထဲရောက်သွားပြီး ဆန္ဒပြဆူပူသူတွေမရှိတော့ပါဘူး၊ အေးချမ်းသွားပါပြီလို့ အရှက်မရှိတဲ့ TVနဲ့သတင်းစာတွေက ဖော်ပြပါလိမ့်မယ်။

အဲ့ဒီတော့ ကျွန်တော်တို့လမ်းပေါ်မှာလည်းရှိ နေမယ်၊ အသက်အန္တရယ် လည်း မဖြစ်စေတဲ့နည်း တွေ ကို သုံးစေချင်ပါတယ်။(၁) ကိုမင်းကိုနိုင်ပြောတဲ့ အချက်ကလည်း အလွန်ကောင်းပါတယ်။ မိမိတို့အိမ်နဲ့အနီးဆုံးလမ်းမတွေရဲ့ဘေးတဖက် တချက်စီမှာ တန်းစီ ဆန္ဒပြလို့ လည်း ရပါတယ်။ ကိုယ့်ရပ်ရွာ ကိုလည်းစောင့်ရှောက်ပြီးသားဖြစ်သလိုရဲနဲ့စစ်သား တွေရဲ့ ရန်က လည်းဝေး တဲ့အ တွက် လုပ်စေ ချင်ပါတယ်။၂)လမ်းပေါ်ထွက်စီတန်း ဆန္ဒပြချင်ကြတယ်ဆိုရင်လဲ စုရပ်မလုပ်ဘဲ၊ လမ်းဆုံ လမ်းဂွတွေမှာ အထိုင်ချဆန္ဒပြတာမဟုတ်ဘဲ၊ချီတက်လာရင်းရဲနဲ့စစ်တပ်က ရှေ့ကပိတ် ထား ရင် အနီးဆုံးထိလျှောက်မယ်၊ပြီးရင် မရပ်ဘဲ တဖက်လမ်းက ပြန်ကွေ့လာပြီးတခြားနေရာ ကို ရွှေ့ ပြီး(လုံးဝ မရပ်တန်း)နောက်လမ်းကြောင်းတစ်ခုကို ရှေ့ပြေးရဲ့သတင်းပို့ချက်အတိုင်း ချီ တက်မယ်။

ပထမနေရာမှာဆန္ဒပြတဲ့သူမရှိလို့ အာဏာရှင်လက်ပါးစေတွေတန်းဖြုတ် သွားရင် အဲ့ဒီ နေရာကို ပြန်သွားတာမျိုး(မရပ်တန်းလှုပ်ရှားမှု)နဲ့သွားရင်အသေအပျောက်နည်းပြီး ကျွန်တော်တို့လှုပ် ရှား မှု့ကလည်းရှိနေတာမျိုး တွေးမိတာကို အကြံပြုချင်ပါတယ်။ဆန္ဒပြ သူမရှိ တဲ့နေရာမှာ သူတို့ ထီး ထီး ကြီး အချိန်ကုန်ပါစေ၊သူတို့က ဆန္ဒပြသူတွေတွေရှိတဲ့နေရာကိုလာခဲ့ရင် တခြားနေရာရွှေ့၊ ဒါ ဆိုရင်သူတို့တွေ ဟိုရွှေ့ဒီရွှေ့နဲ့အချိန်ကုန် ဆီကုန် လူပန်းဖြစ်မယ်။ပြည်သူကပြည်သူကိုကာကွယ် တဲ့အစီအစဉ်တွေမျိုး လုပ်စေချင်ပါတယ်၊အကြံပြု တာပါ။ ကောင်းမယ် ထင်ရင် လည်းသုံး စေ ချင်ပါတယ်။

အသက်မပေးရတဲ့ အကြံကောင်း များ ရှိရင်လည်း အကြံပြု ရေးပေးပါ)အဓိက ကျွန်တော် ပြော ချင် တာက ဒီအာဏာရူးသူပုန်တွေအတွက်ကျွန်တော်တို့ပြည်သူတွေအသက်ပေးရတာ မတန်လို့ ပါ ။(လုံးဝ) မတန်လို့ ပါ။ ကျွန်တော်တို့ ငယ်ငယ်က သင်ဖူး ခဲ့တဲ့ နိယာမ တစ်ခု ရှိတယ်လေ မလို အပ် ရင် အားမစိုက်ပါနဲ့”တဲ့။ တကယ်လိုအပ်လို့အားစိုက်ရတာ အချည်းအနှီးမဖြစ် ပေမယ့် မလို အပ် ဘဲ အားစိုက်မိရင် အားကုန်တတ်ပါတယ်။ပြီးခဲ့တဲ့လှုပ်ရှားမှု့တွေကလည်း အားကောင်းခဲ့ သ လိုလိုအပ်လို့ အားစိုက်ခဲ့ပြီးပြီ နောက်ထပ်အား စိုက်မှုပုံစံ ဗျူဟာ အသစ်တစ်မျိုးနဲ့ ဆက်လက်ချီ တက် စေချင်ပါတယ်။

ကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေက တန်းနေလို့မရဘူး။ဇာတ်ရှိန်အနိမ့်အမြင့် တွေနဲ့အနုပညာဆန်ဖို့ လိုပါတယ်။ဒါဟာ ကျွန်တော့စကားမဟုတ် ဘူး။ဗိုလ်ချုပ်အောင်ဆန်းက ပြောဖူးတယ် နိုင်ငံတစ် နိုင် ငံ ကိုအုပ်ချုပ်မယ်ဆိုရင်တောင် အနုပညာ ဆန်ရတယ် တဲ့အုပ်ချုပ်မှုမှာ အနုပညာမပါရင်အဲ့ ဒီနိုင်ငံက ပျက်တာဘဲ”တဲ့။အားလုံးဘေးကင်ကြပါစေ။အရေးတော်ပုံ အောင်ရမည်။ စစ်အာ ဏာ ရှင် ကျဆုံးရမည်။အကြမ်းဖက်တာငါတို့မလုပ် လုပ်ရင်ငါတို့မဟုတ်။”စာလေးဖြစ်ပါတယ်။

Yuan – Cele Zone

Photo – Aung Min Naing

Comments are closed.