လူတွေက ဒီမိုကရေစီကို အလကား အသုံးချနေတယ်ဆိုတဲ့ ရွှေအိမ်စည်

လူတွေက ဒီမိုကရေစီကို အလကား အသုံးချနေတယ်ဆိုတဲ့ ရွှေအိမ်စည်

ရွှေအိမ်စည်ကတော့ ပွင့်ပွင့်လင်းလင်း ပြောတတ်သူပီပီ မြင်ရတွေ့ရ ဘဝင်မကျတဲ့ အချက်တွေကို အင်တာဗျူးမှာ ပြောလာပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက Miss Universe Myanmar Organization မှ ဒေါ်စိုးယုဝေရဲ့ ကောင်းမှု အကြောင်းပြုလို့ ရွှေအိမ်စည်တစ်ယောက် တရားရင်ဆိုင်ရတဲ့ထိ ဖြစ်သွားခဲ့ပါတယ်။ အနုပညာရှင်ရဲ့ အမှုဖြစ်တဲ့အတွက် ဟိုးလေးတကျော် ဖြစ်ကြတာမို့ ရွှေအိမ်စည်က တကယ်တမ်းနစ်နာမှ တရားစွဲသင့်တယ်ဆိုတဲ့ အချက်ကို သုံးသပ်ပြသွားပါတယ်။

MC နဲ့ အင်တာဗျူးမှာတော့ ရင်ထဲက ခံစားချက်တွေကို ရွှေအိမ်စည်က ခုလို ပွင့်ပွင့်လင်းလင်း ဖွင့်ဟသွားတာပါ။“ဒီမိုကရေစီ ဒီမိုကရေစီဆိုပြီး လူတွေက အလကား အသုံးချနေကြတာ။ ပြောရမယ်ဆိုရင် ကိုယ့်ရဲ့ မကျေနပ်ချက် တစ်ခုကို နိုင်ငံရေးတွေ ၊ laws and orders တွေ နဲ့ နွယ်ပြီး ငါ့မှာလုပ်ပိုင်ခွင့် ရှိတယ်ဆိုပြီး အော်နေကြတာ။ ဒီမိုကရေစီ ဆိုတာလည်း နားမလည် ကြဘူး။တစ်ချို့ ဖြစ်နေတဲ့ အမှုတွေအကုန်လုံးက အမှုတောင် မမြောက်သင့်ဘူး။ အိမ်စည် မြင်တွေ့နေရတာလေ။ ပြောရမယ်ဆိုရင် system အရ အိမ်စည့်ကို တရားဆွဲထားတယ် ဆိုရင်တော့ ရှင်းရမှာပဲ။ အိမ်စည့်အနေနဲ့ ကြည့်လို့ရှိရင် ဒီအလုပ် လုပ်နေရတာသည် မပျော်ရွှင်ဘူး။ ဒါပေမဲ့ ဖြေရှင်းရတဲ့ အခါ public က နားလည်မှုပေးလို့ တော်သေးတယ်။ ဥပဒေအရ လူတစ်ယောက်ကို လွယ်လွယ်နဲ့ တရားမဆွဲစေချင်ဘူး။ အကုသိုလ်များတယ်။ ဗုဒ္ဓဘာသာ အယူနဲ့ ပြောမယ်ဆိုရင် ကိုယ်လည်း ဝဋ္ဋ်ပြန်လည်မှာပဲ။

ဒီမှာကကျတော့ လူတစ်ယောက်ကို မနိုင်ရင် တရားဆွဲမယ် ဆိုတာချည်းပဲ။ တကယ်နစ်နာလို့ တရားစွဲတဲ့ အမှုတွေက နောက်ရောက် သွားပြီးတော့ ဘာမှမဟုတ်တဲ့ဟာတွေ ရှေ့ရောက်နေတာ မဖြစ်သင့်ဘူး ထင်တယ်။ ဒီထက်မက အရေးကြီးတာတွေ ရှိတယ်။ တခြားသူတွေ အနေနဲ့လည်း နစ်နာတယ်။ ဥပဒေဆိုတာကို အကြောင်းပြပြီး အပျော်တမ်း ကစားသလို ဖြစ်နေတယ်။ ငယ်ငယ်က ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် တိုင်သလို ဆရာမရယ် လုပ်ပါဦး။ သူက သမီးကို ဟိုဟာဖြစ်တယ်ပေါ့။

နိုင်ငံခြားမှာလည်း ရှိပေမယ့် လူတွေက ကိုယ့်စည်း ကိုယ်စောင့်တယ်။ ဒါပေမဲ့ တစ်ခုခု ဖြစ်ပြီဆိုလည်း ထိထိရောက်ရောက် လုပ်ပေးတယ်။ အခုက ဖေ့စ်ဘွတ်ပေါ်မှာလေ အကုန်လုံးက ညိနေကြတာ။ တစ်နိုင်ငံလုံးကို ဆွဲချလိုက်တော့ ဒီအမှုနဲ့တင် တိုင်ပတ်နေတာ။ တစ်ခြားအမှုတွေ မလုပ်နဲ့တော့။ အဲ့တော့ ကိုယ်ခံရရင် ကိုယ်ဆွဲ။ ရည်ရွယ်ပြီးတော့ မဆွဲစေချင်ဘူး။ သူများကို ဒုက္ခပေးရာ ရောက်တယ်။” ဆိုပြီး ပြောသွားပါတယ်။

အိမ်စည်က ပြီးခဲ့တဲ့ အောက်တိုဘာမှာ အသက် ၂၀ ပြည့်ခဲ့တာ ဆိုပေမဲ့ ရင့်ကျက်မှုကတော့ ၂၀ ထက် ကျော်ပြီဆိုတာကို ခုလို ဖြေကြားချက်အရ သိရပါတယ်။“ အိမ်စည် အခု ကိုယ့်ကိုယ်ကိုယ် ပိုပြီး strong ဖြစ်လာတယ်လို့ ခံစားရတယ်။ ကိုယ့်ကို ရိုက်ချမယ့်သူ ဆွဲတင်မယ့်သူ ဟိုဟာဖြစ်စေချင်တဲ့သူ ဒီဟာ ဖြစ်စေချင်တဲ့သူ တွေကြားထဲမှာ စိတ်ဓာတ်ကျမသွားဘဲ ကိုယ့်ကိုယ်ကိုယ် ဆွဲထူနိုင်တယ်ဆိုတော့ အဲ့ဒါတွေကို ကျော်လွှားနိုင်တာက အောင်မြင်မှုတစ်ခုပဲ။ ဒီထက်မက ပိုဆိုးတဲ့ အရာတွေ လာရင်တောင်မှ အားမွေးထားပြီး အေးဆေးကျော်ဖြတ်မှာ” လို့ ဆိုပါတယ်။

ရွှေအိမ်စည်ကတော့ စကားပြောပွင့်လင်းမှုရယ် အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်တည်ငြိမ်မှုတွေကြောင့် fans တွေ တဖြည်းဖြည်း တိုးလာတာ ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.