လူမင်းရဲ့ စိတ်နေသဘောထားကို ပြောပြလိုက်တဲ့ ခင်စံပယ်ဦး

လူမင်းရဲ့ စိတ်နေသဘောထားကို ပြောပြလိုက်တဲ့ ခင်စံပယ်ဦး

သရုပ်ဆောင် အကယ်ဒမီ လူမင်းကတော့ ယနေ့ခေတ်တိုင် နာမည်တစ်ခု ထိန်းထားနိုင်သူ ဖြစ်ပါတယ်။ ခင်စံပယ်ဦးနဲ့ အိမ်ထောင်ကျပြီး သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့တဲ့ လူမင်းက အနုပညာအလုပ်တွေနဲ့လည်း အဆက်မပြတ်ခဲ့ပါဘူး။ အန်ကယ်လေးလို့ အနုပညာအသိုင်းအဝိုင်းက ချစ်စနိုးခေါ်တဲ့ ကိုလူမင်းက ဘာသာရေးလည်း ကိုင်းရှိုင်းသူ တစ်ယောက်ပါ။

ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ ၁၃ မှာတော့ လူမင်းတစ်ယောက် ထူးထူးခြားခြား အလှူဒါနတစ်ခု ပြုခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ် ၊ လေးဒေါင့်ကန် စံပြကျေးရွာ မှာ တည်ထားတဲ့ ကိုးတောင်ပြည့် စေတီတော် ကို လူမင်းတို့ မိသားစုက ထီးတော် ဆပ်ကပ် လှူဒါန်းခဲ့ပါတယ်။ ထီးတောင်တင်တဲ့ အလှူမှာ အောင်ဆန်းရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသား ကျော်ကျော်မျိုးလည်း အတူတူ ပါဝင်ခဲ့ပါတယ်။

ဘာသာရေး ကိုင်းရှိုင်းတဲ့ ခင်ပွန်းဖြစ်သူ လူမင်းရဲ့ စိတ်ထားကိုတော့ ခင်စံပယ်ဦးက ခုလို ပြောသွားပါတယ်။“အဓိကကတော့ ကိုလူမင်းပါပဲ။ သူထီးတင်တာကို ညီမတို့က နောက်က ပါရမီ ဖြည့်ပေးတာပေါ့။ အရမ်းဝမ်းသာပါတယ်။ မိသားစု တူတူ ထီးတင်ခွင့်ရတာ။ အိမ်ထောင်ကျကာစတုန်းကတော့ ထီးတင်ဖူးတယ်။ ဘုရားတွေလည်း တည်ဖူးတယ်။ ပုဂံမှာတုန်းက ဒုတိယအကြိမ် ဘုရားတည်ဖြစ်တယ်။

ကိုလူမင်းက အလုပ် အရမ်းကြိုးစားတယ်။ ဝီရိယလည်း ကောင်းတယ်။ သူများနဲ့ မတူတာက သူက စိတ်ရှည်သည်းခံတယ်။ ဘယ်သူ ဘာပြောပြော အားလုံးကို ခွင့်လွှတတ်တယ်။ တော်ရုံတန်ရုံ ကိုယ်က အပြောအဆို ဝေဖန်ခံရရင်တောင်မှ စိတ်မကောင်းဖြစ်တာ ရှိတယ်။ ဒါပေမဲ့ သူကကျတော့ ကိုယ့်ထက် အတွေ့အကြုံ ရှိတယ်။

အခက်အခဲတွေနဲ့ ကြုံတိုင်း ဘုရားတရား ပိုလုပ်ဖြစ်တယ်။ အခုလည်း ပိုလုပ်ဖြစ်တယ်။ဘုရားတရားနဲ့ပဲ အေးချမ်းစွာ ဖြတ်သန်းချင်ပါတယ်။ နဂိုတည်းက သူက ဘုရားတရားလုပ်တော့ တစ်ချို့ကိစ္စလေးတွေမှာ သူ့ကို အားကျရတယ်။ ကျေနပ်ပါတယ်။ ကိုယ့်ကို စိတ်ရှည်သည်းခံတဲ့ ယောက်ျားဆိုတော့ ။” ဆိုပြီး ပြောသွားပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာရော လူမင်းရဲ့ အမာခံ ပရိသတ်တွေ ပါလား။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.