ရည်းစားတိုင်းကို ကို လို့ပဲခေါ်တယ်ဆိုတဲ့ အေးမြတ်သူ

ရည်းစားတိုင်းကို ကို လို့ပဲခေါ်တယ်ဆိုတဲ့ အေးမြတ်သူ

ချစ်စရာ အပြုံးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်တွေ အားပေးလက်ခံထားတဲ့ မင်းသမီးချော အေးမြတ်သူကတော့ သူ့ရဲ့ ရည်းစားတွေကို ဘယ်လိုခေါ်လေ့ရှိလဲဆိုတာကို ပြောကြားသွား ခဲ့ပြီး လူတယောက်ကို Body Shaming လုပ်တာ ကောင်းလားမကောင်းဘူးလားဆိုတဲ့ အကြောင်းကိုလည်း သူမရဲ့ အမြင်လေးတွေနဲ့ ပြောကြားသွားခဲ့ပါတယ်။

အေးမြတ်သူက Sunday နဲ့ အင်တာဗျူးမှာတော့ ချစ်သူကို ခေါ်တဲ့ပုံနဲ့ ပတ်သက်ပြီး “မောင်လို့တော့ မခေါ်ဘူး။ ခေါ်လည်း မခေါ်တတ်ဘူး။ အေးမြတ်သူ စိတ်ထဲမှာ ရည်းစားတွေကို ကို လို့ပဲ ခေါ်ဖူးတယ်။ ရည်းစားဟောင်းတွေ ရည်းစားတာ ပြောင်းသွားမယ်။ ကို လို့ပဲ ခေါ်တယ်။ အဲ့ဒါမမှားတော့ဘူးလေ။ အဆင်လည်း ပြေတာပေါ့”

အိမ်ထောင်ပြုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး “အေးမြတ်တို့က အခုလက်ရှိအနေအထားအရ အသက် ၃၀ ကျော်သွားပြီဆိုတော့ အရမ်းကို တွေးလာတယ်။ အသက် ၃၀ ကျော်တဲ့ မိန်းမက အရမ်းကို တွေးခေါ်လာပါတယ်။ ငယ်ငယ်လေးနဲ့ မိုက်ရူးရဲဆန်ပြီးတော့ အိမ်ထောင်ပြုခဲ့ရင် ဒီအချိန်မှာ အေးမြတ်သူက သာယာတဲ့ အိမ်ထောင်ရေး ဖြစ်နေနိုင်သလို ပြိုကွဲတဲ့ အိမ်ထောင်ရေးလည်း ဖြစ်နေနိုင်တာပဲလေ။ ပြောချင်တာကတော့ အေးမြတ်သူက မိသားစုဘဝကို မက်မောတယ်။ အဲ့တော့ ဒီအချိန်မှာ ငါဘာလို့ အိမ်ထောင်မပြုခဲ့တာလဲပေါ့။ အဲ့လို ပြန်စဉ်းစားမိတာ။ အဓိကကတော့ ကိုယ့်မိသားစုပေါ့။ ကိုယ့်မိသားစုကို အရမ်းချစ်တယ်။ အရမ်းခင်တွယ်လို့ အခုထိ ကိုယ်ပိုင်မိသားစုလေး မဖန်တီးနိုင်သေးတာပေါ့”

Body Shaming လုပ်တာနဲ့ ပတ်သက်ပြီး “အဲ့ဒါကတော့ မကောင်းပါဘူး။ မှန်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒါကြီးက ကိုယ့်ကိုပြောင်းလဲပေးနိုင်တဲ့ တွန်းအားတခုလို့ ခံယူလိုက်ပါ။ ဒါမှမဟုတ်လည်း ငါ ဝ တာကို ကြိုက်တယ်ပေါ့။ ကိုယ့်ကို ပြောတာ မခံနိုင်ရင်တော့ ကိုယ်တိုင် ပြောင်းလဲလိုက်ပါ။ တခါတခါကျရင် တဖက်လူတွေရဲ့ တွန်းအားတွေက ကိုယ်ယူတတ်တယ်ဆိုရင်တော့ အများကြီး ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ ပြန်ပြီး အရွဲ့တိုက်နေရင်တော့ အဆင်မပြေပါဘူး။ အဲ့လိုမှ မဟုတ်ဘူး။

ကိုယ်ကိုယ်တိုင်ကလည်း ဝတာကို ကြိုက်တယ်။ ဝတာကို သဘောကျတယ်။ ပတ်ဝန်းကျင်က လက်ခံရင်တော့ တမျိုး။ ဝတဲ့သူမှ မဟုတ်ဘူး။ ပိုက်ဆံမရှိရင်လည်း ကဲ့ရဲ့ခံရတတ်တယ်။ ပြီးတော့ မခံချင်စိတ်နဲ့ ကြိုးစားလေ။ တခါတလေကျရင် ပတ်ဝန်းကျင်က ကိုယ့်ကို ကဲ့ရဲ့ချင်လို့ ပြောတာလား ပြောင်းလဲစေချင်လို့ ပြောတာလားဆိုတာကိုတော့ စဉ်းစားရမှာပေါ့။ ဒါပေမယ့်လည်း Body Shaming လုပ်တာကတော့ မကောင်းဘူးပေါ့။ ကိုယ်က သူများကို လက်ညှိုးတချောင်းထိုးရင် ကိုယ့်ကို လေးချောင်းထိုးနေတာလေ” ဟု ဖြေကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.