ခုချိန်ထိ ရင်သွေးလေးမရသေးတဲ့အကြောင်း ပြောလာတဲ့ ခင်ဘုဏ်း

ခုချိန်ထိ ရင်သွေးလေးမရသေးတဲ့အကြောင်း ပြောလာတဲ့ ခင်ဘုဏ်း

တချိန်တုန်းက ခံစားချက်သီချင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲ ရောက်ခဲ့တဲ့ အဆိုတော် ခင်ဘုဏ်းကိုတော့ မှတ်မိကြဦးမယ် ထင်ပါတယ်။ အဆိုတော် ခင်ဘုဏ်းကတော့ အနုပညာလောက ကနေ ပျောက်သွားတာ ကြာပြီ ဖြစ်ပြီး နိုင်ငံခြားမှာ အခြေချနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ မြန်မာပြည်ကို ပြန်လာပြီး သီချင်းတွေလုပ်သွားဖို့ရှိပြီး သူမရဲ့ အိမ်ထောင်ရေး အကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။

Trend နဲ့ အင်တာဗျူးမှာတော့ ခင်ဘုဏ်းက မပြန်ခင် ဘာတွေလုပ်သွားဖို့ ရှိလဲဆိုတဲ့ အပေါ်မှာတော့ “တကိုယ်တော် သီချင်းလေးတွေကို MTV လေးတွေ ရိုက်သွားမယ်။ ၂၀၁၉ မှာ ထွက်ဖြစ်ဖို့ပေါ့။ သီချင်းလေးတွေကတော့ ထွက်ဖို့ရှိတယ်။ ခင်ဘုဏ်း ရယ် ရှင်ဖုန်းရယ် ရေဗက္ကာဝင်းရယ် ယုဇနရယ် သီချင်းလေးတပုဒ် ထွက်လာဖို့ လုပ်နေပါတယ်။ အဲ့သီချင်းလေးကိုလည်း မတ်လ လောက် ထွက်လာဖို့ ကြိုးစားနေပါတယ်”

သီချင်းပြန်လုပ်တဲ့အခါ ဘယ်လိုမျိုးတွေ ကွာခြားသွားလဲဆိုတဲ့ အပေါ်မှာတော့ “နည်းပညာပိုင်းဆိုင်ရာတော့ အများကြီး တိုးတက်လာတယ်။ ထွက်ရတာလည်း ပိုလွယ်လာတယ်။ အွန်လိုင်းပေါ်ကနေ သီချင်းတွေလည်း လုပ်လို့ရတော့ ပိုပြီးတော့ လွယ်ပါတယ်။ မြန်မြန်တော့ ခရီးတွင်ပါတယ်။ အခက်ခဲကတော့ သိပ်မရှိတော့ပါဘူး။ ပြောင်းလဲမှုတွေကတော့ အများကြီးပါပဲ။ ကိုယ့်ကိုကိုယ် အသက်ကြီးလာပေမယ့်လည်း ငယ်တယ်လို့ ထင်နေတုန်းပါပဲ”

လက်ရှိပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး “အေးအေးချမ်းချမ်းလေးပါပဲ အမ ဒီကို ပြန်လာတယ်ဆိုရင်လည်း သူလိုက်လာတယ်။ ပြီးတော့သူက အလုပ်ရှိတဲ့သူဆိုတော့ ပြန်သွားတယ်။ အမတို့ အိမ်ထောင်ရေးကလည်း နားလည်မှုရှိရှိပါပဲ။ အမ မြန်မာပြည်မှာ နေတယ်။ သီချင်းလေးတွေလုပ်မယ်ဆိုရင်လည်း ဟိုကနေ ပံ့ပိုးပေးတယ်။ သီချင်းလေးတွေ လုပ်ဖို့လည်း အားပေးတယ်။ သီချင်းလေးတွေလည်း သူကိုယ်တိုင် တီးပေးတယ်”

ရင်သွေးလေးယူဖို့ကော အစီအစဉ်ရှိလားဆိုတဲ့ အပေါ်မှာ “အဲ့ဒါကတော့ ကံပေးတဲ့ အတိုင်းပဲပေါ့။ ခင်ဘုဏ်းတို့ ရင်သွေးလေး မရဘူးပေါ့နော်။ မရတဲ့အတွက် နောက်မှရလာရင်လည်း Welcome ပါ မရတော့ရင်လည်း ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းသွားမှာပါ။ ရရင်လိုချင်ပါတယ်။ အသဲအသန်လိုမျိုးကြီးတော့ မရှိပါဘူးရှင်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Comments are closed.