Myanmar Idol season 4 မှာပြန်မြင်ရင်ရမယ့် ကျော်ထက်အောင်

Myanmar Idol season 4 မှာပြန်မြင်ရင်ရမယ့် ကျော်ထက်အောင်

ကျော်ထက်အောင်လို့ပြောလိုက်တာနဲ့Myanmar Idol အဆိုပြိုင်ပွဲနဲ့တွဲပြီးမြင်မိမယ်ဆိုတာပြောရဲပါတယ်။သူနဲ့Idolကြားမှာရှိတဲ့အခြေအနေကို The Radar နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားပါတယ်။အဲ့ဒီပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြန်ပြောပြလိုက်ပါတယ်။

သူပြန်ပါမှာလား၊ဒိုင်တွေကဘယ်သူတွေလဲ၊ ပြောင်းလဲမှုတွေရှိလားဆိုတဲ့မေးခွန်းတွေကို “ကျနော်ကတော့ပြန်ပါမှာပါ ။ ဒိုင်တွေကတော့ဘယ်သူတွေဖြစ်မလဲဆိုတာမသိသေးပါဘူး။ ဘယ်နေ့ဘယ်လိုပြန်စမလဲဆိုတာကိုတော့မသိရသေးပါဘူး ။ ကျနော်တောင်အလုပ်တွေလုပ်ချင်လို့ ပူဆာပြီးမေးထားလို့သိရတာပါ။ လူသိခံလို့တော့မရသေးပါဘူးလေ။ အကုန်လုံးကတော့ပုံမှန်အတိုင်းသွားမှာပါ။အခြေနေပေါ်မူတည်ဘယ်လိုလုပ်ရမလဲ တင်ဆက်ပုံဘယ်လိုပြောင်းရမလဲဆိုတာလောက်ပဲရှိမှာပါ။”လို့ပြောပြခဲ့ပါတယ်။

Myanmar Idol အပေါ်ထားတဲ့သူရဲ့စိတ်သဘောထားကိုလည်း “ကျနော်ကအစတုန်းက Freelance Presenter လုပ်နေတာလေ Myanmar Idolနဲ့ကြမှ ပရိသတ်ရှေ့ရောက်လာရတာပါ။ အဲ့တာကြောင့် Idolကိုတော့ကျနော်လုံးဝမစွန့်လွှတ်ဘူးဆိုပြီးဆုံးဖြတ်ထားတာ။ တကယ်လို့မမီးတို့က အသစ်တွေကိုနေရာပေးမယ်ဆိုရင်တော့ ကျနော်က်လူသစ်တစ်ယောက်ကိုပြောင်းတော့မယ်ဆိုရင်တော့ ပရိသတ်နဲ့ဒိုင်တွေနဲ့ကျနော်တို့ကြားမှာမသိဘဲလုပ်ရတဲ့အလုပ်ကလေးတွေ၊လုပ်ထုံးလုပ်နည်းတွေ၊Formatတွေကိုနည်းပြအနေနဲ့ပြန်လုပ်ဖို့တောင်အစီစဉ်ရှိပါတယ်။”လို့ပြောပြသွားပါတယ်။

Myanmar Idol Season 2 Grand Final at Hexagon Complex,25 March 2017

လူတွေတော်တော်များများကလည်းIdolကိုစောင့်နေကြမယ်ထင်ပါတယ်။ဘာလို့လဲဆိုတော့ Idolစင်ပေါ်ရောက်လိုက်တာနဲ့အောင်မြင်သွားဖို့ကနီးစပ်နေပြီလေ။Idol ကတကယ်အရည်အချင်းရှိတဲ့သူကိုတင်တာပါ။ဇာတ်လမ်းတွေဘာတွေ ဘာကိုမှမကြည့်ပါဘူး ။တချို့ကအဲ့ဒီလိုမျိုးထင်ကြတယ်လေ။လာပြိုင်မယ့်လူငယ်တွေအနေနဲ့လည်း ဝမ်းစာဖြည့်ပြီးလာပြိုင်ပါလို့ဖိတ်ခေါ်ချင်ပါတယ်။

ပရိတ်ကြီးရော ကျော်ထက်အောင်ကိုပဲ Myanmar Idol မှာဆက်မြင်ချင်သေးလားဆိုတာကိုဖြေသွားပါ့ဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.