မင်းသိင်္ခရဲ့ မနုစာရီဝတ္ထုကိုဖျက်ဆီးမှာမဟုတ်ဘူးဆိုတဲ့ ညိုမင်းလွင်

မင်းသိင်္ခရဲ့ မနုစာရီဝတ္ထုကိုဖျက်ဆီးမှာမဟုတ်ဘူးဆိုတဲ့ ညိုမင်းလွင်

အခုလတ်တလောမှာ ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ပရိသတ်တွေစွဲလန်းနှစ်သက်ခဲ့ရတဲ့ ဝတ္ထုတွေကို ရုပ်ရှင်အဖြစ်ပြန်လည်ဖန်တီးတာတွေခပ်စိပ်စိပ်ထွက်လာနေတာနဲ့အမျှ ပရိသတ်တွေမျှော်လင့်ထားတဲ့ ဇာတ်ကောင်စရိုက်တွေနဲ့ လွဲချော်နေတာတွေ လိုအပ်နေတာတွေ ကိုက်ညီမှုမရှိဘူးလို့ခံစားနေရတာတွေကြောင့် ပရိသတ်တွေက ဝတ္ထုတွေကို ရုပ်ရှင်ရိုက်တော့မယ်ဆိုရင်အလိုလိုထိတ်လန့်စိုးကြောက်နေကြပါတယ်။ ဝါရင့်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ညိုမင်းလွင်ကတော့ မင်းသိင်္ခရဲ့ မနုစာရီဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်ဖန်တီးနေပြီဖြစ်ပါတယ်။ ညိုမင်းလွင်က မကြာသေးမီက အင်တာဗျူးတစ်ခုမှာ မနုစာရီကိုတော့ ဖျက်ဆီးမှာမဟုတ်ကြောင်းနဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းပြောပြသွားပါတယ်။

ညိုမင်းလွင်က မနုစာရီဇာတ်ကားနဲ့ပတ်သက်ပြီး မနုစာရီကိုလုံးဝဖျက်ဆီးမှာမဟုတ်ဘူးလို့ “ကျွန်တော့်အနေနဲ့ပြောရရင်တော့ ကျွန်တော်အရမ်းကြိုက်ခဲ့ဖူးတဲ့ ကျွန်တော်တန်ဖိုးထားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့အတွက် ကျွန်တော်မနုစာရီကို လုံးဝမဖျက်ဆီးဘူး။ အဲဒါတော့သေချာတယ်။ ကျွန်တော်လုပ်နိုင်သမျှအချိန်တွေအားလုံး ကျွန်တော် မနုစာရီအပေါ်မှာမြှုပ်နှံထားတယ်။ အဲဒါလည်းသေချာတယ်။ ကျန်တာက Master Piece ဖြစ်တယ်မဖြစ်ဘူးဆိုတာက ပရိသတ်ဆုံးဖြတ်တာပါ။ကျွန်တော့်အနေနဲ့တော့ ဘယ်ဟာက Master Piece ဆိုတာမျိုးမရှိပါဘူး”လို့ ရှင်းပြသွားပါတယ်။

ပရိသတ်တွေမျှော်လင့်နေကြတဲ့ အနန္တဇာတ်ကားနဲ့ မနုစာရီဇာတ်ကားနဲ့ ဖန်တီးရပုံခြင်းမတူပုံကိုလည်း “ကျွန်တော့်အနေနဲ့ အနန္တကဖန်တီးရတာလွယ်တယ်။ အားသာချက်ဘာရှိလဲဆိုတော့ အနန္တမှာက ဇာတ်ကောင်အပေါ်မှာ ပရိသတ်ကကြိုပြီးတော့ expect လုပ်ထားတဲ့ဟာ၊ imagine လုပ်ထားတဲ့ဟာ မရှိဘူး။ ဘာလို့ဆိုတော့ ကျွန်တော်ချပြတဲ့ဇာတ်ကောင်အသစ်ကို။ မနုစာရီကျတော့ စာဖတ်ပရိသတ်တစ်ထောင်ရှိတယ်ဆိုရင် သူတို့စိတ်ကူးယဉ်ထားတဲ့မနုစာရီပေါင်းက အနည်းဆုံးငါးရာလောက်တော့ရှိနိုင်တယ်။ ဆိုတော့ အဲဒါကိုတစ်ထပ်တည်းကျအောင်လုပ်ဖို့တော့မဖြစ်နိုင်ဘူး”လို့ ပြောပြထားပါတယ်။

ညိုမင်းလွင်က အခက်အခဲတွေကြုံလာတဲ့အခါဖြေရှင်းပုံကို “ကျွန်တော်လက်ခံထားတာတစ်ခုက အခက်အခဲရှိရင် အဲဒီအခက်အခဲကိုဖြေရှင်းစရာနည်းလမ်းလည်းရှိတယ်ဆိုတာကိုကျွန်တော်လက်ခံထားတယ်။ စိတ်ရှု့ပ်စရာတွေကှိုရှင်းတာကတော့ Facebook ကနေထွက်လိုက်တာက အဆင်အပြေဆုံးနည်းလမ်းပဲ။ ကျွန်တော်တို့ရဲ့အချိန်တွေကိုမသိမသာခိုးယူနေတဲ့ Facebook ကနေထွက်လိုက်တာက အလုပ်လုပ်စရာအချိန်တွေအများကြီးပိုထွက်လာတယ်”လို့လည်းပြောပြသွားပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှုတွေကိုတော့ ညိုမင်းလွင်က “ကျွန်တော်မနုစာရီကို လက်စသတ်နေပါတယ်။ဒီ 2019 ထဲမှာ ပရိသတ်တွေဆီကို Trailer အရင်ရောက်ပါလိမ့်မယ်။ ကျွန်တော်လုပ်နိုင်သလောက်အကောင်းဆုံးလုပ်နေပါတယ်ဆိုတာကလွဲရင် ကျန်တဲ့ရုံတင်ရက်တွေက ကျွန်တော်မပိုင်တော့ပြောရခက်တယ်။ 2018 ခုနှစ်မှာ ရုံတင်နိုင်လိမ့်မယ်လို့မှန်းတယ်။ ဒါပေမယ့်လည်း ရုံရက်တွေက စီရင်းနဲ့ 2019 ထဲရောက်လာတာပဲ။ ဆိုတော့ ကျွန်တော့်အနေနဲ့ ခုနှစ်သက္ကရာဇ်တွေခွဲပြီးပြောနေရတာအဆင်မပြေဘူး။ ကျွန်တော်ကြိုးစားနိုင်သလောက် ကျွန်တော်လုပ်နိုင်သလောက် ဘာတစ်ခုမှမခြွင်းမချန်ပဲနဲ့ ကျွန်တော်လုပ်နေပါတယ်။အဲ့လိုပဲပြောချင်ပါတယ်”လို့ ဖြေကြားသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.