ဂေးဖြစ်နေရင် ဖွင့်ချလိုက်ပါ မလိမ်ပါနဲ့ဆိုတဲ့ စည်သူမောင်

ဂေးဖြစ်နေရင် ဖွင့်ချလိုက်ပါ မလိမ်ပါနဲ့ဆိုတဲ့ စည်သူမောင်

ယောကျာ်းပီသတဲ့ ရုပ်ရည်နဲ့ အသံသြဇာကောင်းကောင်း မင်းသားတယောက် ဖြစ်တဲ့ စည်သူမောင်ကိုတော့ တော်တော်များများ ရင်းနှီးကြမှာပါ။ စည်သူမောင်တယောက်ကတော့ လက်ရှိချိန်ထိ လူပျိုကြီး လုပ်နေတာ ဖြစ်ပြီး သူ့အချစ်ရေးကိုပြောကြားသွားခဲ့ပါတယ်။ ထို့နောက် ဂေးတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ အတွေးအမြင်လေးတွေကိုလည်း ပြောကြားသွား ခဲ့ပါသေးတယ်။

စည်သူမောင်ကတော့ MyanmarLoad နဲ့ အင်တာဗျူးမှာတော့ ဘယ်လိုလက်တွဲဖော်ကို ရွေးချယ်ဖြစ်မလဲဆိုတဲ့ အပေါ်မှာတော့ “အဲ့ဒါကိုတော့ ကျွန်တော်မပြောတတ်သေးဘူးဗျာ။ နားလည်မှုရှိတယ် မရှိဘူးဆိုတာကတော့ ဘယ်လိုအခြေနေမှာ ဖြစ်မလဲမသိဘူးလေ။ အချိန်ပေါ်မူတည်တယ်။ အခြေနေပေါ်မူတည်တယ်။ ပြီးတော့ ကျွန်တော်ကလည်း အားနည်းချက်တွေ ရှိတဲ့သူတယောက်ဆိုတော့လေ။ အဲ့ဒါကတော့ ဒီအချိန်မှာ ပြောဖို့ မသိသေးဘူးပေါ့”

ဂေးနဲ့ ပတ်သက်ပြီး တွေ့ကြုံဖူးတာတွေ ရှိလားဆိုတဲ့ အပေါ်မှာတော့ “အရင်တုန်းက ကျွန်တော်တို့ သရုပ်ဆောင် စလုပ်တုန်းက ဒီလိုမျိုး ဂေးတွေက နည်းသေးတယ်ဗျာ။ အခုတော့များလာပြီ ပွင့်ထွက်လာကြတယ်။ ပွင့်လင်းလာကြတယ်။ ဒါကိုလည်း လူနေမှုအသိုင်းအဝိုင်းက လက်ခံပေးကြတယ်။ အားလုံးက တန်းတူပဲပေါ့။ လက်ခံလာကြတယ်။ နောက်ဆုံးပွဲတွေမှာက အစ အားလုံးတန်းတူ တူတူသွား တူတူလာကြတယ်။ ဒါကတော့ ကောင်းပါတယ်”

“ကျွန်တော့်ကိုလည်း ချစ်ခွင့်ရှိပါတယ်။ မိန်းမအချစ်မရှိတဲ့သူတွေလဲ ယောကျာ်းအစစ်မဖြစ်တဲ့သူတွေလည်း ချစ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တကယ် ၁၅၀၀ အချစ်နဲ့ ချစ်တဲ့သူမျိုး သားသားမီးမီးတွေ မွေးမယ့်လူမျိုးကတော့ တကယ်ကို စစ်တဲ့ မိန်းမတွေကိုပဲ ပြောတာပါဗျာ”

ဂေးဆိုတာကို ဖုံးကွယ်ထားတဲ့ လူတွေကိုပြောချင်တာကတော့ “ပွင့်ပွင့်လင်းလင်း ပြောချင်တာကတော့ ဖွင့်ချလိုက်ပါ။ ဘာလို့လဲဆိုတော့ ကိုယ့်အတွက်ရော ကိုယ့်ဘေးနားက လူတွေအတွက်ရော အနှောက်အယှက်ဖြစ်နေတာတွေ အတွက် ပွင့်နေရင်လည်း ဖွင့်ချလိုက်ပေါ့။ လိမ်တယ်ညာတယ် ဖုံးကွယ်တယ်ဆိုတာ မကောင်းဘူးပေါ့။ ဥပမာ ပြောရရင် ဥက္ကာမင်းမောင် သူက ကျွန်တော်ညီလိုပါပဲ။ သူဆိုလို့ရှိရင် သူ့စိတ်အနေအထားတခုကို ပွင့်ပွင့်လင်းလင်း လေးလေးစားစားနဲ့ အသိပေးတယ်။ ဒါက အခုနောက်ပိုင်းမှာ အားနည်းချက်လည်း မဟုတ်ပါဘူး။ ရှက်စရာလည်း မဟုတ်ပါဘူး။ စိတ်ခံစားချက်တခုပါပဲ” ဟု ဖြေကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.