သွားရင်းလာရင်းလမ်းပေါ်မှာဖြစ်နေတဲ့ လက်ရှိအခြေအနေအားပြည် သူ တွေသိရှိရအောင်ဗီဒီယိုရိုက်ကူးကာဝေမျှပေးလာတဲ့ ပိုင်တံခွန်
သရုပ်ဆောင် ပိုင်တံခွန်ကတော့ ပြည်တွင်းတွင်သာမကဘဲ ပြည်ပနိုင်ငံက ပရိသတ်တွေများစွာရဲ့ တစ်ခဲနက် ဝန်းရံအားပေးခြင်းတွေကို သိမ်းပိုက်ရရှိထားတဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာလည်း ပြည်သူတွေနဲ့အတူ ရဲရဲဝံ့ဝံ့ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။ လူငယ်ပီပီ ရှေ့ဆုံးကနေပြီး ပြည်သူတွေကို ကာကွယ်ပေးနေတာကြောင့်လည်း ယောကျာ်းလေးပရိသတ်တွေကပါ လေးစားနေကြတာလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အွန်လိုင်းပေါ်တွင် ပျောက်ကွယ်ခဲ့တာကြောင့် အားလုံးက စိတ်ပူနေခဲ့ကြပြီး လက်ရှိမှာတော့ သူတတ်နိုင်တဲ့ဘက်ကနေ လှုပ်ရှားပါဝင်ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်များကိုလည်း အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ပိုင်တံခွန်ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ပေးထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ သွားရင်းလာရင်းလမ်းပေါ်မှာဖြစ်ပေါ်နေတဲ့အခြေအနေအားပြည်သူတွေသိရှိရအောင်ဗီဒီယိုရိုက်ကူးကာဝေမျှပေးလာတာပဲ ဖြစ်ပါတယ်။ သူကလည်း ” ဂရုစိုက်ကြပါ အားလုံး ရဲကားတွေအများကြီး ထွက်လာနေပါပြီ” ဆိုပြီး ရေးသားထားတာကြောင့် ပရိသတ်တွေလည်း ကြည့်ရှုလို့ရအောင် ပိုင်တံခွန်ရဲ့ ဗီဒီယိုဖိုင်ကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Paing Takhon’s Facebook Account and Page
[Zawgyi]