အသက်အန္တရာယ်ကိုမမှုဘဲနေ့တိုင်းလှုပ် ရှားနေကြတဲ့ပြည်သူတွေ အဟာ ရ ပြည့်ဖို့အတွက် စားစရာတွေကိုယ်တိုင် ပြင်ဆင်ပြီး လှူဒါန်းကြတဲ့ လွင်မိုးတို့ မိ သားစု

အသက်အန္တရာယ်ကိုမမှုဘဲနေ့တိုင်းလှုပ် ရှားနေကြတဲ့ပြည်သူတွေ အဟာ ရ ပြည့်ဖို့အတွက် စားစရာတွေကိုယ်တိုင် ပြင်ဆင်ပြီး လှူဒါန်းကြတဲ့ လွင်မိုးတို့ မိ သားစု

အကယ်ဒမီလွင်မိုးကတော့ လက်ရှိအခြေအနေတွေမှာဆိုရင် ပြည်သူတွေဘက်မှာရှိပြီး အနုပညာမောင်နှမတွေနဲ့အတူ လမ်းမပေါ်ထွက်ကာ ရင်ဆိုင်နေတာဖြစ်ပါတယ်။ဦးလွင်မိုးက Gen X မျိုးစက်ဖြစ်ပေမယ့် အိမ်ထဲမှာမနေဘဲပြည်သူတွေကို တစ်တပ်တစ်အားပါဝင်ကူညီပေးနေတာဖြစ်ပါတယ်။

လွင်မိုးရဲ့သမီးကြီးလေး ယွန်းဝတီလွင်မိုးကလည်း အခုရောက်ရှိနေတဲ့ဩစတေးလျနိုင်ငံမှာပဲ မြန်မာလူမျိုးတွေနဲ့အတူ လမ်းမပေါ်ထွက်ပြီး လှုပ်ရှားနေတာဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာ လွင်မိုးတို့မိသားစုကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေကြတာဖြစ်ပါတယ်။

ဦးလွင်မိုးကတော့ တစ်ခေတ်တစ်ခါတုန်းကအခြေအနေတွေကိုလည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဖြစ်လို့ အခုလိုအချိန်မျိုးမှာ လူငယ်တွေကို လွတ်မြောက်ဖို့နည်းလမ်းတွေ၊ကာကွယ်ရပုံတွေကို သူသိသလောက်သင်ပြပေးတာဖြစ်ပါတယ်။

ဦးလွင်မိုးနဲ့ဦးဇင်ဝိုင်းတို့နှစ်ယောက်က လူငယ်တွေနဲ့အတူ နေ့တိုင်းလမ်းမပေါ်ထွက်ပြီး စိတ်ဓာတ်အားမာန်အပြည့်နဲ့ လူထုလှုပ်ရှားမှုတွေ မှာ ပါဝင်နေတာဖြစ်ပါတယ်။လွင်မိုးရဲ့ဇနီးသည်ကလည်း အိမ်ထဲမှာအလကားမနေဘဲ ပြည်သူတွေအဟာရပြည့်ဖို့အတွက် မုန့်တွေကိုယ်တိုင်လုပ်ပြီး လှူဒါန်းနေတာဖြစ်ပါတယ်။

လွင်မိုးရဲ့ဇနီးကတော့”နွေဦးတော်လှန်ရေး၊ ခွန်အားဖြည့်အလှူမှတ်တမ်း” GXတွေ အိမ်ထဲမှာနေ နေ ရတာကို တာဝန်မကျေဘူးလို့ခံစားနေရတယ်၊ စားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်ပါပဲကလေး တို့ရေစွမ်းအားရှိသလောက် အတူပါဝင်အားဖြည့်သွားမှာပါ”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်

လွင်မိုးတို့မိသားစုကတော့ ပြည်သူလူထုအတွက် လိုအပ်တဲ့နေရာကနေ တတ်အားသ၍ကူညီပေးဖို့ အဆင်သင့်ရှိနေကြတာဖြစ်ပါတယ်။ယခုလိုအချိန်မှာ ပြည်သူလူထုအချင်းချင်းကသာ ကာကွယ် စောင့်ရှောက်ကြပြီး ကိုယ့်မိသားစုဝင်လိုမျိုး ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။

Source&Photo Credit:May Thu’s Facebook Acc

Comments are closed.