ရန်ကုန်မြို့လယ် ကာကွယ်ပေးခဲ့တဲ့မ ဇာခြည်ဦးအတွက်သိန်းလေးဆယ် ကျော် အလှူငွေကောက်ခံပြီးလှူ ဒါန်း ပေးလိုက်တဲ့ အောန်ဆိုင်း

ရန်ကုန်မြို့လယ် ကာကွယ်ပေးခဲ့တဲ့မ ဇာခြည်ဦးအတွက်သိန်းလေးဆယ် ကျော် အလှူငွေကောက်ခံပြီးလှူ ဒါန်း ပေးလိုက်တဲ့ အောန်ဆိုင်း

ဆူးလေနားက ဓားထိုးမှုမှာ ကိုယ်နဲ့ကာကွယ်ပေးခဲ့ တဲ့မဇာခြည်ဦးအတွက်သိန်းလေးဆယ်ကျော် အလှူငွေကောက်ခံပြီး လှူဒါန်းပေးလိုက်တဲ့ အောန်ဆိုင်း

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာ ရရှိထားသလို နာမည် ကျော် စင်မြင့်တွေထက်မှာ လျှောက်လှမ်းနေတဲ့ မော်လ်ဒယ်သရုပ်ဆောင် အောန်ဆိုင်းကိုတော့ ပရိသတ်တွေအားလုံးချစ်ခင်ကြမှာပါနော်..။

အောန်ဆိုင်းကတော့ လတ်တလောမှာဖြစ်ပေါ်နေတဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည် သူတွေနဲ့တစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကိုလည်း ပြုလုပ်နေပြီးအင် တိုက် အားတိုက်ပါဝင်နေသူလေးလည်း ဖြစ်ပါတယ်နော်..။

လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေအပြင် အလှူအတန်းတွေလည်း ပြုလုပ်နေသလို ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ မြို့လယ်ခေါင်ဓားထိုးမှုမှာ ကာကွယ်ပေးခဲ့တဲ့ မဇာခြည်ဦးကိုလည်းလွန်ခဲ့တဲ့ရက် တွေ က ပြန်လည်ကူညီပေးဖို့ တိုက်တွန်းလာခဲ့ ပါတယ်နော်..။

။မဇာခြည်ဦးဟာ အလုပ်အကိုင်ခက်ခဲနေသလို ဖခင်ဖြစ်သူ ကလည်း ဦးနှောက်သွေးယိုပြီး နေမေ ကာင်းဖြစ်ကာ ဆေးရုံတက်နေရတဲ့အတွက် ငွေကြေးအခက်အခဲဖြစ်နေတာတွေကြောင့် တတ် နို င်သလောက် ပြန်လည်လှူဒါန်းကြဖို့ အောန်ဆိုင်းက တိုက်တွန်းခဲ့တာပါ..။

“မြို့လယ်ခေါင်က ဓားထိုးမှု မှာ ကာကွယ်ပေးခဲ့ တဲ့ မဇာခြည်ဦး ကို ပြန်ကူညီကြရအောင် ! အခု မဇာခြည်ဦးက အလုပ်ကိုင် ခက်ခဲနေပြီး၊သူမရဲ့အဖေကလည်း ဦးနှောက်သွေးယိုပြီး နေမကောင်း လို့ ဆေးရုံတက်နေရ ရဲ့အတွက် မဇာခြည်ဦးက ငွေရေးကြေးရေးအခက်အခဲ တွေနဲ့ ရင်ဆိုင်နေ ရပါတယ်။ ကျွန်မတို့တွေ တက်နိုင်တဲ့အားလေးနဲ့ သူကိုပြန်ကူညီကြရအောင်ဒီလိုမွန်မြတ်တဲ့ စိတ် ထားပိုင်ရှင် ကိုဂုဏ်ပြုကြရအောင်..ဆိုပြီး အလှုငွေကောက်ခံခဲ့တာပဲဖြစ်ပါတယ်။

စိတ်ညစ်စရာတွေကြားမှာ ခဏဖြစ်ဖြစ်ဝမ်းသာနိုင်ကြဖို့ပါကျွန်မတို့အရင်ရက် က မဇာခြည်ဦး တို့ မိသားစု အကြပ်အတည်းအတွက်အလှုခံပြီးတဲ့နောက် နှစ်ရက်အတွင်းမှာ မမျှော်လင့်တဲ့ပမာဏ အထိ အလှုငွေတွေ မဇာခြည်ဦးအတွက်ရခဲ့ပါတယ်။

ပို့စ်တင်ပြီးတခဏအတွင်းမှာ နေရာပေါင်းစုံက အလှုရှင်တွေဆီက သူ့အတွက်အကူအညီဖြစ် စေ နိုင်မယ့် ထောက်ပံ့တွေရောက်လာကြပါတယ်။ ဒီလိုလှူတဲ့အထဲမှာ ငွေကျပ် တစ်ထောင် ကစလို့ သိန်းဂဏန်း ထိနိုင်ရာနိုင်ရာ လှုကြတာပါ။

ဒီပမာဏက ဆေးရုံမှာရောက်နေတဲ့မ ဇာခြည်ဦးရဲ့ဖခင်အတွက်တော်တော်ထိရောက်ပါတယ်။
ဒီညနေ စာရင်းပိတ်တဲ့အချိန်အထိအလှုငွေ စုစုပေါင်း သိန်းလေးဆယ်ကျော် တိတိကျကျဆိုရင် သိန်းလေးဆယ်နဲ့ သုံးသောင်း (၄၀၃၀၀၀၀) ကျပ်ကို Awn Seng တို့ လက်ခံရရှိခဲ့ပါတယ်။

Post တင်ပြီးကတည်းက တောက်လျှောက်လှူပေးခဲ့တဲ့ ပရိတ်သတ်အလှူရှင်တွေကို တကယ် ကျေးဇူးတင်ပါတယ်။မဇာခြည်ဦးကလည်း အလှုရှင်တွေ ရဲ့ ဂုဏ်ပြုအလှုငွေတွေ နဲ့ သူ့ဖခင်ကို ကျေးဇူးဆပ်ခွင့်ရလို့ကျေးဇူးအရမ်းတင်နေပြီးတော့ Awn Seng တို့ရှေ့မှာတင် ဝမ်းနည်းဝမ်း သာ နဲ့ ငိုပါတယ်။

သူ့ကိုပြောပြခဲ့တဲ့အထဲမှာ ဒီငွေတွေဟာ Awn Seng တို့ပေးတာမဟုတ်ကြောင်းနဲ့ တနိင်ငံလုံးက သူ့ရဲ့ရဲရင့်မှုကို အသိအမှတ်ပြုပြီးနိုင်ရာနိုင်ရာ ဝိုင်းကူပြီးဂုဏ်ပြကြတာဖြစ်ကြောင်း သေချာရှင်း ပြခဲ့ပါတယ်။မဇာခြည်ဦးလည်း အစစ အရာအရာအဆင်ပြေ အောင်မြင်ပါစေ လို့ Awn Seng တို့ ဆုတောင်းပေးနေပါတယ်။ ဒီအလှုက မဇာခြည်ဦးကို ငွေအားဖြင့်၊ စိတ်ဓာတ်အားဖြင့် ဂုဏ် ပြုကြတဲ့ တစ်ယောက်စီတိုင်းနဲ့သက်ဆိုင်ပါတယ်။


Comments are closed.