Line Walker 2 ရုပ်ရှင် ဇာတ်ကား ရန်ကုန်မြို့မှာ လာရောက်ရိုက်ကူးတာနဲ့ပတ်သက်ပြီး သိသမျှလေးပါ

Line Walker 2 ရုပ်ရှင် ဇာတ်ကား ရန်ကုန်မြို့မှာ လာရောက်ရိုက်ကူးတာနဲ့ပတ်သက်ပြီး သိသမျှလေးပါ

Line walker -2 ရုပ်ရှင် ဇာတ်ကားကို ရန်ကုန်မြို့မှာ လာရောက်ရိုက်ကူးတာနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု မြင့်တက်နေကြတာကို တွေ့ရပါတယ်။ ကမ္ဘာ့ နာမည်ကြီးရုပ်ရှင် ကုမ္ပဏိတစ်ခုက မြန်မာပြည် ရန်ကုန်မြို့ ရဲ့အထင်ကရ လမ်းမကြီးပေါ်မှာ ပထမဆုံးအကြိမ် အဖြစ် ရုပ်ရှင်ရိုက်ကူးမှာဆိုတော့ စိတ်ဝင်စားကြတာ သဘာဝပါပဲ။ဒီဇာတ်ကား ရိုက်ကူးမယ့် ကိစ္စနဲ့ပတ်သက်ပြီး လူထု ကြားကို စတင်ပျံ့နှံ့တာက ယာဉ်လမ်းကြောင်း အသိပေးချက် ကြောင့်ပါ။ ရန်ကုန်က အဓိက လမ်းတွေပေါ်မှာ ရုပ်ရှင်ရိုက်ကြမယ်ဆိုတာကို ဖော်ပြရင်း မီဒီယာ တစ်ချို့က လမ်းပိတ်ဆို့ မယ့် အကြောင်းကို သာသာထိုးထိုး လေးရေးကြတယ်။

ကျနော့် အမြင်တစ်ခုတည်း ပြောရ ရင် Line Walker-2 ရုပ်ရုပ်ကို ကိုယ့် နိုင်ငံမှာလာရိုက်တာ ကျေနပ်မိတယ်။အက်ျုးရှိတဲ့အချက်တွေ အများကြီးထဲကမှ အနှစ်ချုပ် ကတော့ ကိုယ့် နိုင်ငံကို ကမ္ဘာကသိတယ်။ ရုပ်ရှင် လောက် ကမ္ဘာ့ အသိုင်းအဝိုင်းကို ပျံ့နှံ့စေတဲ့ မီဒီယာ မရှိဘူး။မြန်မာပြည်အပေါ် မီဒီယာ အမျိုးမျိုး ရဲ့ လိုရာစွဲ ပုံဖော် မှု တွေကြောင့် ကျနော်တို့တိုင်းပြည်ဟာ လိုတာထက် ပိုပြီးအကျည်းတန်ခဲ့ရပါတယ်။ မြို့လယ်ခေါင်မှာပဲ ဆူပူနေသလို လုယက်နေသလို တရားဥပဒေစိုးမိုးမှုလုံးဝ မရှိသလို အထင်မျိုး ရှိကြတာများတယ်။မြို့လယ်ခေါင် လမ်းမကြီးတွေမှာ ရုပ်ရှင် အေးအေးဆေးဆေးရိုက်နေလို့ ရတယ်ဆိုတာ နိုင်ငံရဲ့ အေးချမ်း တည်ငြိမ်မှုကြောင့် ပါ။ ဒါကို ကမ္ဘာက ရုပ်ရှင်ကနေ တစ်ဆင့် သိနိုင် ပါတယ်။

ဒါကြောင့် မိမိ နိုင်ငံအပေါ် ရှိနေတဲ့ အမြင်ဆိုးတွေကို ဒီ ဇာတ်ကားနဲ့ ဇာတ်ဝင်ခန်း တချို့က ချေဖျက်နိုင်မယ်လို့ ယုံကြည်ထားပြီး ဒီတစ်ချက် ကပဲ ကျနော်တို့နိုင်ငံ အတွက် ကြီးမားတဲ့အမြတ်အစွန်းပါ။ ဒါကြောင့် လဲ ဒီဇာတ်ကား လာရောကိရိုက်ကူးတာကိုကြိုဆိုမိတာပါ။ပြီးတော့ တစ်ချို့က ပြောကြတယ် ။မြို့လယ်ခေါင် မှာ ကားတွေပွတ်တိုက်ကြ ယမ်းတွေဖောက်ခွဲကြ လူတွေ ဖမ်းဆီးကြဆိုတော့ ရန်ကုန်က ဒုစရိုက် မြို့တော် ကြီး လို ထင်ကြမယ်လို့ ပြောကြပါတယ်။ ကျနော် ကတော့ ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ လူတိုင်းတွေးကြမှာလို့ထင်ပါတယ်။Olympus Has Fallen ကြောင့် လည်းအိမ်ဖြူတော် သိက္ခာကျသွားတာမတွေ့ရပါဘူး။

အများအားဖြင့် Hollywood က ရိုက်တဲ့အမေရိကန် ရုပ်ရှင်တိုင်းမှာ သတိထားကြည့်ရင် အမေရိကန် အလံ ကို လွှင့်ထူ ထားတဲ့ အိမ် ရုံး အဆောက်အဦ တစ်ခုခုတော့ အမြဲပါတယ်။ ဒါက ဘာကိုဆိုလိုသလဲ တွေးမိတာကမိမိ နိုင်ငံ ရဲ့ပြယုဂ်ကို အလျဉ်းသင့်သလို ကမ္ဘာ ကိုပြသနေတာပါပဲ။Line Walker-2 ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောရ ရင် ပထမ ရိုက်ကူးခဲ့တဲ့ line walkerက အောင်မြင်ခဲ့ပါတယ်။ ဟောင်ကောင် အက်ရှင်ကားတွေ ရဲ့ထုံးစံအတိုင်း အထူးရဲတပ်ဖွဲ့ဝင်တွေ နဲ့ လူဆိုးဂိုဏ်းတွေကြား အပစ် အခတ် တွေနဲ့အက်ရှင်ကားပါ။ ဒီဇာတ်ကားရဲ့ ဒုတိယ ပိုင်းထဲက ၂၅ မိနစ်စာ လောက် အခန်းတွေကို ရန်ကုန် မှာ ရိုက်မှာပါ။ မြန်မာနိုင်ငံမှာ ရိုက်ကူးခွင့် မရ ရင် လာအို နဲ့ကမ္ဘောဒီးယား မှာ ရိုက်ကူးကြမယ်လို့ သိရပါတယ်။

ဟောင်ကောင် ရုပ်ရှင် ကုမ္ပဏီ Shaw Brothers ဟာ ကမ္ဘာ မှာ နာမည်ကြီးပြီးဒီဇာတ်ကားမှာ ပါဝင်တဲ့ဟောင်ကောင်မင်းသား Nick Cheung Ka- Fai ဟာ ဟောင်ကောင် နာမည်ကြီး ဇာတ်ကားတွေ ဖြစ်တဲ့ Beast stalker Stool Piegon Night fall Unbeatable တို့မှာ ပါဝင်ဖူးပြီး ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ထူးချွန် ဆု (၁၂) ခု ရ ရှိခဲ့တယ် လို့ သိရပါတယ်။ဒီဇာတ်ကားကို အောင်မြင်စွာ ရိုက်ကူးနိုင်ဖို့ ဝန်ကြီး ဌာနတွေအများကြီး ပေါင်းစပ်ညှိနှိုင်း ခဲ့ကြရပါတယ်။ အဲ့ဒါတွေကတော့ နိုင်ငံခြားရေး ပြည်ထဲရေး ကာကွယ် ရေး ပြန်ကြားရေး ပို့ဆောင်ရေး စီမံဘဏ္ဍာ သာသနာရေး လျှပ်စစ်စွမ်းအား ဟိုတယ်ခရီး စတဲ့ဝန်ုကြီးဌာန တွေ အပြင် ရန်ကုန်တိုင်း အစိုးရ နဲ့YCDC အပါအဝင်ပါပဲ။ ဇာတ်ကားရိုက်ကူးဖို့ လာရောက်မယ့် ဟောင်ကောင် က လူ (၁၄၀)ကျော်နဲ့အတူ သေနတ်အစစ်တွေ ဓာတုဗေဒ ပစ္စည်းတွေ ယမ်းဖောက်ခွဲမှု တွေအပါအဝင် မော်တော်ယာဉ် ဖောက်ခွဲတာ တွေ ရဟတ်ယာဉ်ပေါ်က ကြိုးနဲ့ဆင်းပြီး လူကယ်တင်မယ့် အခန်းတွေ အတွက် အဖက်ဖက်က အဆင်ပြေအောင်နဲ့ လုံခြုံရေး ကျိုး ပေါက်မှု မရှိအောင် ပြင်ဆင်ဆောင် ရွက်ထားကြရပါတယ်။

အခုဆို မြန်မာပြည် မှာရိုက်မယ့် ဇာတ်ဝင်ခန်း တွေကို မနေ့ကပဲတိုင်းရင်းသားကျေးရွာ နဲ့ ရွှေတ်ဂုံ စေတီတော် တို့မှာ ရိုက်ကူးနေပါပြီ။အနှစ်ချုပ် ပြောရ ရင် ဒီဇာတ်ကားက မြန်မာ နိုင်ငံ ရဲ့ပုံ ရိပ်ကောင်းကို တစ်ဖက်တစ်လမ်းကနေကမ္ဘာ ကြီးကို ပြသပေးနိုင်မယ့် နေရာလို့ပဲ ပြောလိုက်ချင်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit-Tin Ko Win

Comments are closed.