ကိုရွှေထူးရဲ့ နာမည်ကျော် ကိုမောင်တင့် ကာတွန်းဇာတ်ကောင် ဆုံးပြီဗျာ

ကိုရွှေထူးရဲ့ နာမည်ကျော် ကိုမောင်တင့် ကာတွန်းဇာတ်ကောင် ဆုံးပြီဗျာ

သူငယ်ချင်းကာတွန်းကိုရွှေထူးညီ ကိုမောင်တင့် ကွယ်လွန်ကြောင်းသိရလို့ များစွာစိတ်မကောင်းဖြစ်မိတယ် ကိုရွှေထူးရဲ့ နာမည်ကျော် ကိုမောင်တင့် ကာတွန်းဇာတ်ကောင်ဟာ သူ့ညီကိုယူပြီးရေးတာပါ စရေးတော့

ကိုမောင်တင့်က ရပ်ကွက်လူကြီး လုပ်နေတဲ့အချိန်ပေါ့ ကိုမောင်တင့်က အပြင်မှာလည်း စိတ်ကောင်း နှလုံးကောင်းရှိတယ် ပျော်ပျော်နေတတ်တယ် လူတွေကို ကူညီချင်တဲ့စိတ် ရှိတယ် သူကူညီလိုက်တိုင်း ပြသနာဖြစ်တယ် အဲဒီပြသနာ တွေက ရယ်စရာတွေချည်းပဲ ဒါကို သူ့အကိုက ရုပ်ပြကာတွန်း ဇာတ်လမ်းတွေရေးတော့ လူကြိုက်များပြီး အောင်မြင်ထင်ရှားခဲ့တယ် ခုတော့ အပြင်က ဇာတ်ကောင်အစစ်က ဆုံးရှာပြီ

ကာတွန်းထဲက ဇာတ်ကောင်ကတော့ ဘယ်တော့မှ သေဆုံးမှာမဟုတ်ဘူး ပြည်ကိုရောက်တိုင်း အကိုတယောက်လို ဂရုစိုက်တတ်တဲ့ ညီ ကောင်းရာသုကတိရောက်ပါစေလို့ စိတ်မကောင်းစွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit: ကာတွန်း ၀င်းအောင်

Comments are closed.