ကေတီဗီကောင်မလေးကာရိုက်တာကိုအရမ်းမုန်းတဲ့ မြနှင်းရည်လွင်

ကေတီဗီကောင်မလေးကာရိုက်တာကိုအရမ်းမုန်းတဲ့ မြနှင်းရည်လွင်

မြန်မာဆန်ဆန်အဝတ်စားလေးတွေနဲ့ဇာတ်လမ်းတွဲတစ်ခုကနေပြီး လူအများချစ်မေတ္တာနဲ့လက်ခံအားပေးမှုကိုပြန်လည်ရယူထားတဲ့မြနှင်းရည်လွင်က သူ့ရဲ့ရှေ့ဆက်လုပ်ဆောင်သွား အနုပညာခြေလှမ်းတချို့ကို Myanmar Celebrity Crazy နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတာရှိပါတယ်။ အဲ့ဒီမှာသူပြောသွားတဲ့အကြောင်းအရာတွေကို ပြောချင်လွန်းက သူငယ်ချင်းတွေသိအောင် ပြန်ပြောပြလိုက်ပါတယ်နော်။

လတ်တလောအနုပညာလှုပ်ရှားမှုတွေ “Toxicကပြီးသွားတော့ အခုငွေစက္ကူခုနှစ်ရွက်ဆိုတဲ့ဇာတ်လမ်းတွဲရိုက်နေတယ်။ကေတီဗီမှာအလုပ်လုပ်တဲ့ကောင်မလေးပေါ့နော်အဲ့တာကျနည်းနည်းပင်ပန်းတယ်။သူကအဲ့ဒီလိုမျိုးပေါ့နော်။အမှန်တိုင်းပြေရရင်အစ်မအရမ်းမုန်းတဲ့ ကာရိုက်တာပေါ့နော်။ အရင်တုန်းကဆိုလုံးဝမရဘူးဆိုပြီးတောင်ပြောခဲ့ဘူးတယ်။ဒါပေမယ့်လည်းအခုဇာတ်လမ်း ကိုဖတ်ကြည့်လိုက်တယ်တော့ ကိုယ်ကိုယ်တိုင်လည်းငိုလိုက်ရတယ်။ အဲ့ဒီလိုဆိုတော့ ဘာပဲဖြစ်ဖြစ်လုပ်ကြည့်မယ် သရုပ်ဆောင်မယ်ဆိုပြီးတော့ လက်ခံဖြစ်သွားတယ်။

ကေတီဗီဆိုတော့မှာလက်ရှိနေတဲ့ကောင်မလေးတွေရဲ့ပုံစံရှိလဲဆိုတာကို တိုက်ရိုက်ကြီးသွားမေးတာတော့မဟုတ်ဘူးပေါ့ ။ ကိုယ်ကခပ်လှမ်းလှမ်းကနေပြီး သူတို့ရဲ့အမူရာလေးတွေသွားကြည့်တာတွေတော့ရှိတယ်။ ကေတီဗီသွားရတာပေါ့။ သဘာဝကျချင်တာကိုး။ စနိုက်ကျော်လိုလို အငယ်အနှောင်းပုံစံလိုလိုဆိုတော့ကျအစ်မအသံကနည်းနည်းမာတဲ့အခါကျတော့ ပြောသွားခဲ့ကြပါတယ်။နူးညံ့ရတာချွဲရတဲ့အခါကြတော့ မလုပ်ချင်ဘူးဆိုပြီးအစ်မကငြင်းထားရတာပေါ့။

ဒါပေမယ့်လည်းအခုကျတော့ဘာဖြစ်လဲ စိန်ခေါ်မှုပေါ့၊ သရုပ်ဆောင်လုပ်မှတော့ဘယ်ဟာမဆိုလုပ်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့လက်ခံပြီးရိုက်ဖြစ်တာပါ။

အစတုန်းဆိုရင်တော့ကြေးများ(ဂျီးများ)တယ်။ ဒါပေမယ့်လည်းအနုပညာက သရုပ်ဆောင်ဆိုတော့ကျ ဆေးစက်ကျရာအရုပ်ထင်ရမယ်။ ဘယ်ဟာမဆိုလာရင်ကိုယ့်ဘက်ကလုပ်နိုင်နေရမယ်။ လုပ်ကြည့်ရမယ်ပေါ့နော်အဲ့ဒီလိုမျိုးခံယူထားတော့ နောက်ပိုင်းအစ်မမရွေးတော့ဘူး။အရင်တုန်းကတော့ဘာမှန်းညာမှန်းမသိပဲလျှောက်ပြောတာပေါ့။ဒါပေမယ့်အခုခါကျတော့ အားလုံးကခက်ခဲတယ် ဘယ်နေရာဘယ်အပိုင်းမဆိုပေါ့နော်။ လုပ်ကြည့်ချင်တဲ့စိတ်ဖြစ်လာတယ်။ ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.