London Fashion Week မှာလျှောက်လှမ်းမယ့် ပထမဆုံးမြန်မာပြည်ဖွား မော်ဒယ် သက်သက်သင်း

London Fashion Week မှာလျှောက်လှမ်းမယ့် ပထမဆုံးမြန်မာပြည်ဖွား မော်ဒယ် သက်သက်သင်း

မြန်မာနိုင်ငံသား တော်တော်များများ အလှမယ် Beauty ကို မသိသူမရှိသလောက်ရှားမယ်ထင်ပါတယ်။ သူမဟာ Asia Next Top Model Cycle 6 မှာ မြန်မာပြည်ရဲ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမဟာ လန်ဒန်ဖက်ရှင်ရက်သတ္တပတ်မှာ ပြေးလမ်းပေါ်တက်မယ့် ပထမဆုံးမြန်မာမော်ဒယ်ဖြစ်လာတော့မှာပဲဖြစ်ပါတယ်။

Beauty ဟာ london fashion week ရဲ့ ပြေးလမ်းမထက်မှာ လျှောက်လှမ်းမယ့် သတင်းကောင်းကို သူမရဲ့ ကိုယ်ပိုင် facebook account မှာ ယခုလိုပဲကြေငြာထားခဲ့တာပဲဖြစ်ပါတယ်။

“Hi , I’m Proud Burmese model and I will be in London Fashion Weekkkkkkkkkkkk 🙌🏼 🙌🏼 save the date 16.2.2019. ❤️
” လို့ သူမရဲ့ facebook စာမျက်နှာပေါ်မှာ တင်ထားခဲပါတယ်။ သူမဟာ ဂုဏ်ယူနေတဲ့ မြန်မာလူမျိုးဖွား မော်ဒယ်တစ်ယောက်ဖြစ်ပြီး London Fashion Week မှာ ရှိနေမယ့် အကြောင်းကို သတင်းကောင်းပါးထားခဲ့တာပဲဖြစ်ပါတယ်။

Beauty ဟာ ဗမာလူမျိုးစစ်စစ်ဖြစ်ပြီး အသက် ၂၂နှစ်သာရှိပါသေးတယ်။ အသက် ၂၁နှစ်မှာတော့ ထိုင်းနိုင်ငံကို ထွက်ခွာခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံအခြေစိုက်ကာ မော်ဒယ်လုပ်ငန်းတွေအဆက်မပြတ်လုပ်ကိုင်ခဲ့ပါတယ်။ သူမကို Asia Next Top Model အစီအစဉ်မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ ယှဉ်ပြိုင်ဖို့ သူတို့ဖက်ကပဲကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

Asia Next Top Model (Cycle6) အစီအစဉ်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့စဉ်ကလည်း အဆိုပါပြိုင်ပွဲဝင်တွေထဲမှာ သူမဟာ အတွေ့အကြုံအနည်းဆုံးပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ သို့တိုင်အောင်လည်း သူမဟာ အံ့အားသင့်စရာကောင်းလောက်အောင် အရည်အချင်းအပြည့်ရှိပြီး Top 4 အထိတက်လှမ်းနိုင်ခဲ့ပါတယ်။

သူမကို မြန်မာနိုင်ငံကသာမက အာရှတလွှားကပါအားပေးကြမ်းခဲ့ပါတယ်။ ဒီလိုနဲ့ အနုပညာလမ်းခရီးကို တိတ်တဆိတ်နဲ့ ခပ်သွက်သွက်လေးလျှောက်လှမ်းလာခဲ့တဲ့ Beauty ဟာ London Fashion Week ကို ပထမဆုံးတက်ရောက်မယ့် မြန်မာပြည်ဖွား မော်ဒယ်ဖြစ်လာခဲ့ပါပြီ။ ကြိုးစားထားပါ beauty ရေ။ မြန်မာပြည်ကြီးက ပရိတ်သတ်တွေ Beauty နောက်မှာရှိနေပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit-Momolay

Comments are closed.