
သားဖြစ်သူ ရွှေကြို မဖြစ်ရတဲ့အကြောင်းကို ပြောပြတဲ့ ဗီလိန်မင်းသား ကိုကိုဦး
ဗီဒီယို ၊ ရုပ်ရှင် မှာ ဗီလိန်နေရာကနေသီးသီးသန့်သန့်နဲ့တောက်လျှောက်သရုပ်ဆောင်လာပြီး၅နှစ်နီးပါး သရုပ်ဆောင်လောကနဲ့ဝေးကွာနေတဲ့ ဗီလိန်မင်းသားတစ်ယောက်ရှိပါတယ် သူကတော့ ကိုကိုဦးပါ။ သူရဲ့သရုပ်ဆောင်လောကထဲကိုပြန်ဝင်လာတဲ့ရုပ်ရှင်တစ်ခုဖြစ်တဲ့ ဟီးရိုးရုပ်ရှင် Press ShowမှာMyanmar Celebrityနဲ့အင်တာဗျူးမှာ ပြောပြသွားတာလေးတွေရှိပါတယ် ။အဲ့ဒီလိုပြောပြသွားတဲ့အကြောင်းတွေကို့ ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ပါတယ်။


သားလေးကိုရွှေကြိုဖြစ်စေချင်တဲ့သူဆန္ဒကို “ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျွန်တော်က အကယ်ဒမီဗန်းကိုင်အတွက်ပေါ့နော် ရွှေကြိုအတွက်မှာ ကျနော့်သားလေးကို ပါစေချင်တယ်။ ပါဖို့အတွက်လည်းလွန်ခဲ့တဲ့သုံးလလောက်ကကျနော်ကပြောထားခဲ့တာ ။ ဒါပေမယ့်ကျနော်ပြောထားခဲ့တဲ့လူကြီးကတစ်ဖွဲ့ သူတို့က အေးစိတ်ချ ငါတို့လည်းကိုယ့်မိသားစုထဲကပဲပြန်ရွေးမှာ အဲ့ဒီတော့ ငါတို့ပြောပေးမယ် လုပ်ပေးမယ် ငါတို့ထည့်ပေးမယ်ပေါ့။ ဒါပေမယ့် အခုက သူတို့ဖွဲ့စည်းထားတာ နောက်တစ်ဖွဲ့ဖြစ်နေတာ ။ ဒီအဖွဲ့နဲ့ဟိုဘက်အဖွဲ့နဲ့ကမချိတ်မိဘူး မချိတ်မိတော့ သူတို့ကဒီဘက်အဖွဲ့ကိုတာဝန်ပေးလိုက်တော့ ဒီဘက်အဖွဲ့ကနေပြီးတော့ သူတို့ကသူတို့စိတ်ကြိုက်ရွေးပြီးသွားပြီဆိုတော့ ကျွန်တော့်သားကကြားကကျန်ခဲ့တာပေါ့နော်။


အခုလာတက်ရောက်ရတဲ့ပွဲကလည်း တစ်ဘက်ကလည်းပျော်တယ်။တစ်ဘက်ကလည်း ကိုယ့်သားကမရဘူးဆိုတော့ စိတ်မကောင်းဘူးပေါ့ ဒါပေမယ့်ဥက္ကဌကိုဇင်ဝိုင်းအနေနဲ့ကတော့ စိတ်မကောင်းဘူး သြော်ကိုဦးသားကဒီအရွယ်တော်ရောက်နေပြီလားတဲ့ အမှန်ကဒီလိုမျိုးဖြစ်နေရမှာပေါ့နော် ကျနော်တို့လည်းသတိမထားမိဘူး သူတို့ကိုကျနော်တို့ကတာဝန်လွဲပေးလိုက်တာတဲ့အဲ့ဒီအတွက်ကို မပါတဲ့အတွက်ကို အနူးညွတ်တောင်းပန်ပါတယ်တဲ့ နောက်နှစ်ကိုတော့ စိတ်ချပါတဲ့ အစ်ကို့သားလေးကိုထည့်ပေးပါ့မယ်တဲ့။ဒါပေမယ့် ကိုယ့်ရင်ထဲမှာနောက်နှစ်ဆိုတာမသေချာဘူးလေ စိတ်ထဲမှာပါ့နော်(ရယ်လျက်)ပြောပြသွားခဲ့ပါတယ်။

သားလေးကိုအနုပညာလောကထဲ ဆွဲခေါ်ဖို့ရှိမရှိကိုလည်း “ လောလောဆယ်ကျနော့်ဇာတ်ရုပ်ကတော့ ဆွဲခေါ်စရာအကြောင်းတော့မရှိဘူးပေါ့နော်။ ဒါပေမယ့် သူကလည်းဝါသနာပါတယ်ဆိုတော့ ပရိုဂျူဆာတွေကုမ္ပဏီတွေကဆွဲခေါ်မယ်ဆိုရင်တော့သူပါသွားမှာပေါ့ ။ ကျနော်ကဗီလိန်သရုပ်ဆောင်ရတဲ့နေရာမှာ မင်းသမီးကိုဆွဲလားရမ်းလားလုပ်ရင်သူကရှက်တယ် ။အဖေကဘာလို့အဲ့ဒီလိုလုပ်ရတာလဲဆိုပြီးပြောရင် ငါဒီလိုလုပ်နေလို့ မင်းဒီလိုစားနေရတာ၊ လုပ်နေရတာဆိုပြီး ကလေးနားလည်အောင်ပြောပြရတာပေါ့။ ဒါကသရုပ်ဆောင်တာရှက်စရာမဟုတ်ဘူးမင်းလည်းသရုပ်ဆောင်တာ

ဝါသနာပါတဲ့အတွက်တစ်ချိန်ကျရင် မင်းလည်းကြုံလာမှာ အဲ့တာကိုလေ့လာ။ သူကလဲကျောင်းတက်နေရတယ်ဆိုတော့ ရိုက်ကွင်းတွေလည်းမလိုက်နိုင်ဘူးလေ။ဒါပေမယ့်ဒီကားလေးကတော့ ကျွန်တော်အတွက်ကလည်း ဒီကားလေးက ကိုယ့်တိုင်လည်းရုပ်ရှင်ကိုရပ်နားထားတာ ၅နှစ်ရှိပြီလေ ဒီကားကပထမဆုံးပြန်ရိုက်တဲ့ကားဆိုတော့သူကို ကျောင်းနားခိုင်းပြီး ခေါ်လာခဲ့တာပါ ။ ဆိုပြီးပြောပြခဲ့ပါတယ်။ ကဲပြောချင်လွန်းလို့ပရိသတ်မမတွေအတွက်တော့ ဝန်းရံရမယ့် ကောင်လေးချောချောလေးတစ်ယောက်တိုးလာမယ်ထင်ပါတယ်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။