ပရိုဂျူဆာကို ပိုက်ဆံ ရစေချင်တဲ့စိတ်နဲ့ကားရိုက်တာ ဆိုတဲ့ ကိုပေါက်

ပရိုဂျူဆာကို ပိုက်ဆံ ရစေချင်တဲ့စိတ်နဲ့ကားရိုက်တာ ဆိုတဲ့ ကိုပေါက်

သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်ကတော့ ဟာသကားတွေနဲ့ အောင်မြင်သူ တစ်ယောက် ဖြစ်ပါတယ်။ ရိုက်ကူးမှုပိုင်းမှာလည်း လူငယ်ကြိုက် ဖန်တီးနိုင်သလို ကိုယ်တိုင်သရုပ်ဆောင်ချိန်မှာလည်း မိန်းမလျာ ဇတ်ရုပ်နဲ့ ပေါက်ပါတယ်။ ကိုပေါက် ရိုက်ကူးပြီး မတ်လ ၁ ရက်နေ့မှာ ရုံတင်မယ့် ရုပ်ရှင်ကားကြီးကတော့ လူလည်ကြီးများရွာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကြီးထဲမှာ မြန်မာနိုင်ငံတော် အလံကို အဟောင်းသုံးထားရတဲ့ အကြောင်းရင်းမှန်ကိုတော့ ကိုပေါက်က ခုလို ပြောသွားပါတယ်။

“ဝတ္ထုထဲမှာတော့ ခေတ်တွေ မပါဘူး။ ဒါပေမဲ့ အိမ်တစ်အိမ်က နည်းနည်းလေး ရွာတစ်ရွာသည် အိမ်သာ မရှိဘူး။ ခေတ်တစ်ခေတ်ကလည်း အတွေးအခေါ် သိပ်မရှိဘူး။ ဉာဏ်နည်းနည်း တိမ်တာမျိုးပေါ့။ နည်းနည်းလေး မြို့နဲ့ ဝေးတဲ့နေရာ ဖြစ်ရမယ်။ ခေတ်အရလည်း အဲ့လိုမျိုးဆိုတော့ ဒီဘက်ခေတ် လုပ်လို့မရလို့ မဆလခေတ်ဘက် ပို့လိုက်တာပေါ့။ ခေတ်တစ်ခုကို ပြတဲ့ အနေနဲ့ အလံရယ် အဲ့ခေတ်က ကက်ဆက်လေးတွေရယ် မီးခွက်တို့ အောက်လင်းမီးအိမ်တို့ ဒီလိုဟာလေးတွေနဲ့ ရွာဓလေ့ စရိုက်လေး ဖန်တီးပေးလိုက်တာ” လို့ ဆိုပါတယ်။

ဇာတ်ကားရိုက်တဲ့အခါ ထားရှိတဲ့ စိတ်ထားကိုလည်း ကိုပေါက်က ခုလို ရှင်းပြပါတယ်။

“ဘယ်ဇာတ်ကားကိုမှ ပေါက်ရမယ် ဆိုတဲ့ စိတ်နဲ့ မရိုက်ပါဘူး။ ရိုက်စရာရှိတဲ့ အလုပ် ကောင်းအောင်လုပ်ရမယ့် အလုပ်ကို ကားတိုင်းကို လုပ်ပါတယ်။ အစပ်အဟပ်တည့်သွားရင်တော့ ပရိသတ်အားပေးပြီး ပရိုဂျူဆာ ပိုက်ဆံရမှာပေါ့။ ကျွန်တော်ကတော့ ဘယ်ကားပဲ ရိုက်ရိုက် ပရိုဂျူဆာကို ပိုက်ဆံရစေချင်တဲ့ စိတ်နဲ့ ဇာတ်ကားကောင်းဖို့ စိတ်နဲ့ပဲ ရိုက်ပါတယ်။ တစ်ကားနဲ့ တစ်ကား အားနည်းချက်နည်းအောင်တော့ ကြိုးစားနေပါတယ်။” ဆိုပြီး ပြောသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.