ကြော်ငြာရိုက်ဖို့ အကတိုက်ရင်း ရုပ်ပြောင်ဗီဒီယိုလေးတွေ ရိုက်ကူးခဲ့တဲ့ ဖွေးဖွေးနဲ့ နေတိုး

ကြော်ငြာရိုက်ဖို့ အကတိုက်ရင်း ရုပ်ပြောင်ဗီဒီယိုလေးတွေ ရိုက်ကူးခဲ့တဲ့ ဖွေးဖွေးနဲ့ နေတိုး

ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ဖွေးဖွေးနဲ့ နေတိုးဟာ ကျရာဇာတ်ရုပ်တိုင်းကို အတွဲညီညီနဲ့ ပူးပေါင်းသရုပ်ဆောင်တဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ ဖွေးဖွေးနဲ့ နေတိုးတို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဗီဒီယို ဇာတ်ကားတွေနဲ့ ကြော်ငြာတွေကိုလဲ ပရိသတ်တွေက သဘောကျနှစ်ခြိုက်ကြပါတယ်။ မြန်မာနိုင်ငံရှိ အမြို့မြို့အနယ်နယ်မှာ အားပေးကြတဲ့ ပရိသတ်တွေကလဲ အများအပြား အခိုင်အမာရှိကြပါတယ်။

ဒီနေ့မှာတော့ ဖွေးဖွေးနဲ့ နေတိုးက အပိုလိုစာရေးကိရိယာ ကြော်ငြာအတွက် အကတိုက်ခဲ့ကြပါတယ်။ ဖွေးဖွေးက နေတိုးနဲ့ ဆုံတုန်းလေး အမှတ်တရ အနေနဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

အရမ်းတွေ ချစ်ဖို့ကောင်းနေတဲ့ ဖွေးဖွေးနဲ့ နေတိုး

ကြော်ငြာရိုက်ဖို့ အကတိုက်နေကြတဲ့ ဖွေးဖွေးနဲ့ နေတိုး

ဖွေးဖွေးနဲ့ နေတိုးကတော့ ပရိသတ်တွေကို ဖျော်ဖြေဖို့ Life & Dance အဖွဲ့သားတွေနဲ့အတူတူ အကတိုက်နေပြီ ဖြစ်ပါတယ်။ ဒီကြော်ငြာလေးက ဘယ်လိုမျိးလေး ဖြစ်မလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Photo: JP John Peter

Video: Phway Phway

Comments are closed.