ချစ်သူ လာရောက်တောင်းရမ်းတဲ့နေ့မှာ အရမ်းကို စိတ်လှုပ်ရှားရင်ခုန်ခဲ့ရကြောင်း ပြောပြလာတဲ့ ဆုအိမ့်စံ

ချစ်သူ လာရောက်တောင်းရမ်းတဲ့နေ့မှာ အရမ်းကို စိတ်လှုပ်ရှားရင်ခုန်ခဲ့ရကြောင်း ပြောပြလာတဲ့ ဆုအိမ့်စံ

သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူနှစ်ဦးဟာဆိုရင် အသက် ၅ နှစ်ကျော် ကွာဟခဲ့ပေမယ့် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုတွေနဲ့ ချစ်သူဘဝ ခရီးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလာခဲ့ကြတာပါ။ ချစ်သူသက် ၂ နှစ်ကျော်အောင် လက်တွဲမဖြုတ်ဘဲ ချစ်ချစ်ခင်ခင် လက်တွဲလာခဲ့ကြတဲ့ သူတို့ ချစ်သူနှစ်ဦးကတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ လက်ထပ်လိုက်ကြပြီး ပရိသတ်တွေကို စပရိုက်လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ မထင်မှတ်ထားတဲ့ အချိန်မှာ စပရိုက်လုပ်ပြီး လက်ထပ်ဖြစ်ခဲ့ကြတဲ့ သူတို့ ချစ်သူနှစ်ဦးကလည်း အရမ်းကို ပျော်ရွှင်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကို စပရိုက်လုပ်ပြီး ရုတ်တရက်စေ့စပ်ပြီး လက်ထပ်ခဲ့လို့ ပျော်ရွှင်နေခဲ့ရတဲ့ ဆုအိမ့်စံကတော့ ချစ်သူရဲ့ မိဘတွေက အိမ်ကို လာရောက်တောင်းရမ်းကြတဲ့ အချိန်မှာ ဖြစ်ပေါ်လာခဲ့တဲ့ ခံစားချက်လေးကို သူတို့ ချစ်သူနှစ်ဦးရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်သူရဲ့မိဘတွေ အိမ်မှာလာရောက်တောင်းရမ်းတဲ့အချိန် အရမ်းကိုပျော်ရွှင်ပြီး ရင်ခုန်ခဲ့ရတဲ့ ဆုအိမ့်စံကတော့ “ချစ်သူများနေ့ မတိုင်ခင်က ဖြစ်ခဲ့တာလေးပေါ့ ”

” အစဉ်အလာအရ သားရှင်ဘက်က သမီးရှင်ဘက်ကို သွားရောက် စေ့စပ်ကြောင်းလမ်းကြတယ် ဆုဆုအိမ် ရောက်တဲ့အချိန်မှာတော့ ဧည့်ခန်းမှာ ဆုဆု မိဘတွေနဲ့ မိတ်ဆွေတွေရှိနေကြတယ်. ဆုဆုကတော့ အခန်းထဲက ထွက်မလာသေးဘူး. သူရိယကတော့ နှစ်ဘက်မိဘများ နှင့် ဆွေမျိုး လူကြီးတွေကို မိတ်ဆက်ပေးပြီး သူရိယရဲ့ဖေဖေနဲ့ ဆုဆုဖေဖေတို့ စကားစမြည်တွေပြောကြပြီး မိတ်ဆွေတွေ လူကြီးတွေပါ ရင်းရင်းနီးနီး ဖြစ်သွားကြတယ် ”

” နောက်မှ ဆုဆု က သူ့အခန်းထဲကနေ ထွက်လာတယ် ( ပြုံးပြုံးလေးပေါ့ )ဆုဆုရောက်တော့မှ ချစ်သူလေးမျက်နှာ မြင်ရပြီဆိုတော့ စေ့စပ်ပွဲလေး လုပ်မယ့်နေရာတွေ အစီအစဉ်လေးတွေ ပြောပြကြတယ် နှစ်ဘက်မိဘတွေနဲ့ လူကြီးတွေကို ကန်တော့ပြီး ဆုံးမ သြဝါဒကိုခံယူကြတယ် ”

” ပရိသတ်တွေကိုပြောပြချင်တာက သွားတောင်းတဲ့အချိန်လေးမှာ သူရိယ နဲ့ ဆုဆုတို့မှာ ပျော်ရွှင်ရသလို ရင်ခုန်မူလေးတွေ ကြည်နူးမူလေးတွေ အများကြီးပေါ့.. ပရိသတ်တွေထဲမှာလဲ အဲ့လိုခံစားမူမျိုးလေးတွေ ခံစားဖူးမှာပါ. မရှိသေးတဲ့ ပရိသတ်တွေလဲ တချိန်ချိန်မှာ ခံစားမိမှာပါ..❤️ ” ဆိုပြီး ရင်ခုန်ပျော်ရွှင်ခဲ့ရကြောင်းကို ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်သူက အိမ်ကမိဘတွေထံမှ အစဉ်အလာမပျက် လာရောက်တောင်းရမ်းခဲ့လို့ အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားစွာ ပျော်ရွှင်နေခဲ့ရတဲ့ ဆုအိမ့်စံ

ချစ်ပရိသတ်တွေထဲမှာလည်း ချစ်သူလာရောက်တောင်းရမ်းတဲ့အချိန်မှာ သူရိယနဲ့ ဆုအိမ့်စံတို့လို ရင်ခုန်စိတ်လှုပ်ရှားပြီး အရမ်းကို ပျော်ရွှင် ကြည်နူးခဲ့ရတယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပြီး အားပေးသွားကြပါဦးနော်။ သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူနှစ်ဦးအတွက် စကားလက်ဆောင်ပေးတွေ ပြောပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Ref : Thu Riya & Hsu Eaint San’s Facebook

Comments are closed.