ရဲလေးက အမြဲ နားလည်ပေးတယ်ဆိုတဲ့ နင်ဇီမေ

ရဲလေးက အမြဲ နားလည်ပေးတယ်ဆိုတဲ့ နင်ဇီမေ

အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေ လက်ခံအားပေးလာတဲ့ အဆိုတော် နင်ဇီမေကတော့ သူ့အနေနဲ့ Cover Song တွေ ဆိုဖြစ်တဲ့ အကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။ နင်ဇီမေကတော့ Cover Song တွေဆိုပြီး သူဆိုတဲ့ Cover Song တွေကလည်း ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။ နင်ဇီမေကတော့ ရဲလေးရဲ့ အသည်းကွဲတယ်ဆိုတာ သီချင်းကို Cover ပြန်ဆိုထားတဲ့ အကြောင်းလေးနဲ့ ရဲလေးကလည်း နားလည်ပေးကြောင်း ပြောကြားလာခဲ့ပါတယ်။

နင်ဇီမေကတော့ Trend နဲ့ အင်တာဗျူးမှာတော့ Cover Song တွေဆိုဖြစ်တဲ့ အပေါ် “နင်ဇီက အသည်းကွဲတယ်ဆိုတာ ကို အရမ်းကြိုက်ကြတာကို ကျေနပ်ပါတယ်။ ကိုယ့်သီချင်းလေးတွေကိုလည်း ပေါက်စေချင်တယ်။ ပိုပြီးတော့ ကြိုးစားချင်စိတ်ပိုဖြစ်တယ်။ တောက်လျှောက်ကြားထဲမှာလည်း Cover Song လေးတွေ ဆိုပေးဖို့ ရှိတယ်။ အဲ့ဒါလေးတွေ ထွက်လာရင်လည်း အားပေးပါလို့ ပြောချင်ပါတယ်”

အသည်းကွဲတယ်ဆိုတာကို ကိုယ့်သီချင်းလို့ ထင်နေကြတဲ့ အပေါ်မှာ “ဟုတ်တယ် တချို့ကတော့ နင်ဇီသီချင်းလို့ ထင်ကြတယ်။ အမှန်တော့ သူတို့ သေချာမသိလို့ပါ။ ကိုရဲလေးသီချင်းပါ သူဆိုထားပြီးသား။ အဲ့ပေါ်မှာတော့ ဘယ်လိုပြောရမလဲဆိုတော့ ပျော်ပါတယ်။ ကိုရဲလေးကလည်း အမြဲနားလည်ပေးပါတယ်။ သူကလည်း စီနီယာကောင်း တယောက်ဆိုတော့။ သူလည်း ဘာမှဖြစ်မှ မဟုတ်ပါဘူး”

ကိုယ့်အသံနဲ့ လိုက်ဖို့ Cover Song မျိုးစုံ လျောက်ဆိုဖူးတာတွေ ရှိလား ဆိုတဲ့ အပေါ်မှာတော့ “မရှိပါဘူး။ တချို့ကတော့ ရှိမှာပေါ့နော်။ ကိုယ်နဲ့ ဘယ်ဟာလိုက်မလဲဆိုပြီးဆိုတာကတော့ မကောင်းဘူးထင်ပါတယ်။ နင်ဇီကတော့ ကိုယ်ကြိုက်တဲ့ သီချင်းကိုပဲ ဆိုဖြစ်တာကြောင့် အဲ့လိုမျိုးတွေ မရှိပါဘူး”

ပထမသီချင်းခွေ သိပ်ပြီးတော့ မပေါက်တဲ့ အပေါ်မှာတော့ “အဲ့လိုမျိုးတော့ မရှိပါဘူး။ ဒါက ကိုယ်လျှောက်ရမယ့်လမ်းလေ။ အခုမှ အစဆိုတော့ ကိုယ့်အတွေ့ကြုံပဲ ကိုယ်ဘယ်လမ်းသွားရမလဲဆိုတာကို ဆုံးဖြတ်ရုံပါပဲ။ ကိုယ်စီနီယာတွေကိုလည်း ပြောပြတယ်။ ပထမ တခွေ အရမ်းမပေါက်ပေမယ့်လည်း ကျေနပ်တယ်။ နင်ဇီကို ချစ်တဲ့သူတွေ ရှိနေသေးပါတယ်။ တယောက်ရှိလည်း တယောက်အတွက် အကောင်းဆုံး ဖျော်ဖြေသွားမှာပါ” ဟု ဖြေကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.