ကိုပြေတီဦးကြောင့် မျက်နှာမငယ်ရဘူးဆိုတဲ့ နေနော်

ကိုပြေတီဦးကြောင့် မျက်နှာမငယ်ရဘူးဆိုတဲ့ နေနော်

မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတယောက် ဖြစ်တဲ့ အကယ်ဒမီပြေတီဦးနဲ့ ရုပ်ချင်းဆင်တာကြောင့် လူတွေ သတိထားမိလာပြီး အနုပညာလောကမှာ နေရာရလာတဲ့ သရုပ်ဆောင် မင်းသားနေနော်ကတော့ သူ့ကိုလူတွေ ဘယ်လိုသတိထားမိလာတယ်ဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။ နေနော်ကတော့ မင်းသားပြေတီဦးကြောင့် သူ့ကို လူသိလာတာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

နေနော်ကတော့ MC နဲ့ အင်တာဗျူးတွင် ပြေတီဦးနဲ့ ရုပ်ချင်းဆင်တယ်လို့ ပြောကြတဲ့ အပေါ်မှာတော့ “အမှန်တိုင်းပြောရရင် အကို့ကြောင့် ကျနော် မျက်နှာမငယ်ရဘူး။ ရှိုးပွဲတွေဆိုလည်း အကို့ညီထင်ပြီး ငှားကြတယ်။ ပြီးရင် ပြန်ဖြေရတာတွေလည်း အများကြီးပဲ။ အကို့ကြောင့်အကို့ကြောင့်ဆိုပြီး သိခဲ့ကြတာ များတယ်”

ပြေတီဦးနဲ့ တူတာကို ဘယ်မှာစပြီး သတိထားမိကြတာလဲဆိုတာကိုတော့ “မီးထိုးမှန်ထိုး ဘဝကတည်းက ပြေတီဦးနဲ့ တူတယ်ဆိုပြီး အဲ့လိုမျိုး ဖြစ်သွားတာ။ နယ်မှာကတော့ အကို့ကို အားပေးတဲ့ ပရိသတ်တွေ အရမ်းများတယ်လေ။ ကျနော့်ကိုဆိုလည်း အကိုနဲ့တူတယ်ဆိုပြီး ဘာအားပေးကြတဲ့သူတွေ များပါတယ်”

အကယ်ဒမီနဲ့ နီးနေပြီဆိုတော့ ရင်ခုန်သံက “အခု ၂၀၁၉ မှာ ကျနော့်ဇာတ်ကား ၁၉ ကားလုံးက ရုံတင်ခွင့်ရထားတယ်လေ။ အဲ့ ၁၉ ကားလုံးမှာ မတူတဲ့ ကာရိုက်တာတွေနဲ့ ကြိုးစားထားပါတယ်။ ပြီးတော့ ကျနော့် ၂၀၁၉ မှာ ရုံတင်မယ့်ကားတကားထဲမှာ ကျပ်မပြည့်တဲ့ ကာရိုက်တာနဲ့ တစ်ကားပါပါတယ်။ အဲ့တကားကိုတော့ မျှော်လင့်မိပါတယ်။ ပရိသတ်တွေ မျှော်လင့်ထားသလိုပဲ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်။

ကျနော် MTV တွေလည်း ရိုက်တယ်။ ပြီးတော့ စီးရီးလေးတွေလည်း ရိုက်နိုင်အောင် ကြိုးစားနေပါတယ်။ ကျနော်တို့ လူငယ်တွေ အတွက် ဗီဒီယို မရှိတဲ့အတွက် မျှော်လင့်ချက်ကတော့ တော့်တော့်ကို နည်းတာပေါ့။ ဒါပေမယ့်လည်း အစွမ်းကုန်ကြိုးစားထားပါတယ်။ ပြီးတော့ Lucky 7 က ကျနော့်ရဲ့ ပရိုဂျုဆာကလည်း အကောင်းဆုံး သင်ပေးပါတယ်။ ပရိသတ်ကြီးကိုလည်း ကျနော် ဒီထက်မက ကြိုးစားပါဦးမယ် အားပေးပါဦးလို့ ပြောချင်ပါတယ်” ဟု ဖြေကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.