ဒုတိယအိမ်ထောင်အကြောင်း ပြောပြတဲ့ ချစ်ကောင်း

ဒုတိယအိမ်ထောင်အကြောင်း ပြောပြတဲ့ ချစ်ကောင်း

တခေတ်တချိန်တုန်းက စတိုင်လ်မိမိ ဆိုလိုက်တဲ့ သီချင်းတွေကလည်း လုံးဝကို အလန်းတွေပဲ ဆိုတတ်တဲ့ ဘဲကြီးအဆိုတော် ချစ်ကောင်းကိုတော့ အားလုံးသိကြမှာပါ။ ချစ်ကောင်းရဲ့ သီချင်းတွေကတော့ လက်ရှိချိန်ထိ မရိုးနိုင်သေးပဲ ခေတ်လူငယ်တွေက ပြန်လည်သီဆိုနေကြတာကိုလည်း တွေ့ရမှာပါ။ ပရိသတ်အခိုင်အမာရှိခဲ့တဲ့ အဆိုတော် ချစ်ကောင်းကတော့ လက်ရှိမှာ အသက်အရွယ်ရလာတာကြောင့် သီချင်းတွေ သိပ်ပြီးတော့ မလုပ်ဖြစ်တော့ပါဘူး။ သူ့အနေလက်ရှိမှာတော့ မိသားစုနဲ့ပဲ အချိန်ပေးနေပြီး သူ့ရဲ့ လူသိနည်းနေသေးတဲ့ နောက်အိမ်ထောင်နဲ့ ပတ်သက်ပြီး ပြောပြသွားခဲ့ပါတယ်။

ချစ်ကောင်းကတော့ Cele YatKwat နဲ့ အင်တာဗျူးတွင် နောက်ထပ်မွေးထားတဲ့ သားသမီးနာမည်တွေနဲ့ ပတ်သက်ပြီး “သားငယ်နာမည်က နေချစ်ကောင်း၊ အလတ်မသမီး မေချစ်ကောင်း၊ အကြီးဆုံးကတော့ အကို့နာမည်ရင်းက ခင်မောင်ညွှန့်၊ ချစ်ကောင်းနာမည် မပါဘူး။ သူ့အမေနာမည်က အိစံပယ်တဲ့။ ဒါကြောင့် သမီးကြီးနာမည်ကတော့ ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ နာမည်ပါတယ်။ ခင်စံပယ်တဲ့”

လက်ရှိအိမ်ထောင်ရေးမှာရော အဆင်ပြေလားဆိုတဲ့ မေးခွန်းကိုတော့ ချစ်ကောင်းက “ Perfect ဆိုတာကတော့ မရှိပါဘူး။ စိတ်ညစ်စရာတွေလည်း ကြုံမယ်။ ဖြတ်သန်းကြရတာပဲလေ။ အောင်မြင်နေတဲ့လူတွေမှာလည်း စိတ်ညစ်စရာတွေရှိမယ်။ ပျော်စရာတွေလည်း ရှိမယ်။ အခက်ခဲတွေလည်း ကြုံလာနိုင်တယ်။ ဒါကိုပဲ အကောင်းအဆိုးမျှနေအောင်တော့ ထိန်းကျောင်းပြီး နေရတာပေါ့”

သားသမီး ၆ ယောက်ဖခင် ဖြစ်ရတဲ့အပေါ်မှာ ခံစားချက်က “ငါတော်တော် စွမ်းတဲ့ ကောင်ပါလားပေါ့။ ဒီဖက်ခေတ်မှက သားသမီးတွေ အများကြီး မွေးဖို့မလွယ်တော့တဲ့ ခေတ်လေ”

အရှေ့ ၃ ယောက်နဲ့ နောက် ၃ ယောက်ရော အဆင်ပြေကြလားဆိုတဲ့ မေးခွန်းကိုတော့ ချစ်ကောင်းက “ချစ်ကြပါတယ်။ အိမ့်ချစ်ဆိုလည်း သူ့ညီမလေး မောင်လေးတွေကို ချစ်တယ်။ အကိုကြီးဆိုလည်း ချစ်လိုက်ကြတာပဲ။ သူ့ညီလေးတွေ ညီမလေးတွေကိုပေါ့” ဟု ပြောကြားလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.