လူကုန်ကူးတာမဟုတ်ကြောင်း ဖြေရှင်းလာတဲ့ ညီဘွားညီ

လူကုန်ကူးတာမဟုတ်ကြောင်း ဖြေရှင်းလာတဲ့ ညီဘွားညီ

သရုပ်ဆောင်ဒါရိုက်တာအဖြစ်ပရိသတ်တွေမကြာသေးမီကမှသတိထားမိလာတဲ့ ညီဘွားညီဟာဆိုရင် ရုပ်ရှင်တွေ ဗီဒီယိုတွေဆက်တိုက်ဆိုသလိုရိုက်ကူးနေပြီး ပရိသတ်တွေကိုအနုပညာတွေတင်ဆက်ပေးနေတာဖြစ်ပါတယ်။ ညီဘွားညီဟာ မြန်မာနိုင်ငံအစွန်အဖျား ကချင်ပြည်နယ်အထိတက်ပြီး ပညာပေးကားတွေရိုက်နေတာပါ။ ရိုက်ကူးနေတဲ့ ပညာပေးကားတွေကတော့ လူကုန်ကူးမှုပညာပေးကားတွေ မှောင်ခိုတွေနဲ့သက်ဆိုင်တဲ့ပညာပေးကားတွေဖြစ်ကြောင်းသိရပါတယ်။ ညီဘွားညီက အဲဒီလိုသွားရောက်ရိုက်နေတုန်းမှာ လူကုန်ကူးတယ်လို့စွပ်စွဲခံရတဲ့အတွက် မကြာသေးမီက 8days Media နဲ့ အင်တာဗျူးမှာ ပြန်လည်ဖြေရှင်းပြောကြားလာခဲ့ပါတယ်။

ညီဘွားညီက ကချင်ပြည်နယ်ကိုခက်ခက်ခဲခဲနဲ့သွားရောက်ခဲ့ရတဲ့အကြောင်း “အစ်ကိုတို့ရောက်နေတာက မိုင်ဂျာယန်ဆိုတာက ကချင်ပြည်နယ်မှာ လူစိမ်းဝင်လို့မရဘူး။ ဝင်ပြီးသွားရင်လည်း ပြန်ထွက်လို့မရဘူး”လို့ပြောပြထားပြီး ဇာတ်ကားထဲမှာသုံးတဲ့ မျက်နှာသစ်မင်းသားမင်းသမီးတွေနဲ့ပတ်သက်ပြီးတော့လည်း အခက်အခဲတွေတွေ့ခဲ့ကြောင်း “အစ်ကိုတို့ခေါ်သုံးတဲ့မင်းသားမင်းသမီးတွေက အလုပ်တစ်ဖက်နဲ့။ ညဘက်လည်းအလုပ်လုပ်ရတယ်။ မနက်ရှုတင်ကိုရောက်တော့ ဆယ့်နှစ်နာရီလောက်ဖြစ်နေပြီ။အိပ်ငိုက်နေကြပြီ”လို့ ပြောပြထားပါတယ်။

ဒါ့အပြင် လူကုန်ကူးမှုတိုက်ဖျက်ရေးက လူကုန်ကူးတယ်ဆိုပြီးဆက်သွယ်စုံစမ်းလာတဲ့အကြောင်းကိုလည်း “အစ်ကိုတို့ဟိုမှာ ဇာတ်ကားရိုက်နေတဲ့အချိန်မှာ တရုတ်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးကနေပြီး လူတစ်ယောက်တိုင်ထားလို့တဲ့ အဲဒီမှာ မင်းသားညီဘွားညီရှိလား မေရတနာရှိလားဆိုပြီး ဖုန်းဝင်လာတယ်။ အစ်မမေရတနာကို အိမ်ကိုဖုန်းလှမ်းဆက်ဦးလို့။ သူအိမ်ကိုဖုန်းခေါ်တယ်။ စိတ်ချပါလို့ အေးအေးဆေးဆေးပဲရှိတယ်လို့ ပြောလိုက်တဲ့အခါမှာ အစ်ကိုလည်းစိတ်ပေါ့သွားတယ်”လို့ ရှင်းပြထားပါသေးတယ်။

ညီဘွားညီက လူကုန်ကူးတယ်လို့ ရန်ကုန်မှာပျံ့နှံ့နေတဲ့ သတင်းတွေကို ညီဘွားညီက “နောက်ထပ်လည်းဒီလိုပြဿနာမျိုးမဖြစ်အောင် ကိုယ့်ဘာသာပဲထိန်းတော့မယ်။ ရိုက်တာက လူမှောင်ခိုကူးတဲ့ဇာတ်ကားဆိုတော့ လူမှောင်ခိုကူးတယ်ဆိုတာမျိုးဖြစ်သွားတာပေါ့နော်။နောက်ထပ်လည်းဖြေရှင်းစရာမရှိတော့ပါဘူး”လို့ ဖြေရှင်းသွားပါတယ်။

မိုင်ဂျာယန်နဲ့လွယ်ဂျယ်ဘက်မှာ ညီဘွားညီတို့ရိုက်ခဲ့တဲ့ ပညာပေးဇာတ်ကားတွေက စုစုပေါင်းလေးကားဖြစ်ပြီး တစ်ကားကိုဆယ်ရက်ခန့်နဲ့ ရက်ပေါင်းလေးဆယ်ကျော်ကြာခဲ့တယ်လို့လည်းသိရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော အဲဒီကားတွေထွက်လာရင် အားပေးကြည့်ရှု့ကြမှာလား။ ညီဘွားညီကိုရော အားပေးကြလား။ ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.