Valentine’s Dayမှာ တင်ခဲ့တဲ့ပုံအကြောင်း ပြန်ရှင်းတဲ့ ကျော်ထက်အောင်

Valentine’s Dayမှာ တင်ခဲ့တဲ့ပုံအကြောင်း ပြန်ရှင်းတဲ့ ကျော်ထက်အောင်

မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ Myanmar Idolအစီအစဉ်မှာ MCလုပ်ရင်းနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိလာခဲ့ပြီး နောက်ပိုင်းမှာ ရုပ်ရှင်ကားတွေမှာပါ ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ မြင်တွေ့လာရတဲ့ ကျော်ထက်အောင်ကတော့ ပရိသတ်တွေကို စိတ်လှုပ်ရှားသွားအောင် ပြီးခဲ့တဲ့ ချစ်သူများနေ့တုန်းက သူရဲ့ ချစ်သူကောင်းမလေးလိုပုံစံနဲ့ ပုံတွေ တင်ခဲ့တာနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ပြောသွားခဲ့ပါတယ်။

ကျော်ထက်အောင်က “Valentine’s Day နေ့မှာ ရင်ခုန်အောင် လုပ်လိုက်တာပါ Fan တွေကို။ Valentine’s Day မှာ ကျွန်တော်က Magazine တစ်ခုအတွက် ကျွန်တော် ဘုရားပေါ်မှာ ကျွန်တော့် Family တွေနဲ့ Family Photo လေး ရိုက်ဖြစ်နေပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

မိခင်ဖြစ်သူ မွေးနေ့မှာ ဘယ်လိုဖြတ်သန်းဖြစ်လဲလို့ မေးမြန်းရာ “မေမေ့မွေးနေ့မှာ ကျွန်တော်က ဒီကိုရောက်ဖြစ်နေတာနဲ့ပဲ အဝေးကနေပဲ ဆုတောင်းပေးဖြစ်တယ် ပြန်လာမှပဲ မွေးနေ့ လက်ဆောင်တွေ ဘာတွေက ပေးဖြစ်တော့မှာလေ။ အမေနဲ့က Close အမြဲဖြစ်တယ်။ အမေနဲ့က ဘယ်လိုပြောမလဲ ရုံးလုပ်နေတဲ့ အချိန်တုန်းကတော့ ပိုပြီးတော့ ဒီလိုမျိုး အမှတ်တရနေတွေဆိုပိုပြီးတော့ ဖြတ်သန်းဖြစ်တာ များတာပေါ့နော်။ ကိုယ်က Public Figure ဖြစ်လာတဲ့ နောက်ပိုင်း သူများအားတဲ့အချိန် ကိုယ်တွေက ပိုမအားဘူးလေ အဲ့လိုမျိုးကြောင့် မလုပ်ပေးဖြစ်တာတော့ တော်တော် ကြာပါပြီ။ အမေနဲ့တူတာတော့ ကျွန်တော်တို့က စိတ်မြန်လက်မြန်ပေါ့ ခန္ဓာကိုယ်က မလိုက်သေးဘူး စိတ်က အရင်ရောက်နေပြီအဲ့လိုအချက်လေးတွေတော့ တူပါတယ်။

မွေးနေ့ ဆိုတာမျိုးက ဟိုတလောကမှ ကိုရွှေမန်းရဲ့ဆရာတော်ဘုရားပွဲမှာမှ ကိုရွှေမန်းအမေမွေးနေ့ ပွဲမှာမှ မွေးနေ့ဆိုတဲ့ အဓိပ္ပါယ်ကို ပိုသိသွားတာ အမေ့ကိုလည်း အဲ့လိုလေး ပြောပြီးတော့မှ Sharing လုပ်ခဲ့ပေးသေးပါတယ်။ မွေးနေ့ဆိုတာမျိုးကလည်း ပြုသုံးပြုနဲ့ လုပ်ရမယ့် နေ့လေးလည်း ဖြစ်ပါတယ် အဲ့တော့ မိဘတွေအတွက်လည်း ပျော်ရွှင်ဖို့ အမှတ်တရ ထက်ကိုမှ ပိုပြီးတော့မှ အလားလာကောင်းတဲ့ အမှတ်တရတွေ ပိုပြီးတော့ ရှိစေချင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.