Frozen ရုပ်ရှင်ရဲ့ လူသိနည်းတဲ့အချက်များ

Frozen ရုပ်ရှင်ရဲ့ လူသိနည်းတဲ့အချက်များ

၂၀၁၆ ခုနှစ်ဟာ ဒစ္စနေအတွက် Zootopia နဲ့ Moana တို့ကြောင့် ကြီးကြီးမားမား နှစ်တစ်ခုအနေနဲ့ သတ်မှတ်မယ်ဆိုရင် ၂၀၁၃ ခုနှစ်မှာလည်း လုံးဝတစ်ခေတ် ဖြစ်သွားခဲ့တဲ့ Frozen ဇာတ်ကားရှိပါတယ်။ ဒစ္စနေဟာ သန်မာပြီး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ အမျိုးသမီး ဦးဆောင်ဇာတ်ကောင်တွေကို ဖန်တီးရာမှာ အင်မတန် အောင်မြင်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် Frozen ဇာတ်ကားနဲ့ သက်ဆိုင်တဲ့ အချက်တစ်ချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁. “For the first time in Forever” သီချင်းနဲ့ ဂိတ်တံခါးပွင့်လာချိန်မှာ ၂၀၁၀ ခုနှစ်က ထွက်ခဲ့တဲ့ Tangled ကာတွန်းကားထဲက Rapunzel နဲ့ Eugene တို့အတွဲကို အခုလိုတွေ့ရမှာပါ။

၂. Frozen ဇာတ်ကားဟာ ဟန်စ်ခရစ္စရှန်အန်ဒါဆင် ရဲ့ နတ်သမီးပုံပြင် ‘The Snow Queen’ ကနေ ယူထားတာ ဖြစ်ပြီး အဓိက ဇာတ်ကောင်တွေရဲ့နာမည် (Hans, Kristoff, Anna နဲ့ Sven) ကို အတွဲလိုက် အမြန်ဖတ်ရင် သူ့နာမည်နဲ့ ခပ်ဆင်ဆင် အသံထွက်ကို ရပါတယ်။

၃. အရွယ်ရောက်လာတဲ့ Elsa အဖြစ် အသံသရုပ်ဆောင်တဲ့ Idina Menzel ဟာ တကယ်တော့ Tangled အတွက် Rapunzel မင်းသမီးလေး နေရာကို ဝင်အရွေးခံခဲ့တာပါ။ သူ့ကို Tangled အတွက် မရွေးချယ်ခဲ့ပေမယ့် ဒစ္စနေရဲ့ သရုပ်ဆောင်ရွေးချယ်ရေး ဒါရိုက်တာက မှတ်တမ်းတင်ထားပြီး နောက်နှစ်နှစ်အကြာမှာ Elsa နေရာအား သူမကို တန်းပေးလိုက်တာ ဖြစ်ပါတယ်။

၎. ၂၀၁၄ ခုနှစ် ဧပြီလမှာ Frozen ရုပ်ရှင်ဟာ အန်နီမေးရှင်းနဲ့ Musical ရုပ်ရှင်တွေထဲမှာ ဝင်ငွေအမြင့်ဆုံး စံချိန်ကို ပူးတွဲရရှိခဲ့ပြီး နဝမမြောက် တစ်ကမ္ဘာလုံးမှာ ရုံဝင်ငွေအများဆုံး ရုပ်ရှင်ကားအဖြစ်လည်း ဒေါ်လာ ၁.၀၉၇ ဘီလီယံနဲ့ စံချိန်တင်ခဲ့ပါတယ်။

၅. ဒရယ်ဖိုကြီး Sven ကို ရေးဆွဲဖို့အတွက် တကယ့် ဒရယ်တစ်ကောင်ကို အန်နီမေးရှင်း စတူဒီယိုသို့ ဌားရမ်းခေါ်ယူခဲ့ကာ လှုပ်ရှားမှုတွေကို လေ့လာခဲ့ပါတယ်။ ပူးတွဲဒါရိုက်တာ Jennifer Lee ကတော့ အဲ့ဒီအချိန်ဟာ ပျော်စရာအကောင်းဆုံး ထုတ်လုပ်ရေးကာလပဲလို့ ဆိုပါတယ်။

၆. Elsa ဟာ ဒစ္စနေ မင်းသမီးတွေထဲမှာ ရုပ်ရှင်ဇာတ်လမ်းအတွင်းမှာ ဘုရင်မ ဖြစ်လာတဲ့ ဒုတိယမြောက် ဇာတ်ကောင် ဖြစ်ပါတယ်။ ပထမဆုံးဇာတ်ကောင် Atlantis: The Lost Empire (2001 ခုနှစ်) မှ မင်းသမီး Kida ကိုတော့ နန်းတင်မြှောက်ခန်း ထည့်မပြတဲ့အတွက် On-screen မှာ ဘုရင်မ အမြှောက်ခံရတဲ့ ပထမဆုံး ဒစ္စနေ မင်းသမီးလည်း ဖြစ်တယ်။

၇. Troll တွေကို ရှာဖွေဖို့ ဘုရင်ကြီးက စာအုပ်တွေ ဆွဲထုတ်တော့ ထွက်လာတဲ့ စာအုပ်ထဲက စာသားတွေဟာ J.R.R Tolkien ရဲ့ The Lords of the Rings ထဲမှာလည်း သုံးစွဲခဲ့တဲ့ စကင်ဒီနေးဗီးယန်းမှ စာလုံးတွေနဲ့ ရေးထားတာပါ။ ဒါ့အပြင် စာအုပ်ထဲက ထွက်လာတဲ့ မြေပုံကလည်း The Hobbit ထဲက Lonely Mountain မြေပုံနဲ့ တူညီပါတယ်။

၈. Idina Menzel လိုပဲ Anna အဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ Kristen Bell ဟာလည်း Tangled ရုပ်ရှင်မှာ Rapunzel နေရာအတွက် ဝင်အရွေးခံခဲ့ပါသေးတယ်။

၉. အကောင်းဆုံး အန်နီမေးရှင်းရုပ်ရှင်ကား ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့တဲ့ Frozen ဟာ Pixar နဲ့ မပေါင်းဘဲ ဒစ္စနေ သီးသန့်ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်တွေထဲက ဒီဆုကိုရတဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးလည်း ဖြစ်ပါတယ်။

၁၀. Frozen ဟာ ၁၉၉၉ ခုနှစ်က Tarzan အန်နီမေးရှင်းနောက်ပိုင်း ပထမဆုံး အကောင်းဆုံးအန်နီမေးရှင်း ရုပ်ရှင် ရွှေကမ္ဘာလုံးဆု ရခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.