ရုံတင်ရက်ကိုးရက်အတွင်း သိန်းတစ်သောင်းရသွားတဲ့ လိပ်ပြာစံအိမ်

ရုံတင်ရက်ကိုးရက်အတွင်း သိန်းတစ်သောင်းရသွားတဲ့ လိပ်ပြာစံအိမ်

သရဲမကြောက်တတ်ပါဘူးဆိုတဲ့လူတွေတောင် ငယ်သံပါအောင်အော်ရတယ်ဆိုတဲ့ လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးဟာ တင်လိုက်တဲ့ရုံတိုင်းမှာ ရုံပြည့်ရုံလျှံအားပေးတာခံရတဲ့ အအောင်မြင်ဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့နေပါတယ်။ ဇာတ်ဝင်သီချင်းတွေကအစ ကြောက်စရာကောင်းတဲ့ လိပ်ပြာစံအိမ်ရုပ်ရှင်ကားကြီိးဟာ အဖော်မပါပဲမကြည့်ရဘူးလို့ နာမည်ကြီးလာတဲ့အထိကိုပရိသတ်တွေကို နာမည်နဲ့တင်ရိပ်ဖမ်းသံဖမ်းနဲ့တင် ခြောက်လှန့်ထားနိုင်ခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။

လိပ်ပြာစံအိမ်ကားကြီးဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသထားခဲ့တာဖြစ်ပါတယ်။လိပ်ပြာစံအိမ်ကားကြီးဟာ မြန်မာတင်မကပဲ စင်ကာပူနိုင်ငံမှာပါသွားရောက်ရုံတင်ခဲ့တာဖြစ်ပြီး စင်ကာပူကပရိသတ်တွေကလည်း တခဲနက်အားပေးခဲ့ကြတာဖြစ်ပါတယ်။ လိပ်ပြာစံအိမ်အဖွဲ့သားတွေနဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းကတော့ လိပ်ပြာစံအိမ်ဟာ ရုံတင်ပြီးကိုးရက်အကြာမှာတင် Box Office ဝင်ငွေ သိန်းတစ်သောင်းကျော်ရရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။

လိပ်ပြာစံအိမ်ကိုဖန်တီးခဲ့တဲ့ထိုင်းဒါရိုက်တာကြီးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီး ကိုးရက်အတွင်းမှာတင် ဝင်ငွေ သိန်းတစ်သောင်းရရှိသွားကြောင်းနဲ့ ရုပ်ရှင်အဖွဲ့သားတွေနဲ့ သူနဲ့ကို ယုံကြည်ပေးပြီးကြည့်ရှု့ပေးတဲ့ပရိသတ်တွေကို အထူးကျေးဇူးတင်ရှိကြောင်းအပြင် အနီးအနားက ရုပ်ရှင်ရုံတွေမှာ လိပ်ပြာစံအိမ်ကိုကြည့်ရှု့အားပေးလို့ရပြီဖြစ်ကြောင်းပရိသတ်တွေကိုအသိပေးထားခဲ့ပါတယ်။

လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားဟာ သရုပ်ဆောင်တွေဖြစ်တဲ့ ဒေါင်း၊နိုင်းနိုင်းနဲ့ဝတ်မှုန်ရွှေရည်တို့ကိုလည်း တစ်ယောက်နဲ့တစ်ယောက်ပိုမိုရင်းနှီးစေခဲ့တဲ့ရုပ်ရှင်ကားဆိုရင်လည်းမှားမယ်မထင်ပါဘူး။ ဒေါင်းနဲ့ကစ်ကိုလည်း လိပ်ပြာစံအိမ်ကားအတွက် အထူးပွဲတွေတက်ရင်း သူတို့ရဲ့အကြင်နာအကြည့်တွေကြောင့်ပရိသတ်တွေက ပိုပိုပြီးသဘောတူလာခဲ့ကြတဲ့အပြင် အချို့ပရိသတ်တွေက ဒေါင်းနဲ့ နိုင်းနိုင်းကိုတောင်စနောက်ပြီး ပျော်ရွှင်နေကြတဲ့အတွက်အကုန်လုံးအတွက်အမှတ်တရဖြစ်စေတဲ့ရုပ်ရှင်ကားကြီးဆိုရင်လည်းမမှားပါဘူး။

ပရိသတ်ကြီးရော လိပ်ပြာစံအိမ်ကားကြီးကိုသွားရောက်ကြည့်ရှု့ပြီးကြပြီလား။ ဒေါင်းနဲ့ ကစ်ကိုရောသဘောတူကြလား။ လိပ်ပြာစံအိမ်ကိုမကြည့်ရသေးရင်လည်း သွားကြည့်လိုက်ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.