ချစ်သူပုံတူ တက်တူးထိုးထားရတဲ့အကြောင်းပြောပြတဲ့ ရဲရင့်အောင်

ချစ်သူပုံတူ တက်တူးထိုးထားရတဲ့အကြောင်းပြောပြတဲ့ ရဲရင့်အောင်

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူဟာဆိုရင် ချစ်သူသက်တမ်းနှစ်နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ ချစ်သူစုံတွဲလေးဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်ခဏခဏရန်ဖြစ်တတ်ပေမယ့် ဘယ်တော့မှမပြတ်တဲ့ သံယောဇဉ်ကြီးတဲ့စုံတွဲလေးလည်းဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကို ချစ်ကြပြီးအမြဲတမ်းပျော်ရွှင်နေတာပဲမြင်ချင်ကြတာပါ။ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူက မီဒီယာတွေနဲ့အင်တာဗျူးမှာ သူတို့နှစ်ယောက်ရဲ့ချစ်သူဘဝအကြောင်းနဲ့ ရဲရင့်အောင်ထိုးထားတဲ့ တက်တူးလေးတွေအကြောင်းပြောပြပေးသွားပါတယ်။

တက်တူးထိုးတာနဲ့ပတ်သတ်ပြီးရဲရင့်အောင်က “ ကျနော်မှာတက်တူးတွေအများကြီး ။အခုလောလောဆယ်တော့ ထိုးဖို့မရှိပါဘူး ။အိုင်ဒီယာရရင်ပြောမယ်လေ ။ သူပုံကဒီမှာထိုးထားတယ်လေ ။ကျနော်ကလက်ဆောင်တွေဘာတွေပေးဖို့မစဉ်းစားတတ်ဘူး ၊အဲ့တာနဲ့ဒါလေးထိုးပြီးသူကိုပြရင်ပျော်သွားမယ်လို့တွေးမိတယ် နောက်ပြီးကျနော်လည်း အရမ်းထိုးချင်လာတာနဲ့ထိုးလိုက်တယ်။ ပျော်ပြီးတော့ထိုးလိုက်တယ်။ဧငြိမ်းဖြူ ကလည်းထိုးဖို့တော့ပြောထားတာပဲ ။ ဒါပေမယ့်အိမ်ကလက်မခံဘူး ။ အိမ်ထောင်ကျပြီးရင်ကြိုက်တာလုပ်ဆိုပြီးတော့ပြောထားပါတယ်”လို့ ပြောပြထားပါတယ်။ဧငြိမ်းဖြူကတော့ အိမ်ကတက်တူးထိုးတာမကြိုက်တဲ့အကြောင်း “အမေတို့ကတက်တူးထိုးတာမကြိုက်ဘူးလေ”လို့ ပြောပြထားပြီး ရဲရင့်အောင်ကို ဂရုတစိုက်နေဖြစ်ကြောင်းကို “အဓိကကတော့ သူစိတ်မရှုပ်စေချင်တာပေါ့။သူကစိတ်ရှုပ်ရင်သီချင်းလုပ်လို့မရတော့ဘူး။ဘာမှတော့သီချင်းနဲ့ပတ်သတ်ပြီးအကြံတော့မပေးဖြစ်ပေမယ့်လသီချင်းလုပ်နော်အချိန်ရရင် အဲ့လိုလေးတော့ပြောဖြစ်ပါတယ်”လို့ ပြောပြထားပါတယ်။

သူတို့နှစ်ယောက်နေထိုင်မှုပုံစံကိုလည်း ရဲရင့်အောင်က “အဲ့ဒီလိုမျိုးထွေထွေထူးထူး အထူးတလည်ပေါ့ အထူးတလည်ကြီးဆင်ခြင်ထားတာမျိုးတော့ ကျနော်တို့မှာမရှိဘူး သာမန်လိုပဲနေတယ်၊ ကျနော်တို့ဆင်ခြင်တာတစ်ခုတော့ရှိတယ်။ လူ့ပတ်ဝန်းကျင် ၊ လူ့အသိုင်းဝိုင်း သူတစ်ဖက်သားကိုအနှောင့်ယှက်ဖြစ်မယ့်အရာအဲ့ဒါပဲဆင်ခြင်တယ်ကျန်တာတော့ အဆင်ပြေသလိုပဲနေတယ်”လို့ပြောပြသွားခဲ့ပါတယ်။

ဧငြိမ်းဖြူကတော့ “ညီမတို့တင်ချင်တဲ့ဓာတ်ပုံလေးတွေတင်မယ် နေဖြစ်တာမျိုးပေါ့နော် ပြောမှာစိုးလို့ဒီလိုမနေဘူးဆိုတာမျိုးလည်းမရှိပါဘူး”လို့ပြောပြသွားပါတယ်။

တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပေးရပုံကိုတော့ ဧငြိမ်းဖြူက “နားလည်ပေးရတာပေါ့ သူ့အလုပ်က စိတ်နဲ့လုပ်ရတဲ့အလုပ်ဆိုတော့ အတတ်နိုင်ဆုံးဘာမှမပြောဘဲနေဖြစ်ပါတယ်”လို့ပြောပြီး အဲ့ဒီမေးခွန်းကိုပဲ ရဲရင့်အောင်က “ပျော်အောင်ထားမယ်လေ စိတ်ချမ်းသာအောင်ထားတယ် အဲ့ဒီလောက်ပါပဲ ။နောက်ပြီး ကျနော်ကအကြီးကြီးတွေလျှောက်ပြီးမပေးတက်ဘူး”လို့ ပြောပြသွားပါတယ်။

ပရိသတ်ကြီးရော ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူကိုချစ်ကြလား။ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူရဲ့ ရုပ်ရှင်ဇာတ်ကားတွေအတူတူထွက်လာရင်ရောအားပေးကြမှာလား။ဒါမှမဟုတ် သီချင်းတွေအတူသီဆိုလာကြရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.