Tomboy နဲ့ရည်းစားဖြစ်ရတာကြိုက်တဲ့ Tik Tok Queen မေနန္ဒ

Tomboy နဲ့ရည်းစားဖြစ်ရတာကြိုက်တဲ့ Tik Tok Queen မေနန္ဒ

Tik Tok ကနေစပြီး အခုဆိုရင်ကြော်ငြာတွေတောင်ရိုက်နေပြီဖြစ်တဲ့ ချစ်စရာကောင်းတဲ့မေနန္ဒကတော့ သူရဲ့အချစ်ရေးနေပတ်သတ်ပြီး Cele 7 နဲ့အင်တာဗျူးမှာပြောပြထားတာတွေရှိပါတယ်။ သူပြောပြသွားတဲ့ အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေကိုပြောပြလိုက်ပါတယ်နော်။

Relationship ကျတော့အဆင်ပြေပါတယ်။ပြီးတော့ညီမရဲ့ချစ်သူကကျတော့မိန်းကလေးဆိုတော့ ထွေထွေထူးထူးတော့ဘာမှမရှိပါဘူး။နားလည်ပေးတယ် သူလည်းသူ့အလုပ်နဲ့သူ ကိုယ်လည်းကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ဘာမှထွေထွေထူးထူးတော့မရှိပါဘူး။ဝေဖန်သံတွေတော့ရှိတာပေါ့ အများကြီး ဝေဖန်ကြတယ်။ ဒါပေမယ့်လည်းအချစ်ကချစ်နေဖို့ပဲလိုတယ်လေဟုတ်တယ်မလား။ဘယ်လောက်ပဲဝေဖန်ဝေဖန်ပေါ့ ကိုယ်ကသူကိုချစ်နေ၊ သူကကိုယ့်ကိုချစ်နေဖို့ပဲလိုတယ် ။လူတွေကတော့ ဝေဖန်ကြမှာပဲ ။ ဘာလုပ်လုပ် ယောက်ျားလေးနဲ့မိန်းကလေး ချစ်နေကြလည်း ဝေဖန်ကြမှာပဲ ၊ မိန်းကလေးချစ်ရင်လည်းဝေဖန်ကြမှာပဲ။ ဝေဖန်တာကိုတော့သိပ်ပြီးနားထဲမထည့်ဘူး သွားတယ်လာတယ် ချစ်တယ် အဲ့ဒီလောက်ပါပဲ။ နားလည်ပေးတယ် အရမ်းတော့နားလည်ပေးတယ် ဘာဆိုဘာမှသိပ်ပြောတာမရှိဘူးပေါ့နော် ကိုယ်ဘာလုပ်လုပ် ဘာလုပ်နေလဲ ၊ဘယ်သူနဲ့သွားမှာလဲ၊ ဘယ်အချိန်ပြန်လာမှာလဲ ဘယ်တော့မှမမေးဘူး အရမ်းယုံတယ်။ ကိုယ်ကလည်းသူ့ကလည်းကိုယ့်ကိုအရမ်းယုံတော့ ဒီဟာသွားမယ် အေးဟုတ်ပြီဟုတ်ပြီ ပြန်ရောက်ရင်ဖုန်းဆက်လိုက် ဒီလောက်ပဲ ရှိတယ်။အရမ်းနားလည်ပေးတဲ့ချစ်သူကိုပိုင်ဆိုင်ထားလို့ အရမ်းလည်းဝမ်းသာပါတယ်(ရယ်လျက်)

အစ်မကတော့ Tomboyနဲ့ရည်းစားဖြစ်ရတာပိုပြီးတော့သဘောကျတယ်။အရမ်းတော့ဝေဖန်ခံရတာပေါ့နော်အရင်တုန်းကဆိုရင် မိဘတွေကအစသဘောမကျဘူး ခုနောက်ပိုင်းကျတော့ ကိုယ်လည်းကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ဘာမှသိမပြောတော့ဘူး။ ညီမချစ်သူကမိန်းကလေးတော့မဟုတ်ဘူးပေါ့ Tomboy ပါအမှန်တော့မိန်းကလေးပါပဲ။ သူကိုချစ်တယ် ။ သူရဲ့ဖြစ်တည်မှုကိုနားလည်ပေးတယ်။

သူလည်းကိုယ့်ဖြစ်တည်မှုကိုနားလည်ပေးတယ် ယောက်ျားလေးတွေကို မချစ်ဘူးတော့ မဟုတ်ပါဘူး၊ မချစ်တတ်တာပေါ့နော် သူငယ်ချင်းတွေတော့ရှိပါတယ်အများကြီး ။ ပြောပါတယ် သူငယ်ချင်းတွေက ယောက်ျားမယူတော့ဘူးလားတဲ့။နေပါ့ဦးလို့ယူမယ်နောက်ကျရင်ယူမယ်လို့။ အခုတော့မယူသေးပါဘူး အသက်ကြီးမှယူတော့မယ်။ညီမကကျတော့ LGBTပွဲတွေနဲ့ပတ်သတ်ပြီးတော့သွားတယ် ၊ သွားကူပေးတယ်ကိုယ်တိုင်ကလည်းလိင်တူခြင်းကို သဘောကျတယ်ဆိုတော့ကျတယ်ဆိုတော့ ဝေဖန်ကြမှာပဲ။ တချို့ကတော့နားလည်ပေးပါတယ်ဘာနေနေအချစ်ပေါ့နော်။ ဒါလည်း သူတို့အချစ်ပေါ့နော် ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.