LINE WALKER 2 ထဲမှာပါဝင်သရုပ်ဆောင်ရမယ့် အောင်မြင့်မြတ်

LINE WALKER 2 ထဲမှာပါဝင်သရုပ်ဆောင်ရမယ့် အောင်မြင့်မြတ်

အခုတလော Facebook တစ်ခွင်မှာ ဂယက်ရိုက်နေတဲ့ သတင်းတစ်ခုကတော့ ကမ္ဘာ့အဆင့်မီဟောင်ကောင်ရုပ်ရှင်ကား LINE WALKER 2 ဟာ မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးမှာဖြစ်လို့ ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့ ဆူးလေတစ်ဝိုက်မှာ ရုပ်ရှင်ရီဟာဇယ်တွေလုပ်နေချိန်မှာရော ရိုက်ကူးနေချိန်တွေမှာရော လမ်းတွေပိတ်ထားမှာဖြစ်ကြောင်းသိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးမကျေမနပ်ဖြစ်နေကြသူတွေလည်းရှိသလို နိုင်ငံတကာအဆင့်မီဇာတ်ကားတစ်ကား ကိုယ့်နိုင်ငံမှာလာရောက်ရိုက်ကူးမှာဖြစ်လို့ ဝမ်းသာနေကြသူတွေလည်းရှိပါတယ်။ မင်းသားအောင်မြင့်မြတ်က LINE WALKER 2 ထဲမှာပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံခဲ့ရတယ်လို့လည်းကြားရပါတယ်။အောင်မြင့်မြတ်က နိုင်ငံတကာအဆင့်မီဇာတ်ကားထဲမှာပါဝင်ရမယ့် ခံစားချက်ကို MC နဲ့ အင်တာဗျူးမှာပြောပြသွားပါတယ်။

သဘာဝမင်းသားလို့ ပရိသတ်တွေအသိအမှတ်ပြုထားတဲ့ အောင်မြင့်မြတ်က LINE WALKER 2 မှာ ပါဝင်ဖို့ရွေးချယ်ခံခဲ့ရတဲ့ခံစားချက်ကို “ပျော်လားဆိုတော့ ပျော်တာပေါ့။မပျော်ပဲဘယ်နေမလဲ ကိုယ့်နိုင်ငံတင်မဟုတ် အခြားနိုင်ငံတွေ International မှာတင်မယ့်ကားမှာပါဝင်ခွင့်ရတယ်ဆိုတာ။ ဘာပဲပြောပြောလေ သရုပ်ဆောင်တစ်ယောက်အနေနဲ့ကတော့ ကမ္ဘာ့အဆင့်သွားချင်တာပဲ။ မြန်မာနိုင်ငံမှာဆို အကယ်ဒမီပဲ။ကမ္ဘာ့အဆင့်ဆို Oscar ပဲ။ ဒါသရုပ်ဆောင်တိုင်းရဲ့အိပ်မက်ပဲ။ အဲဒါကြောင့် ကျွန်တော်အရမ်းကျေနပ်တယ်။ ဝမ်းလည်းဝမ်းသာတယ်”လို့ ပြောပြထားပါတယ်။

ပါဝင်ရမယ့်အခန်းက နည်းတာကြောင့် ဖြတ်လျှောက်လားလို့ဝေဖန်နေကြတဲ့အပေါ်ကိုလည်း အောင့်မြင့်မြတ်က “ကျွန်တော် Casting ပါတယ်။ ဘယ်နေရာလဲတော့မသိသေးဘူးပေါ့နော်။ ဖြတ်လျှောက် သေနတ်ကောက်လည်းလုပ်ရမှာပဲလို့။ ဘယ်နေရာဖြစ်ဖြစ်ပါ။ အတွေ့အကြုံပေါ့။ ဒီအတွေ့အကြုံက သူတို့နဲ့လုပ်မှကိုရမှာ။ ကြီးတာသေးတာနဲ့မဆိုင်ဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း သရုပ်ဆောင်ဖြစ်လာဖို့အတွက်ကို အသံဖမ်းတဲ့ဘဝ အောက်ခြေက၊စက်အဖွဲ့ကနေ တက်လာတဲ့အခါကျတော့ ကျွန်တော့်အတွက်ကတော့ သူတို့ထားထားတဲ့ စံပေတံရှိမယ်။ စံပေတံနဲ့ကိုက်ညီတဲ့လူကို carry လုပ်သွားတယ်လို့ပဲကျွန်တော်မြင်တယ်”လို့ ဖွင့်ဟထားပါတယ်။

အောင်မြင့်မြတ်က ဟောင်ကောင်ဒါရိုက်တာအဖွဲ့ရဲ့ မြန်မာတွေအပေါ်သဘောထားကိုလည်း “သူတို့ဒီဘက်ကိုလည်းတော်တော်ကြည့်ပေးတယ်။ သူတို့လာရိုက်မှ ဒီဘက်ကလူတွေအကုန်လုံးလူဆိုးဖြစ်တာမလိုချင်ဘူးပေါ့နော်။ ဒီဘက်ကလူတွေအကုန်လုံးကိုရဲဘက်အကြမ်းဖက်ဘက်မှာထည့်မယ် လူဆိုးဘက်သူတို့မသုံးချင်ဘူးလို့ပြောတယ်ဆိုတော့။ ကျွန်တော်တို့လူတွေအကုန်လုံးကို သူတို့အသက်အာမခံလုပ်ပေးထားတယ်ပြောတယ်။ထိခိုက်နာကျင်တာတွေရောအသက်ရော အာမခံလုပ်ပေးထားတယ်။ အက်ရှင်ခန်းတွေလည်း သူတို့လူစားထိုးမယ်ပြောတယ်။ လိုအပ်သလောက်တော့ခိုင်းမှာပေါ့လေ။ ဒီဘက်ကိုတော်တော်ကြည့်ပေးပါတယ်”လို့ ရှင်းပြထားပါတယ်။ လက်ရှိမှာတော့ မြို့လည်ခေါင်မှာ လမ်းတွေပိတ်ပြီးရီဟာဇယ်လုပ်နေတဲ့ ဟောင်ကောင်ရုပ်ရှင်အဖွဲ့သားတွေကိုမြင်ရမှာပါ။

ပရိသတ်ကြီးရော အောင်မြင့်မြတ်ကိုအားပေးကြလား။ ဟောင်ကောင်ရုပ်ရှင်ထဲမှာ အောင်မြင့်မြတ်က ဘယ်နေရာက ပါရမယ်လို့ထင်ကြလဲ။ LINE WALKER 2 ဇာတ်ကားကြီးရုံတင်ရင်ရောသွားရောက်ကြည့်ရှု့ကြမှာလား။ LINE WALKER 2  ဟာ အောင်မြင့်မြတ်အတွက်ဘဝအလှည့်အပြောင်းတစ်ခုဖြစ်နိုင်တယ်ထင်ကြလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.