သူစီစဉ်ရင်အောင်မြင်တယ်ဆိုတဲ့ မအေးအေးဝင်း

သူစီစဉ်ရင်အောင်မြင်တယ်ဆိုတဲ့ မအေးအေးဝင်း

ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက မြန်မာကားတွေရဲ့ နာမည်ထိုးတဲ့နေရာတွေမှာ မင်းသားမင်းသမီးဇာတ်ဆောင်တွေနာမည်ပြီးရင် မအေးအေးဝင်းစီစဉ်သည်ဆိုတဲ့ စာတန်းလေးကိုပရိသတ်တွေက သတိပြုမိခဲ့ကြပါတယ်။ဒါပေမယ့် စီစဉ်သူ မအေးအေးဝင်းကိုတော့ ဘယ်သူမှသိပ်ပြီးမမြင်ဖူးကြခဲ့ပါဘူး။ မကြာသေးမီကမှ “ဘဝက မအေးအေးဝင်းစီစဉ်တာမဟုတ်တော့ ခါးတယ်”ဆိုတဲ့ Facebook ပေါ်မှာ ခေတ်စားလာတဲ့စကားတွေကြောင့် မအေးအေးဝင်းကို နဖူးတွေ့ဒူးတွေ့မြင်ဖူးလာကြတာဆိုရင်လည်းမမှားပါဘူး။ မအေးအေးဝင်းနဲ့ ခင်ပွန်းကိုအုန်းဝင်းက အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး မီဒီယာတွေနဲ့အင်တာဗျူးမှာဖြေကြားသွားပါတယ်။

မအေးအေးဝင်းက အနုပညာလောကထဲရောက်လာပုံကို “2000 ခုနှစ်လောက်ကစ စီစဉ်တာ။ ပထမဆုံးကားက ရင်ဝှက်ပန်းပေါ့”လို့ ပြောပြခဲ့ပြီးအနုပညာလောကထဲမှာအလုပ်မျိုးစုံလုပ်နေတဲ့ ကိုအုန်းဝင်းကလည်း ဒါရိုက်တာတွေဇာတ်ညွှန်းတွေမှာနာမည်မတူပုံကို “ဒါရိုက်တာတည်တံ့လည်းရှိတယ်။ ဝတ္ထုဇာတ်ညွှန်း၊ဇာတ်လမ်းမောင်အုန်းဝင်းတွေလည်းအများကြီးရှိတယ်။ အဲဒီသုံးလေးမျိုးပါပဲ။ ကလောင်နာမည်တွေပေါ့။အောင်နိုင်တို့ တည်တံ့တို့။ တေဇာဝင်းတို့”လို့ ပြောပြထားပါတယ်။

ကလောင်နာမည်မတူရတဲ့အကြောင်းကိုလည်း ကိုအုန်းဝင်းက “တည်တံ့က သားနာမည်။ ဇာတ်ညွှန်းကိုကျတော့ အမြွှာပူးလေးမှာ အငယ်လေးနာမည် တေဇလို့ သူ့နာမည်ပေးလိုက်တာ။ အကြီးလေးနာမည်ကျတော့ တည်တံ့လို့ပေးထားတယ်”လို့ ပြောပြထားပါတယ်။

ဇနီးမောင်နှံနှစ်ယောက် ရုပ်ရှင်ရိုက်ဖို့ဇာတ်လမ်းစဉ်းစားကြပုံကိုတော့ “ဇာတ်လမ်းက သူကြိုက်ကိုယ်ကြိုက်ပဲ မဲခွဲတာ။ကိုယ်ကြိုက်တာကိုယ်ရိုက်ပြီး သူကြိုက်တာတစ်ကားရိုက်ရတယ်။ နောက်ရိုက်မယ့်ကားက ဇာတ်တော့ရှိတယ်။ ဒါပေမယ့် production ကိုဦးစားပေးနေရတာပေါ့နော်။ အချို့ဟာကျတော့ ရိုက်ဖို့အဆင်မပြေသေးတော့ ကြာဦးမှာပါ။နှစ်လသုံးလေးလလောက်”လို့ ဖြေကြားထားပါတယ်။

ဒါရိုက်တာတည်တံ့ခေါ် ကိုအုန်းဝင်းက မအေးအေးဝင်းကိုယုံကြည်မှုအပြည့်ရှိတယ်လို့လည်း “ယုံကြည်မှုအပြည့်ရှိတယ်။ မရိုက်ခင်က မယုံသေးဘူး။ ရိုက်ပြီးတော့မှကားကြည့်ပြီး နောက်တစ်ကားဆိုပြီးလာအပ်တယ်။ သူစီစဉ်ရင်အောင်မြင်တယ်။နောက်တစ်ကားလာအပ်တယ်..ကိုယ်ကမရိုက်နိုင်တော့ဘူး”လို့ ရယ်မောပြီးဖြေကြားထားပါတယ်။

့ပရိသတ်ကြီးရော မအေးအေးဝင်းစီစဉ်တဲ့ကားတွေကိုကြိုက်ကြလား။ မအေးအေးဝင်းစီစဉ်တဲ့ရုပ်ရှင်ကားတွေကိုထွက်လာရင်ရော ဆက်လက်အားပေးကြဦးမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.