သာမန်မြန်မာကားတွေထက် ဆယ်ဆလောက်ပိုပင်ပန်းတယ်ဆိုတဲ့ လင်းအောင်ခေတ်

သာမန်မြန်မာကားတွေထက် ဆယ်ဆလောက်ပိုပင်ပန်းတယ်ဆိုတဲ့ လင်းအောင်ခေတ်

လင်းအောင်ခေတ်ဟာဆိုရင် ဟောင်ကောင် Shaw Brothers ရုပ်ရှင်ထုတ်လုပ်ရေးက မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးနေပြီဖြစ်တဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးမှာ Casting ဝင်ရောက်ယှဉ်ပြိုင်သူတွေထဲမှာမှ အောင်မြင့်မြတ်နဲ့အတူရွေးချယ်ခံထားရသူဖြစ်ပါတယ်။ ကောင်မလေးတွေအသည်းစွဲသရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ လင်းအောင်ခေတ်က အခုဆိုရင် ကမ္ဘာကျော်ဇာတ်ကားတစ်ကားဖြစ်လာမယ့် Line Walker 2 မှာ သရုပ်ဆောင်ရတဲ့ခံစားချက်တွေနဲ့ အတွေ့အကြုံတွေကိုမီဒီယာတွေနဲ့အင်တာဗျူးမှာပြောပြပေးသွားပါတယ်။

လင်းအောင်ခေတ်က လက်ရှိသရုပ်ဆောင်နေရတဲ့ ကာရိုက်တာနဲ့ အနေအထားကို ကိုယ်တိုင်တောင်သိပ်မသိသေးကြောင်း “ကျွန်တော်တို့တောင်သေချာမသိဘူး။ အခု ဒီ scenes ပြီးသွားရင်နောက်ဘယ်နေရာမှာရိုက်ရမလဲ ဘာလုပ်ရမလဲသေချာမသိဘူး။ ကျွန်တော်တို့ကိုအချိန်တောင်းထားတာ သုံးရက်တောင်းထားတာ။ ဒီပုံစံအတိုင်းဆိုရင် ပိုကြာရင်လည်းကြာသွားနိုင်တယ်”လို့ ပြောပြထားပါတယ်။

မြန်မာကားတွေနဲ့ကွာခြားပုံကိုလည်း လင်းအောင်ခေတ်က “သူတို့ကတော့အတိအကျပေါ့နော်။ အတိအကျအဲ့လိုမျိုး လူဖြတ်တာကအစ ဘာမှအမှားအယွင်းမခံဘူး။ အကုန်လုံး Detail ပေါ့။ ကင်မရာဖရိန် ကင်မရာချိန်တာကအစ တစ်ခုချင်းစီလိုက်လုပ်တာ” လို့ပြောပြထားပြီး သူတို့က ငွေအရမ်းသုံးသလို တန်အောင်လည်းခိုင်းကြောင်း “သူတို့က တန်ရာတန်ကြေးပေးတယ်။ တန်အောင်လည်းခိုင်းတယ်။ တကယ်ခိုင်းတာ။ တော်တော်ကိုခိုင်းတာ”လို့လည်းဖွင့်ဟထားပါတယ်။

ဟောင်ကောင်ဒါရိုက်တာတွေနဲ့တွေ့ရတဲ့အတွေ့အကြုံတွေကိုလည်း “အစကတော့ ကိုယ်က သူတို့ဈေးမဆစ်ဘူးပေါ့။ ဒီနေ့ကျမှသိတာ။ ဆံပင်တွေလည်း အညှပ်ခံလိုက်ရတယ်။ ကားပေါ်ကလည်းခုန်ချရတာတော်တော်များတယ်။ အခုမှအစပဲရှိသေးတယ်။ နောက်နေ့ကျရင် ကြိုးတွေနဲ့ခိုပြီးတော့သရုပ်ဆောင်ရမယ် တကယ့်ရဲအဝတ်အစားတွေနဲ့လည်းသရုပ်ဆောင်ရမယ်။ သရုပ်ဆောင်ရတာ ပျော်ပါတယ်”လို့ ရင်ဖွင့်ထားပြီး ရိုက်ရတာပင်ပန်းကြောင်း “သူတို့ကတော့ ပြောတယ်။ သာမန်ကားတွေထက်သုံးဆလောက်ပင်ပန်းမယ်တဲ့ ကျွန်တော်ထင်တာတော့ ဆယ်ဆလောက်ပိုပင်ပန်းတယ်”လို့ရယ်မောရင်းဖြေကြားထားပါတယ်။

ပရိသတ်ကြီးရော ပြစ်မျိုးမှဲ့မထင်အောင် ချောမောပြီးယောက်ျားပီသတဲ့ လင်းအောင်ခေတ်နဲ့ သဘာဝမင်းသားအောင်မြင့်မြတ်နဲ့ Line Walker 2 မှာ ဘယ်လိုအပြိုင်ကြဲကြမယ်ထင်လဲ။ နှစ်ယောက်စလုံးကိုရော အားပေးကြလား။ Line Walker 2 ရုံတင်ရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.