HD မရိုက်လို့ လမ်းခွဲမယ်ဆိုလည်း ခွဲပေါ့ ဆိုတဲ့ ဇာဇာထက်

HD မရိုက်လို့ လမ်းခွဲမယ်ဆိုလည်း ခွဲပေါ့ ဆိုတဲ့ ဇာဇာထက်

Sexy Model အဖြစ် နာမည်ကြီးတဲ့ ဇာဇာထက်ကိုတော့ ပုရိသတော်တော်များများ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ခန္ဓာကိုယ် ကောက်ကြောင်း တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်တဲ့ ဇာဇာထက်ကတော့ သူ့အနေနဲ့ ကိုယ့်ချစ်သူနဲ့ Sex Tape (HD) ရိုက်ဖို့ ကိစ္စကိုတော့ အပြင်းအထန် ကန့်ကွက်ထားပါတယ်။ အရမ်းချစ်ပြီး HD ရိုက်ပြီးခါကျမှ ပျက်သွားရင် ဒီလိုဗီဒီယိုတွေကို ပြန်ပြီး တင်တာကြောင့် အရှက်ကွဲရတာတွေ အမဲစက်တွေ ဖြစ်လာနိုင်တဲ့ အကြောင်းတွေကို ပြောကြားသွားခဲ့ပါတယ်။

The Radar နဲ့ အင်တာဗျူးမှာတော့ “တချို့ကျတော့ အရမ်းချစ်ကြတဲ့အချိန်မှာတော့ ချစ်ပြီးတော့ ရိုက်တာမျိုးတွေတော့ ရှိတာပေါ့နော်။ ဒါပေမယ့် ကံတရားဆိုတာ မမြင်ရဘူး။ အဆင်မပြေပဲ ပျက်သွားမယ်။ နောက်တယောက်ရမယ်။ ရတဲ့တယောက်က သူ့ထက်သာတဲ့သူ ဖြစ်နေမယ် ဆိုရင်တော့ ယောကျာ်းလေးဖက်ကတော့ စိတ်ဆိုးပြီးတော့ တင်တာပေါ့နော်။ တချို့ကျတော့လည်း မနာလိုလို့ ပျက်သွားအောင်ဆိုပြီးတင်တာပေါ့။ အကျင့်ယုတ်ပြီး လုပ်တာလည်း ရှိတယ်။ ဖုန်းချို့ယွင်းချက်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အလိုတူလို့ပဲရိုက်ရိုက် အလိုမတူလို့ပဲ ရိုက်ရိုက်ဒါတွေကတော့ သတိထားသင့်တယ်။ ဖေ့ဘုတ်ကြီးပေါ်လာတဲ့အချိန်မှာ အရာရာ အရမ်းကြောက်ဖို့ကောင်းတယ်။

ကိုယ်မလုပ်သော်ငြားလည်း သူများက ချောင်းရိုက်တာတို့ ဘာတို့က ရှိသေးတယ်။ တိုးတက်လာတဲ့အပေါ်မှာပေါ့နော်။ ကိုယ့်ချစ်သူမှ မဟုတ်ဘူး တခြားသူတွေကိုလည်း သတိထားသင့်တယ်။ ကိုယ့်ချစ်သူက ကိုယ့်ကို ချစ်ပြီး တန်ဖိုးထားလို့ မရိုက်ဘူးဆိုရင်တောင်မှ တခြားလူတယောက်က ချောက်တွန်းပြီး ကင်မရာကို တနေရာရာမှာ ထည့်ထားတာတို့ပေါ့။ လူတွေကလည်း ချစ်နေကြတဲ့အခါမှာတော့ ဘာမှမြင်မိမှာ မဟုတ်ဘူးလေ။ တချို့ကလည်း ချောင်းရိုက်ခံရလို့ ဖြစ်တာတွေပေါ့။ ကိုယ်ရိုက်ထားတယ်ဆိုရင်တော့ ဖုန်း Error တက်ရက် ဖျက်ထားပေါ့။ အကောင်းဆုံးကတော့ ဘယ်လောက်ချစ်ချစ် မရိုက်ထားတာ ကောင်းတာပေါ့။ နောက်ထပ် ရည်စားထားတော့လည်း လိပ်ပြာသန့်သန့်နဲ့လည်း တွဲရတယ်။ ကိုယ့်ဘဝမှာလည်း အမဲစက်ကြီးလည်း မရှိတော့ဘူးလေ။ ပြီးရင် မိန်းကလေးပဲ နစ်နာတာလေ”

“ယုံကြည်မှုကတော့ ကျွန်မကိုယ် ကျွန်မပဲ ယုံတယ်။ မိန်းမဆိုတဲ့ အမျိုးကတော့ ကိုယ့်ဖက်ကနေ စပြီးတော့ တင်မှာတော့ မဟုတ်ဘူးလေ။ အဲ့ကြောင့်မယုံဘူး။ ကိုယ်နောက်တယောက်တွဲလို့ သူတို့ထက်သာရင်တော့ လုပ်မှာပဲလေ။ သူတို့ကတော့ မလုပ်ဘူးလို့ပဲ ပြောမှာပဲလေ။ သူခိုးကတော့ ခိုးတယ်လို့ ဘယ်လိုပြောမှာလဲ။ ကိုယ်ကတော့ မယုံကြည်တဲ့အတွက် မလုပ်ဘူး မရိုက်ဘူး နိုးပဲ။ ဘယ်သူနဲ့ပဲ တွဲခဲ့တွဲခဲ့ မရိုက်ဘူး မလုပ်ဘူး။ သူတို့က ကိုယ့်ကို ယူမယ်ဆိုရင်တော့ တမျိုးပေါ့။ သူတို့နဲ့ မတွဲရင်တော့ ကိုယ်လည်း နောက်တယောက်တွဲမှာပဲလေ။ ဘာကိစ္စပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ယောကျာ်းလေးတော်တော်များများက လက်ခံနိုင်တယ်ဆိုတာ ခဲယှဉ်းပါတယ်”

“ရိုက်ရမှ အဆင်ပြေမယ်ဆိုလည်း မရိုက်ဘူး မတွဲဘူးပေါ့။ ယောကျာ်းက သူတယောက်ထဲရှိတာမှ မဟုတ်တာ။ မရိုက်ဘူးမလား လမ်းခွဲမယ်ဆိုလည်း လမ်းခွဲလိုက်မှာပေါ့။ အရိုက်မခံလို့ မတွဲဘူးဆိုတော့ သူက ကိုယ့်ကို ဘာကြောင့် ကြိုက်လဲဆိုတာ သိသာနေတယ်။ ဒီလို Sex ကိစ္စနဲ့ကိုယ့်ကို ကြိုက်ပြီး သူအရသာခံပြီး ပြန်ကြည့်ချင်လို့ တွဲတယ်လို့ပဲ ခံယူလိုက်တယ်။ One Go Two Come ပဲပေါ့။ ဆက်မတွဲတော့ဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.