Line Walker 2မှာဖြတ်လျှောက်တောင် ၁နာရီ ဒေါ်လာ ၃၀ ရတယ်ဆိုတဲ့ ဆွေဇင်ထိုက်

Line Walker 2မှာဖြတ်လျှောက်တောင် ၁နာရီ ဒေါ်လာ ၃၀ ရတယ်ဆိုတဲ့ ဆွေဇင်ထိုက်

တခေတ်တခါက နာမည်ကြီးခဲ့တဲ့ မင်းသမီးချော အကယ်ဒမီ ဆွေဇင်ထိုက်ကတော့ လက်ရှိမှာလည်း ရုပ်ရှင်တွေ မရိုက်တော့ပေမယ့်လည်း မြန်မာ့ရုပ်ရှင်လောကကိုတော့ တဖက်တလှမ်းကနေ ကူညီပေးနေတာတွေ တွေ့ရပါတယ်။ လက်ရှိမှာလည်း မြန်မာနိုင်ငံမှာ ပြည်ပက ရုပ်ရှင်တွေလာရောက် ရိုက်ကူးတာနဲ့ ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။ လက်ရှိလာရောက်ရိုက်ကူးနေတဲ့ Line Walker 2 ဇာတ်ကားနဲ့လည်း ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။

CeleYatkwat နဲ့ အင်တာဗျူးမှာတော့ ဆွေဇင်ထိုက်က Line Walker 2 အတွက် လူတွေ အများကြီး သုံးထားတဲ့ အပေါ်မှာတော့ “ဖြတ်လျှောက်လည်းပဲ တနာရီကို ဒေါ်လာ ၃၀ နဲ့ခေါ်ပါတယ်။ ဖြတ်လျှောက်အဆင့်တောင် ဒီလောက်ဆိုတော့ စဉ်းစားကြည့်လေ။ Line Walker 1 တုန်းကလည်း သူတို့ရုံတင်ထား ဒေါ်လာသန်း ၉၀ ရတယ်။ ဒီမှာလည်းပဲ သန်းနဲ့ချီပြီးတော့ လာသုံးပါတယ်။ ကားတွေလည်းပဲ ဖောက်ခွဲဖို့အတွက် ကားတွေလည်း ဝယ်ရတယ်။ ကားတွေကလည်း ၅ စီးဝယ်တာ သိန်း ၈၀၀ ကျတယ်။ တကယ်ဆို အစီး ၂၀ ဝယ်ရမှာလေ။ အဲ့ဟာကို သူများတွေက ကျွန်မကိုပြောတယ်။ အန်တီကားဖိုးနဲ့တင်ပဲ ကျွန်တော်တို့တိုင်းပြည်က ရုပ်ရှင်တွေ ရိုက်လို့ရတယ်ပေါ့။ ဒါကတော့ ပြည်တွင်ဈေးကွက်အတွက်ကတော့ ရင်းနှီးမြုပ်နှံသလောက် သူ့ဈေးကွက်နဲ့သူ လုပ်မှာပေါ့။ အပြည်ပြည်ဆိုင်ရာ သွားချင်ရင်တော့ သေသေချာချာ သုံးနိုင်ဖို့ လိုပါတယ်။ ဒီကားလေးကတော့ တံခါးတပေါက်ကို ဖွင့်ဖို့အတွက် သော့တံတချောင်းကို ဖန်တီးပေးနိုင်လိုက်တယ်လို့ ကျွန်မထင်ပါတယ်။ ဝမ်းသာပါတယ်”

Line Walker 2 လာရိုက်တာ နိုင်ငံအတွက် ဘယ်လိုအကျိုးဖြစ်စေလဲဆိုတဲ့ အပေါ်မှာတော့ “ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင်တော့ မြန်မာသိ သိတာနဲ့ ကွာနေတဲ့ ကွက်လပ်ကြီးရှိတယ်လေ။ အဲ့ကွက်လပ်ကို ဖြည့်ရမယ်။ အဲ့မှာ ချဉ်းကပ်နည်း ၃ နည်းရှိတယ်။ ပထမတနည်းကတော့ ၁၀၀ ရာခိုင်နှုန်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုထဲမှာ ကိုယ်တွေရဲ့ ရိုက်ကွင်းရိုက်ကွက်တွေ ပါသွားရမယ်။ အဲ့လိုလုပ်ပေးချင်းအားဖြင့် ကမ္ဘာ့ဈေးကွက်မှာ သတိထားမိလာမယ်။ ဒါကြောင့် ကမ္ဘာအနှံ့က လာရောက်ရိုက်ကူးကြမယ်။ နောက်တချက်ကတော့ နှစ်ဖက်လုံး ပိုက်ဆံထည့်ပြီးတော့ ရိုက်တဲ့ဟာကိုလည်း လုပ်ဖို့ ရှိပါတယ်။

နောက်တခုကတော့ ကျွန်မတို့ နိုင်ငံကပဲ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမယ် နိုင်ငံတကာက နည်းပညာရှင်တွေကို ခေါ်မယ်။ နိုင်ငံတကာဈေးကွက်ကို ဝင်နိုင်တဲ့ ပုံစံမျိုးနဲ့ရိုက်ပြီး နိုင်ငံတကာကို ဖြန့်နိုင်တဲ့ ဖြန့်ချီရေးသမားတွေနဲ့ ဖြန့်ရမှာ ဖြစ်ပါတယ်။ တကယ့်ပရော်ဖက်ရှင်နယ် ဖြန့်ချီရေးသမားတွေနဲ့ ဖြန့်နိုင်ဖို့ကတော့ နည်းနည်းလိုနေပါသေးတယ်။ ၂၀၂၅ လောက်ဆိုရင်တော့ ဖြစ်နိုင်လောက်မယ် ထင်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.