ချစ်သူနဲ့ပြတ်သွားပြီဆိုတဲ့ မိတ်ကပ်မထက်

ချစ်သူနဲ့ပြတ်သွားပြီဆိုတဲ့ မိတ်ကပ်မထက်

လူအများရဲ့စိတ်ဝင်စားမှုနဲ့ချစ်ခြင်းကိုရရှိထားတဲ့မိတ်ကပ် မထက်က သူရဲ့ချစ်သူများနေ့မှာ သူရခဲ့တဲ့ Surprise အကြောင်းကို Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားခဲ့ပါတယ်။သူပြောပြသွားတဲ့surpriseအကြောင်းကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိရအောင်လို့ပြန်ပြောပြ လိုက်ပါတယ်နော်။

Valentine’sခရီးသွားရင်းဖြတ်သန်းတယ်။Valentine’s မှာအရမ်းကြီး Surprise ရထားတယ်။ ဘာလဲဆိုတော့ ငါးနှစ်တာအစ်မရည်းစားနဲ့ ငါးနှစ်တာဖြတ်သန်းရမယ်ဆိုတဲ့အချိန်မှာ အစ်မရည်းစားကဘာပြောလာသလဲဆိုတော့ သူအိမ်ထောင်ပြုရတော့မလားမသိဘူးတဲ့ဆိုတော့ အစ်မအတွက်ကျအရမ်းဝမ်းနည်းခဲ့တယ် အစ်မငိုခဲ့ရတယ်။ အစ်မခရီးသွားနေရင်းနဲ့ အစ်မမထင်ထားဘူးပေါ့နော် ငါးနှစ်တာကနေ ခြောက်နှစ်ခုနှစ်နှစ်ထိကြာမယ်လို့ထင်ထားတဲ့ Relation တစ်ခုက ပြတ်သွားပြီထင်ပါတယ်။(ခေါင်းညိတ်လျက်) စိတ်ဆိုးစိတ်ကောက်စရာလည်းအစ်မနဲ့သူနဲ့ကြားမှာဘာမှမရှိဘူး။ ဒါပေမယ့် အခုချိန်ထိအစ်မတို့နှစ်ယောက်ကြားမှာ အဲ့ဒီစကားပြောပြီးကတည်းကအဆက်သွယ်သိပါမရှိတော့ဘူးဆိုတော့ကျလေ။အစ်မကအမြဲတမ်းအစ်မရည်းစားကိုပြောပါတယ် ။ ထားခဲ့တဲ့နေ့မှာနေတယ်။ သူအိမ်ထောင်ပြုရမယ် ။သူ့အိမ်ထောင်လေးနဲ့သာယာတာကို အစ်မလည်းလိုချင်ပါတယ် ။

အစ်မတသက်လုံးဆွဲမထားပါဘူးသူများသားသမီးကို။ဒါကတော့လေ သူလည်းအချိန်တန်လာပြီလေ။ ဘယ်တတ်နိုင်မလဲ အသက်အရွယ်လည်းရလာပြီလေ။အသက်တွေလည်းရလာပြီဆိုတော့အစ်မဒီပြဿနာကိုဖြေလည်းမဖြေရှင်းချင်ဘူးအဖြေလည်းမရှင်ချင်တော့ဘူး။ဘာလို့လဲဆိုတော့ အစ်မကလေးလည်းမမွေးပေးနိုင်ဘူးလေ။သူလည်းသူရင်သွေးဆိုတာလိုချင်မှာပေါ့ သူမိသားစုကလည်းလိုချင်မှာပေါ့ ။အစ်မ တို့ကမဖြစ်နိုင်တဲ့ဘဝကိုလျှောက်ခဲ့ကြတာဆိုတော့(ပခုံးတွန့်လျက်)ဖြစ်လာတဲ့ဘဝကိုပဲအစ်မခံယူလိုက်ပါ့မယ့်။ပြတ်သွားလို့တော့မသေးသွားပါဘူး။အချိန်ကတော့ ကုစားသွားမှာပေါ့နော်။ ဒါပေမယ့်ငါးနှစ်ဆိုတဲ့ အချိန်ကြီးကို အစ်မအရမ်းနှမြောတယ်။နဂိုတည်းကလည်းအစ်မသွားတွေးမိတယ် မဖြစ်နိုင်မှန်းသိရက်သားနဲ့ငါဘာလို့သွားကြိုက်ခဲ့တာလဲ ၊ ငါတို့ရှေ့ဆက်ကြတာလဲ ဆိုပြီးတော့တွေးတယ်။ရှေ့မဆက်ဘဲနဲ့နေနိုင်လားဆိုတော့ မနေနိုင်ဘူးလေ ဆိုတော့မတတ်နိုင်ဘူးလေ ဒါကတော့ တစ်နေ့ကြုံတွေ့လာရမှာသိပြီးသားဆိုတော့လက်ခံပါတယ်။

အသည်းကွဲနေတော့ဘာတွေလုပ်ဖြစ်နေလဲဆိုတဲ့ မေးခွန်းကိုလည်း “ အခုချိန်ထိတော့အသည်းကွဲသီချင်းတွေနားထောင်ရင်းနဲ့ပဲဖြတ်သန်းနေတယ်။ နောက်တစ်ယောက်ကိုလည်းအရမ်းလိုချင်နေတယ်။နောက်တစ်ယောက် ရသွားရင်တော့ နည်းနည်းသက်သာသွားမယ်ထင်တယ်။လောလောဆယ်တော့ခံစားနေရတယ်။အရမ်းပင်ပန်းတယ် ဒါကဒုတိယမြောက်အကြိမ်မြောက်ပေါ့(ရယ်လျက်)အစ်မကကိုယ့်ကိုယ်ကိုသတိပေးထားတာဆိုတော့အရမ်းကြီးမငိုရတော့ဘူးပေါ့။ ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.