သူနဲ့ကိုယ်နဲ့နေတာ ဘာသက်သေမှမလိုဘူးဆိုတဲ့ သင်းသင်း

သူနဲ့ကိုယ်နဲ့နေတာ ဘာသက်သေမှမလိုဘူးဆိုတဲ့ သင်းသင်း

ဝေဠုကျော်နဲ့ အမှုရင်ဆိုင်နေတဲ့ အလှမယ်သင်းသင်းဟာ ဒီနေ့ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ တတိယအကြိမ်မြောက်ရုံးချိန်းအဖြစ် စစ်ဆေးမှုပြုလုပ်ခဲ့တာသိရပါတယ်။ သင်းသင်းက ရုံးချိန်းကပြန်ထွက်လာပြီးနောက်မှာ အမှုသွားအမှုလာနဲ့သက်သေခံပစ္စည်းတွေအကြောင်းအပြင် စိတ်ခံစားချက်တွေကိုပါ မီဒီယာတွေနဲ့အင်တာဗျူးမှာဖြေကြားသွားခဲ့ပါတယ်။

သင်းသင်းက တရားလိုဘက်က သက်သေသိပ်မလိုလောက်ဘူးလို့ “အရမ်းမလိုဘူးထင်တယ်။ဘာလို့ဆို သူနဲ့ကိုယ်နဲ့ဖြစ်တဲ့ကိစ္စမှာ ကိုယ်နဲ့သူနဲ့အတူတူနေမယ့်ဟာကြီးကို ဟိုနားမှာဟိုပွဲရှိပါတယ် ဒီနားမှာဒီပွဲရှိပါတယ်ဆိုပြီး မီဒီယာတွေကိုဖိတ်လို့ရတဲ့ကိစ္စမဟုတ်ဘူးလေ။ အဲဒီအကြောင်းအရာက သူနဲ့ကိုယ်နဲ့ကြားမှာသက်သေမှမလိုတာ။ အဲတော့ သိပ်မလိုဘူးလို့ထင်တာပါပဲ”လို့ ဖြေထားခဲ့ပြီး မလိုဘူးဆိုပေမယ့် သက်သေတွေတော့ရှိကြောင်းလည်း ပြောထားခဲ့ပါတယ်။

သင်းသင်းရဲ့ ရှေ့နေ ရောဘတ်စန်းအောင်ကတော့ စစ်ဆေးမှုနဲ့ပတ်သက်ပြီး အဆင်ပြေကြောင်း “ထွက်ဆိုတဲ့အပိုင်းကတော့ ကောင်းပါတယ်။ မပြီးဆုံးသေးပါဘူး။ ကောင်းပါတယ်။ ပြည့်ပြည့်ဝဝထွက်ခွင့်ပြုတယ်။ မကျွင်းမကျန် မှတ်တမ်းတင်ပေးတယ်”လို့ ပြောထားသလို သက်သေခံတင်ခဲ့တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီး “ဖုန်းနဲ့ပြောထားတဲ့အသံဖိုင်တွေ သတင်းဌာနတွေမှာပြောထားတဲ့ အင်တာဗျူးတွေ သူတို့ချင်းပြောထားတဲ့အသံဖိုင်တွေ၊အဲဒါတွေကိုသက်သေခံသွင်းတယ်။ ပြင်ဆင်ချက်ဥပဒေအရ အဲဒါတွေကို သက်သေခံသွင်းလို့ရသွားပြီ”လို့ ပြောပြထားပါတယ်။

သင်းသင်းက ငွေမက်ရင်တရားစွဲစရာအကြောင်းတောင်မရှိဘူးလို့ “စပြီးတော့ အင်တာဗျူးတဲ့အချိန်တုန်းက ပရဟိတသမားတစ်ယောက်ရယ် နောက်ပြီးတော့ ဇာတ်မင်းသမီးတစ်ယောက်ရယ် ညီမကို လာညှိပါတယ်။ အဲဒီမှာ ငွေစကားပါလာတယ်။ ညီမအရမ်းဒေါသဖြစ်သွားတယ်။ အသိပညာရှိတဲ့လူတွေအားလုံးစဉ်းစားစေချင်ပါတယ်။ ငွေဆိုတဲ့စကားကိုပြောမယ်ဆိုရင် သူလည်းအရှက်မကွဲပါဘူး။ ညီမလည်းအရှက်မကွဲပါဘူး။ ဒီထိရောက်စရာအကြောင်းမရှိဘူး။ ငွေသာမက်လို့အညှိခံမယ်ဆိုရင် ဒီကိုရောက်စရာအကြောင်းမရှိဘူးလို့”ရင်ဖွင့်ပြောပြထားပါတယ်။

သင်းသင်းက လူတွေဝေဖန်နေကြတဲ့အပေါ်မှာ ခံစားချက်သိပ်မထားကြောင်း “ဝေဖန်မှုတွေကိုလည်း ဘာမှမပြောပါဘူး။ အဲဒါတွေသာလိုက်ခံစားနေရင် သေသွားလိမ့်မယ်။ Facebook ဆိုတာ သူများအတင်းသူများမကောင်းကြောင်းပြောဖို့ ဖွင့်ထားတာမဟုတ်ဘူးလို့အစ်မကထင်တာပဲ။ အနုပညာသမားချင်းပြန်သတ်တာတွေလည်းရှိပါတယ်။ ဒါကအစ်မအကြောင်းလေနော်သူများအကြောင်းမဟုတ်ဘူး။ ဝေဖန်မှုတွေကိုလိုက်ခံစားနေရင်သေသွားလိမ့်မယ်”လို့ ဖွင့်ဟထားပါတယ်။

့ပရိသတ်ကြီးရော အလှမယ်သင်းသင်းနဲ့ပရဟိတမင်းသားကြီးဝေဠုကျော်ရဲ့ကြားမှာ အမှန်တရားဟာ ဘယ်လိုပုံစံမျိုးနဲ့ရှိနေမယ်ထင်လဲ။ တဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာပြီလို့ထင်လား..။ဝေခွဲမရဖြစ်ဆဲပဲလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.